ဇွန် ၁၀၊ ၂၀၂၆။ဒလပန်း/People’s Spring
ပဲခူးတိုင်း၊ တောင်ငူမြို့ကိုအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖယ်ရှားခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့(ဇွန် ၁၀)မနက်အစောပိုင်းမှာတောင်ငူမြို့ ၁၇ရပ်ကွက်၊ကန်လမ်းအတက်က ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကို စစ်အုပ်စုက ဖယ်ရှားခဲ့တာလည်းဖြစ်ပါတယ်။
“ညကရှိသေးတယ်။ မနက်မှာမရှိတော့တာ။ဘယ်ရောက်သွားလဲတော့မသိဘူး “လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်မှာ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တောင်ငူမြို့ကို လာရောက်ခဲ့ပြီး ၄ ရက်အကြာမှာဗိုလ်ချုပ်အောင်ဆန်းရုပ်ထုဖယ်ရှားခံခဲ့ရတာလည်းဖြစ်ပါတယ်။
“၆ရက်နေ့ကမအလလာတယ်။သူ့ကျွန်သဘောက်ကောင်ရဲဝင်းဦးပါလာတယ်။သူ့မိန်းမ ကြူကြူလည်းပါတယ်။ဗိုလ်ချုပ်သမီးကို ဖမ်းထားပြီးဗိုလ်ချုပ်ကို သေချာမကြည့်ရဲလို့ ဖျက်ခိုင်းတာဖြစ်မယ်”လို့တောင်ငူမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
တောင်ငူမြို့ ၁၇ ရပ်ကွက်၊ ကန်လမ်းအတက်က ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကို ၁၀၁ နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ၂၀၁၆ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ဟာ အမြင့် ၁၅ပေရှိပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံအဖွဲ့အစည်းတွေဟာ နိုင်ငံတဝန်းက ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတချို့ကို ဖြိုချဖျက်ဆီးတာတွေ လုပ်လာခဲ့တာဖြစ်တယ်။
၂၀၂၅၊ ဩဂုတ်လ ၇ ရက်မှာလည်း ပဲခူးမြို့လယ်ခေါင်က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုကို စစ်တပ်က ဖယ်ရှားဖျက်ဆီးတာတွေလုပ်ဆောင်ခဲ့ပါတယ်။
ဇွန်လ ၆ရက်နေ့မှာအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် နဲ့ တပ်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ တောင်ငူမြို့ကို လာရောက်ခဲ့ပါတယ်။အဲ့ဒီနေ့ညနေပိုင်းမှာမင်းအောင်လှိုင်သွားမယ်လို့ သတင်းရတဲ့ တောင်ငူ မဆရ (၃) စစ်ဆေးရုံ နဲ့ ကေတုမတီလေဆိပ် ကို ၁၀၇ မမရှော့တိုက်ဒုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar -BWM အဖွဲ့ကပြောပါတယ်။


















































