Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမှာ စစ်ကောင်စီတပ်သား ၁ဦး လက်နက်နဲ့ KNUထံ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - KNU-MTD

ဇွန် ၁၊ ၂၀၂၆။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

မြိတ်ထားဝယ်ခရိုင် တနင်္သာရီမြို့နယ်မှာ စစ်တပ်ရဲ့ ခလရ(၁၀၁) တပ်ရင်းက တပ်သား ၁ဦးဟာ ဇွန်လ ၁ရက်မှာ အလင်းဝင်လာတာလို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ MA 2 အမျိုးအစား လက်နက် ၁လက် ယူဆောင်လာကြောင်း အသိပေးထားသလို မှတ်တမ်းဓာတ်ပုံမှာ KNLA တပ်မှူးတစ်ဦးက အလင်းဝင်တပ်သားကို ဆုငွေပေးအပ်နေတာကိုလည်း တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ မေလကလည်း တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သားအချို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်ရောက်မှုရှိခဲ့ပါတယ်။

မေလ ၂၃ရက်ကလည်း တနင်္သာရီမြို့နယ်က ကမ္မလိုင်းရွာအခြေစိုက်၊ အမှတ် (၅၅၈) ခြေမြန်တပ်ရင်းမှာ မွမ်မံသင်တန်းတက်ရောက်နေတဲ့ စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သားသစ် ၆ ဦး တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၅) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင်၊ အမှတ် (၃) တပ်ရင်းထံ အလင်းဝင်ရောက်ခဲ့ပါတယ်။ အလင်းဝင်လာသူတွေဟာ အပတ်စဉ် (၂၂)စစ်သင်တန်းဆင်း သူတွေဖြစ်ပြီး လက်နက်မပါဘဲ အလင်းဝင်ရောက်လာကြတာလို့ မြိတ်ခရိုင် တပ်ရင်း(၃)က ထုတ်ပြန်ထားပါတယ်။

မတ်လ ၆ရက်ကလည်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းအနောက်ကမ်းရွာ အခြေစိုက် ခမရ(၅၆၁)တပ်ရင်းက တပ်သား ၂ဦး မြိတ်ခရိုင် တပ်ရင်း(၂)ထံ အလင်းဝင်ရောက်လာခဲ့ပါတယ်။ အဲဒီ တပ်သား ၂ဦး အပါအဝင် စစ်တပ်အာဏာသိမ်းမှု ၅နှစ်တာအတွင်း ခမရ( ၅၆၁)က စစ်ကောင်စီတပ်သား ၂၀ ကျော် PDF တွေဆီ အလင်းဝင်ရောက်ခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း(၂)က ထုတ်ပြန်ထားပါတယ်။

အလင်းဝင်လာသူ တပ်သားအများစုဟာ စစ်ကောင်စီ အဓမ္မ စစ်သား စုဆောင်းထားတဲ့ စစ်မှုထမ်း တပ်သားသစ်တွေဖြစ်ကြောင်း KNUက အသိပေးထားပြီး အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ စစ်ကောင်စီတပ်အတွင်းက တပ်သားတွေ KNUနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေဆီရရာနည်းနဲ့ အလင်းဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ