Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနား အင်အားဖြည့်တဲ့ယာဉ်အစီး ၂၀၀ခန့်ပါ စစ်တပ်ယာဉ်တန်း KIA တိုက်ခိုက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ကို အာဏာသိမ်းစစ်တပ်က ယာဉ်အစီးရေ ၂၀၀ ခန့်နဲ့ အင်အားဖြည့်တင်းလာလို့ ခုခံတိုက်ပွဲတွေရှိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ ဇွန် ၁ရက် မနက်မှာ ပြောပါတယ်။

(ကချင်ပြည်နယ်ကိုဝင်​ရောက်လာတဲ့စစ်တပ်ယာဥ်တန်းကို​မေလကုန်ပိုင်းမှာ​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

” အားလုံးဟန့်တားနိုင်တဲ့ အနေအထားတော့ မရဘူးပေါ့။ သူတို့လည်း တိုက်ပွဲဖြစ်ပြီးမှ ရုန်းကန်ပြီး ပြန်ထွက်လာတာဖြစ်ပါတယ်”

− ဗိုလ်မှူးကြီးနော်ဘူ

ဇွန်-၁၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ကို အာဏာသိမ်းစစ်တပ်က ယာဉ်အစီးရေ ၂၀၀ ခန့်နဲ့ အင်အားဖြည့်တင်းလာလို့ ခုခံတိုက်ပွဲတွေရှိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ ဇွန် ၁ရက် မနက်မှာ ပြောပါတယ်။

” ယာဉ်တန်းတွေကို တိုက်ခိုက်တာတော့ရှိပါတယ်။ နန့်စီးအောင်ဘက်မှာ လည်း တိုက်ခိုက်မှုတွေရှိပါတယ်။ ဒါပေမဲ့ အားလုံးဟန့်တားနိုင်တဲ့ အနေအထားတော့ မရဘူးပေါ့။ သူတို့လည်း တိုက်ပွဲဖြစ်ပြီးမှ ရုန်းကန်ပြီး ပြန်ထွက်လာတာဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မေလ ၃၁ရက်မှာ မန္တလေးမြို့ဘက်ကနေ မြစ်ကြီးနားမြို့ကို စစ်တပ်ယာဉ် အစီး ၂၀၀ ဝန်းကျင် ဝင်လာတဲ့ သတင်းနဲ့ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက အခုလို ရှင်းပြတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

” ဒီမော်တော်ယာဉ်တွေက အဓိက ဘာကို တင်တယ်ဆိုတာတော့ သေချာ ပြည့်ပြည့်စုံစုံတော့ သတင်းမကြားရသေးဘူး။ သူတို့ရဲ့ စစ်လက်နက်တွေလား ရိက္ခာတွေလား လူအင်အားတွေလား ဆိုတာ အသေးစိတ်တော့ မသိရသေးပါဘူး” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒါပေမဲ့ စစ်တပ်ဘက်က ယာဉ်တွေ ဝင်ရောက်လာတဲ့အပေါ် အချက် ၂ချက် သုံးသပ်မိကြောင်း ပြောပါတယ်။

(ကချင်ပြည်နယ်ကိုဝင်​ရောက်လာတဲ့စစ်တပ်ယာဥ်တန်းကို​မေလကုန်ပိုင်းမှာ​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

“ပထမကတော့ ကျနော်တို့ ကချင်ပြည်နယ်မှာ ကုန်းလမ်းဆက်သွယ်မှု လည်း အခက်အခဲတွေ အများကြီးရှိတဲ့အခါကျတော့ စားနပ်ရိက္ခာတွေ တခြားသော လိုအပ်တဲ့ဟာတွေ အခုကတည်းက ထောက်ပို့ထားတာလည်းဖြစ်နိုင်တာပေါ့။ မိုးတွင်းအတွက်ပေါ့လေနော်။ နောက်တခုကတော့ သူတို့ စစ်ဆင်ရေး ဖော်ဆောင်ဖို့ လိုအပ်တာတွေကို သူတို့ ပြင်ဆင်ထားတာလည်း ဖြစ်နိုင်တာပေါ့။ သူတို့ ရက် ၁၀၀ စီမံကိန်းထဲမှာ ကျနော်တို့ ကချင်ပြည်နယ် မြို့နယ် ၅ခုကို သူတို့ စစ်ဆင်ရေးလုပ်ဖို့ သူတို့ ပြောထားတာရှိတယ်လေ။ ဆိုတော့ အဲဒါအတွက် သူတို့ လိုအပ်တာတွေ ပြင်ဆင်ထားတာလည်းဖြစ်နိုင်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ ကြိုးပမ်းနေပြီး နေရာဒေသ အသီးသီးကို စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ အဲဒီလို ထိုးစစ်ဆင်ရာမှာ ကချင်ပြည်နယ်ဘက်ကိုလည်း စစ်အင်အားတွေ ဖြည့်တင်းတာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာတွေကြောင့်ရွှေကူမြို့နယ်ဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပါတယ်။

“ရွှေကူငါးအိုးဘက်မှာ တိုက်ပွဲရှိပါတယ်။ သူတို့ ထိုးစစ်ဆင်တာလည်း အခုထက်ထိ ပြန်ရုတ်တာမရှိသေးဘူး။ ဆိုတော့ အချိန်မရွေး နေ့တိုင်းလို တိုက်ပွဲတွေဖြစ်ပါတယ်။ တခြားနေရာမှာကတော့ ပြင်းပြင်းထန်ထန် တိုက်ပွဲရှိတာ အခုတပတ်ကတော့ မရှိဘူး” လို့ ဗိုလ်မှူးကြီးနော်ဘူက ကချင်ဒေသ လတ်တလော စစ်ရေး အခြေအနေကို ပြောပါတယ်။

စစ်တပ်က ရိက္ခာယာဉ်တန်းတွေ ဖြတ်သန်းသွားပါက ကားလမ်းတွေပိတ်ပြီး ရပ်တန့်ပေးရတာကြောင့် ကုန်တင်ယာဉ်တွေနဲ့ ခရီးသည်တင်ယာဉ်တွေဟာ သွားလာရေးအခက်တွေ့နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

အထိနာတဲ့စစ်တပ်က ဗုံးကြဲလို့ ကောင်းတုံရွာနဲ့ စာ၀တီးရွာ မီးလောင်ပျက်စီး

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုတွေရှိသလို လက်နက်ချ အညံ့ခံတာတွေလည်းရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။