Connect with us

Hi, what are you looking for?

News

မြဝတီတွင် ညဖက်တာဝန်ချိန်မှလွဲ၍ ယူနီဖောင်းမဝတ်ရန်BGF စာထုတ်

အမြဲလိုလို ယူနီဖောင်းဝတ်ကာ မြို့တွင်း သွားလာနေသည့် BGF တပ်ဖွဲ့ဝင်များကို ယခုကဲ့သို့ ကန့်သတ်လိုက်ခြင်းသည် ပုံမှန်အခြေအနေမဟုတ်ဘဲ ထိန့်လန့်နေခြင်း ဖြစ်နိုင်သည်ဟု KNU/KNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

(နယ်စပ်တစ်​နေရာတွင် BGFတပ်ဖွဲ့ဝင်များ)

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)က ၎င်း၏တပ်ဖွဲ့ဝင်များအား ညဖက်တွင် တာဝန်ချိန်မှလွဲ၍ ယူနီဖောင်းမဝတ်ရန် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

မြဝတီမြို့နယ်အတွင်းရှိ BGF တပ်ရင်း၊တပ်နယ်၊ တပ်ဖွဲ့များအားလုံး ဒီဇင်ဘာ ၁၈ရက်မှစ၍ ညအချိန် တာဝန်မှအပ ယူနီဖောင်း(အပြည့်/တစ်ပိုင်း) လုံဝ ဝတ်ဆင်ခြင်းမပြုရန် BGF က ယနေ့(ဒီဇင်ဘာ ၁၈ရက်) တွင် တပ်ဖွဲ့တွင်း ညွှန်ကြားခြင်းဖြစ်သည်။

Public Service Announcement

အမြဲလိုလို ယူနီဖောင်းဝတ်ကာ မြို့တွင်း သွားလာနေသည့် BGF တပ်ဖွဲ့ဝင်များကို ယခုကဲ့သို့ ကန့်သတ်လိုက်ခြင်းသည် ပုံမှန်အခြေအနေမဟုတ်ဘဲ ထိန့်လန့်နေခြင်း ဖြစ်နိုင်သည်ဟု KNU/KNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြေပြင်တိုက်ပွဲဝင်နေသည့် KNU/KNLA တပ်ဖွဲ့ဝင်တစ်ဦးက ” BGF လည်း ကျီးလန့်စာစားဖြစ်နေပြီ။ သေမှာ ကြောက်နေပြီ”ဟု မှတ်ချက်ပြုသည်။

Public Service Announcement

Public Service Announcement

ဒေသခံတစ်ဦးကလည်း” BGFက ဘာသိက္ခာမှ မရှိဘူး။ လုပ်စားနေကြတာ။ အခုတော့ ကြောက်လန့်နေပြီထင်တယ်”ဟု ပြောသည်။

လတ်တလောဖြစ်ပွားနေသည့်လေးကေ့ကော်တိုက်ပွဲတွင် BGFက စစ်ကောင်စီဘက်က တိုက်ခိုက်နေသည်။ KNU က ဖမ်းမိထားသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲတွင် BGF တပ်ဖွဲ့ဝင်များလည်း ပါဝင်နေသည်။BGFခေါင်းဆောင်မှာစောချစ်သူဖြစ်ပြီး အကြမ်းဖက်စစ်တပ်​စေခိုင်းသည့်အတိုင်း ရပ်တည်ခြင်းအတွက် ကရင်လူမျိုးများအား သစ္စာဖောက်သူအဖြစ် ကရင်တိုင်းရင်းသားများက ပြစ်တင်ရှုတ်ချထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ရဲ့ ကတ်ပြားတွေပါရှိတဲ့ လှိုင်သာယာမြို့နယ်က လူမိုက်အဖွဲ့က ပြန်ပေးဆွဲမှုလုပ်ခဲ့လို့ ပစ်ခတ်ဖမ်းဆီးခဲ့တာမှာ တစ်ဦးကိုအ​သေဖမ်းမိတယ်လို့ကရင်နယ်ခြားစောင့်တပ်(BGF)က တာဝန်ရှိသူတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကျားဖြန့်နှိမ်နင်းရေးတရုတ်ရဲ့အထူးအဖွဲ့တစ်ခုဟာ မြဝတီမြို့ကိုရောက်နေတယ်လို့ သိရပါတယ်။

သတင်း

ဝေါလေဗျူဟာကုန်းတိုက်ပွဲထိုင်းစစ်တပ်ဂျန်မာဖွင့်ပေးထားဟုကရင်စစ်ရေးသတင်းရင်းမြစ်ပြော

သတင်း

ကရင်နယ်ခြားစောင့်တပ် (BGF) ရဲ့ ကွ​ယ်သူးအထူးတပ်ဖွဲ့သင်တန်းဖွင့်ပွဲကို ကရင်ပြည်နယ် ၊ ရွှေကုက္ကိုလ်မြိုင်ဒေသမှာ ဒီနေ့ (ဇွန်လ ၂၉ ရက်) စတင်ဖွင့်လှစ်လိုက်တယ်လို့ BGF နဲ့ နီးစပ်သူတွေထံကသိရပါတယ်။