Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းဖို့ပေါ်တာဆွဲခံထားရသူ ၇ဦး ရေဦးပကဖထံ ထွက်ပြေးလာ

စစ်မှုထမ်းဖို့အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူ ၇ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

(စစ်မှုထမ်းဖို့ စစ်တပ်ရဲ့ ခေါ်ဆောင်ခံရသူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)

ဇွန်-၁၇၊၂၀၂၆။စိုင်းနောင်/People’s Spring

စစ်မှုထမ်းဖို့အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူ ၇ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

စစ်မြေပြင်ကို လိုက်ဖူးတဲ့သူတချို့အပါအဝင် သက်လတ်ပိုင်းအမျိုးသား ၇ဦးဟာ တော်လှန်ရေးတပ်တွေထံ ချိတ်ဆက်ပြီး ထွက်ပြေးလာတာလို့ သိရပါတယ်။

” ၆ယောက်က ၁စု၊ ၁ယောက်က ၁စု ထွက်ပြေးလာတာပါ။ အိမ်‌ထောင်ရှိသူတချို့လည်း ပါတယ်။ သူတို့က သူတို့ဒေသကို ပြန်သွားလို့ မရတော့ဘူးဆိုတော့ လောလောဆယ် ကျတော်တို့ ထိန်းချုပ်ဒေသမှာပဲ အလုပ်အကိုင်ရှာပေးရမှာပေါ့”လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။။

Public Service Announcement

Public Service Announcement

ထွက်ပြေးလာသူတွေဟာ အသက် ၃၀ခန့်အရွယ်အမျိုးသားတွေဖြစ်ပါတယ်။ သူတို့ထဲမှာ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီရဲ့လဝကရုံးမှာ မှတ်ပုံတင်သွားလုပ်ရင်းစစ်မှုထမ်းစုဆောင်းခံရသူ၊ အိမ်မှာနေရင်းညဘက် ဝင်ဖမ်းပြီးစစ်သားစုဆောင်းခံရသူတွေပါတယ်လို့ သိရပါတယ်။

စစ်တပ်က စစ်မှုထမ်းဥပဒေကိုအသုံးပြုပြီး ဒေသပေါင်းစုံမှာ အတင်းအကျပ်စစ်သားစုဆောင်းတာတွေပြုလုပ်နေပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့နယ်တွေကို စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းအင်အားတွေအများအပြားသုံးပြီး စစ်ကြောင်းထိုးနေပါတယ်။

စစ်တပ်ဟာ စစ်မှုထမ်း အပတ်စဥ် (၂၆)ကို စတင်နေပြီဖြစ်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။