ဇွန်-၁၊ ၂၀၂၆။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မိုးကောင်းပြီး သစ်ပင်လဲပိလို့ ကား ၂စီး ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဇွန်လ ၁ ရက် မနက် ၉နာရီခန့်က မုံရွာမြို့မှာ မိုးသည်းပြီး သာစည်လမ်း၊ မီးပွိုင့်အနီးက သစ်ပင်ပြိုလဲတာကြောင့် ဖြတ်သန်းသွားလာတဲ့ ကား ၂စီးပိမိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
“ဟွန်ဒါဖစ်တစ်စီးနဲ့ လိုက်ထရပ်တစ်စီး ပိသွားတာ။ လိုက်ထရပ်က ပိုပျက်စီးတယ်။ လူထိခိုက်မှုမရှိဘူး”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

Public Service Announcement
ယခု ရက်တစ်ပတ်အတွင်း စစ်ကိုင်းတိုင်း အထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း၊ လေပြင်းတိုက်ခတ် ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနဲ့ ကမ်းပါးပြိုခြင်းတွေ ဖြစ်ပေါ် နိုင်လို့ အထူးသတိပြု နေထိုင်သင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူမှုရေးရာ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက သတိပေးထားပါတယ်။


















































