Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနား အင်အားဖြည့်တဲ့ယာဉ်အစီး ၂၀၀ခန့်ပါ စစ်တပ်ယာဉ်တန်း KIA တိုက်ခိုက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ကို အာဏာသိမ်းစစ်တပ်က ယာဉ်အစီးရေ ၂၀၀ ခန့်နဲ့ အင်အားဖြည့်တင်းလာလို့ ခုခံတိုက်ပွဲတွေရှိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ ဇွန် ၁ရက် မနက်မှာ ပြောပါတယ်။

(ကချင်ပြည်နယ်ကိုဝင်​ရောက်လာတဲ့စစ်တပ်ယာဥ်တန်းကို​မေလကုန်ပိုင်းမှာ​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

” အားလုံးဟန့်တားနိုင်တဲ့ အနေအထားတော့ မရဘူးပေါ့။ သူတို့လည်း တိုက်ပွဲဖြစ်ပြီးမှ ရုန်းကန်ပြီး ပြန်ထွက်လာတာဖြစ်ပါတယ်”

− ဗိုလ်မှူးကြီးနော်ဘူ

ဇွန်-၁၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ကို အာဏာသိမ်းစစ်တပ်က ယာဉ်အစီးရေ ၂၀၀ ခန့်နဲ့ အင်အားဖြည့်တင်းလာလို့ ခုခံတိုက်ပွဲတွေရှိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ ဇွန် ၁ရက် မနက်မှာ ပြောပါတယ်။

” ယာဉ်တန်းတွေကို တိုက်ခိုက်တာတော့ရှိပါတယ်။ နန့်စီးအောင်ဘက်မှာ လည်း တိုက်ခိုက်မှုတွေရှိပါတယ်။ ဒါပေမဲ့ အားလုံးဟန့်တားနိုင်တဲ့ အနေအထားတော့ မရဘူးပေါ့။ သူတို့လည်း တိုက်ပွဲဖြစ်ပြီးမှ ရုန်းကန်ပြီး ပြန်ထွက်လာတာဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မေလ ၃၁ရက်မှာ မန္တလေးမြို့ဘက်ကနေ မြစ်ကြီးနားမြို့ကို စစ်တပ်ယာဉ် အစီး ၂၀၀ ဝန်းကျင် ဝင်လာတဲ့ သတင်းနဲ့ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက အခုလို ရှင်းပြတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

” ဒီမော်တော်ယာဉ်တွေက အဓိက ဘာကို တင်တယ်ဆိုတာတော့ သေချာ ပြည့်ပြည့်စုံစုံတော့ သတင်းမကြားရသေးဘူး။ သူတို့ရဲ့ စစ်လက်နက်တွေလား ရိက္ခာတွေလား လူအင်အားတွေလား ဆိုတာ အသေးစိတ်တော့ မသိရသေးပါဘူး” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒါပေမဲ့ စစ်တပ်ဘက်က ယာဉ်တွေ ဝင်ရောက်လာတဲ့အပေါ် အချက် ၂ချက် သုံးသပ်မိကြောင်း ပြောပါတယ်။

(ကချင်ပြည်နယ်ကိုဝင်​ရောက်လာတဲ့စစ်တပ်ယာဥ်တန်းကို​မေလကုန်ပိုင်းမှာ​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

“ပထမကတော့ ကျနော်တို့ ကချင်ပြည်နယ်မှာ ကုန်းလမ်းဆက်သွယ်မှု လည်း အခက်အခဲတွေ အများကြီးရှိတဲ့အခါကျတော့ စားနပ်ရိက္ခာတွေ တခြားသော လိုအပ်တဲ့ဟာတွေ အခုကတည်းက ထောက်ပို့ထားတာလည်းဖြစ်နိုင်တာပေါ့။ မိုးတွင်းအတွက်ပေါ့လေနော်။ နောက်တခုကတော့ သူတို့ စစ်ဆင်ရေး ဖော်ဆောင်ဖို့ လိုအပ်တာတွေကို သူတို့ ပြင်ဆင်ထားတာလည်း ဖြစ်နိုင်တာပေါ့။ သူတို့ ရက် ၁၀၀ စီမံကိန်းထဲမှာ ကျနော်တို့ ကချင်ပြည်နယ် မြို့နယ် ၅ခုကို သူတို့ စစ်ဆင်ရေးလုပ်ဖို့ သူတို့ ပြောထားတာရှိတယ်လေ။ ဆိုတော့ အဲဒါအတွက် သူတို့ လိုအပ်တာတွေ ပြင်ဆင်ထားတာလည်းဖြစ်နိုင်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ ကြိုးပမ်းနေပြီး နေရာဒေသ အသီးသီးကို စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ အဲဒီလို ထိုးစစ်ဆင်ရာမှာ ကချင်ပြည်နယ်ဘက်ကိုလည်း စစ်အင်အားတွေ ဖြည့်တင်းတာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာတွေကြောင့်ရွှေကူမြို့နယ်ဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပါတယ်။

“ရွှေကူငါးအိုးဘက်မှာ တိုက်ပွဲရှိပါတယ်။ သူတို့ ထိုးစစ်ဆင်တာလည်း အခုထက်ထိ ပြန်ရုတ်တာမရှိသေးဘူး။ ဆိုတော့ အချိန်မရွေး နေ့တိုင်းလို တိုက်ပွဲတွေဖြစ်ပါတယ်။ တခြားနေရာမှာကတော့ ပြင်းပြင်းထန်ထန် တိုက်ပွဲရှိတာ အခုတပတ်ကတော့ မရှိဘူး” လို့ ဗိုလ်မှူးကြီးနော်ဘူက ကချင်ဒေသ လတ်တလော စစ်ရေး အခြေအနေကို ပြောပါတယ်။

စစ်တပ်က ရိက္ခာယာဉ်တန်းတွေ ဖြတ်သန်းသွားပါက ကားလမ်းတွေပိတ်ပြီး ရပ်တန့်ပေးရတာကြောင့် ကုန်တင်ယာဉ်တွေနဲ့ ခရီးသည်တင်ယာဉ်တွေဟာ သွားလာရေးအခက်တွေ့နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်ကို ၀င်လာတဲ့ အာဏာသိမ်းစစ်တပ်ယာဉ်တန်း အသေခံဒရုန်းတွေနဲ့ တိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ များနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်တို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ခလရ(၄၇)တပ်ရင်းဘက်ကို အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို KIA ပူးပေါင်းတပ်ကလည်း အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁) ကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်ဒေသက တံတားကို အာဏာသိမ်းစစ်တပ်က တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ ရည်ရွယ်ချက်ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ပြီး ဗန်းမော်မြို့ကို ထိန်းချုပ်လို၍ ဖြစ်နိုင်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။