Connect with us

Hi, what are you looking for?

News

မြဝတီတွင် ညဖက်တာဝန်ချိန်မှလွဲ၍ ယူနီဖောင်းမဝတ်ရန်BGF စာထုတ်

အမြဲလိုလို ယူနီဖောင်းဝတ်ကာ မြို့တွင်း သွားလာနေသည့် BGF တပ်ဖွဲ့ဝင်များကို ယခုကဲ့သို့ ကန့်သတ်လိုက်ခြင်းသည် ပုံမှန်အခြေအနေမဟုတ်ဘဲ ထိန့်လန့်နေခြင်း ဖြစ်နိုင်သည်ဟု KNU/KNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

(နယ်စပ်တစ်​နေရာတွင် BGFတပ်ဖွဲ့ဝင်များ)

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)က ၎င်း၏တပ်ဖွဲ့ဝင်များအား ညဖက်တွင် တာဝန်ချိန်မှလွဲ၍ ယူနီဖောင်းမဝတ်ရန် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

မြဝတီမြို့နယ်အတွင်းရှိ BGF တပ်ရင်း၊တပ်နယ်၊ တပ်ဖွဲ့များအားလုံး ဒီဇင်ဘာ ၁၈ရက်မှစ၍ ညအချိန် တာဝန်မှအပ ယူနီဖောင်း(အပြည့်/တစ်ပိုင်း) လုံဝ ဝတ်ဆင်ခြင်းမပြုရန် BGF က ယနေ့(ဒီဇင်ဘာ ၁၈ရက်) တွင် တပ်ဖွဲ့တွင်း ညွှန်ကြားခြင်းဖြစ်သည်။

Public Service Announcement

အမြဲလိုလို ယူနီဖောင်းဝတ်ကာ မြို့တွင်း သွားလာနေသည့် BGF တပ်ဖွဲ့ဝင်များကို ယခုကဲ့သို့ ကန့်သတ်လိုက်ခြင်းသည် ပုံမှန်အခြေအနေမဟုတ်ဘဲ ထိန့်လန့်နေခြင်း ဖြစ်နိုင်သည်ဟု KNU/KNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြေပြင်တိုက်ပွဲဝင်နေသည့် KNU/KNLA တပ်ဖွဲ့ဝင်တစ်ဦးက ” BGF လည်း ကျီးလန့်စာစားဖြစ်နေပြီ။ သေမှာ ကြောက်နေပြီ”ဟု မှတ်ချက်ပြုသည်။

Public Service Announcement

Public Service Announcement

ဒေသခံတစ်ဦးကလည်း” BGFက ဘာသိက္ခာမှ မရှိဘူး။ လုပ်စားနေကြတာ။ အခုတော့ ကြောက်လန့်နေပြီထင်တယ်”ဟု ပြောသည်။

လတ်တလောဖြစ်ပွားနေသည့်လေးကေ့ကော်တိုက်ပွဲတွင် BGFက စစ်ကောင်စီဘက်က တိုက်ခိုက်နေသည်။ KNU က ဖမ်းမိထားသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲတွင် BGF တပ်ဖွဲ့ဝင်များလည်း ပါဝင်နေသည်။BGFခေါင်းဆောင်မှာစောချစ်သူဖြစ်ပြီး အကြမ်းဖက်စစ်တပ်​စေခိုင်းသည့်အတိုင်း ရပ်တည်ခြင်းအတွက် ကရင်လူမျိုးများအား သစ္စာဖောက်သူအဖြစ် ကရင်တိုင်းရင်းသားများက ပြစ်တင်ရှုတ်ချထားသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်ထားတဲ့အာဏာသိမ်းစစ်တပ်လက် အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) အမှတ် (၄) ရဲ့တပ်န​ယ်မှုး ဗိုလ်မှုးချုပ်စောမုတ်သုန် လူမြင်ကွင်းကနေ ပျောက်သွားတာ တစ်လနီးပါးရှိလာပြီလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျောက်ခက်ဒေသထဲကို ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့အကြားသဲဖြူချောင်းရွာအနီးမှာတိုက်ပွဲတွေဆက်ရှိနေပြီး အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Facebook