Connect with us

Hi, what are you looking for?

News

ကင်းမရွာအတွက် ကိုရီးယားမှ လှူဒါန်းငွေ ကျပ်သိန်း ၁၈၀ကျော် NUGမှတစ်ဆင့် ချိတ်ဆက်လှူဒါန်း

စစ်ကောင်စီအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်ကို ဝန်ခံခြင်းမရှိသည့်အပြင် ရွာကို မီးရှိုသူများမှာ ဒေသခံများဖြစ်သည်ဟု လိမ်ညာပြီး သတင်းထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်များက ရွာလုံး ကျွတ်နီးပါးမီးရှို့ခဲ့သည့် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကင်းမရွာ အတွက် ကိုးရီးယားနိုင်ငံမှ လှူဒါန်းငွေ ကျပ် သိန်း ၁၈၀ ကျော်ကို မြေပြင် ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက် ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ ရွာမှ မီးဘေးသင့်ပြည်သူများအတွက် ကိုရီးယားနိုင်ငံ Civilian Fellowship for International Exchange မှ လှူဒါန်းငွေ ကျပ် ၁၈၂ သိန်း ၆သောင်းကို မြေပြင်ကယ်ဆယ်ရေးအဖွဲ့များထံ ဇွန်လ ၁၇ရက် ကချိတ်ဆက်စီမံဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဇွန်လ ၁၆ရက်တွင် ကင်းမရွာကို စစ်ကောင်စီလက်နက် ကိုင်များက ရွာလုံးကျွတ် မီးရှီု့ခဲ့ရာ အိမ်ခြေ ၂၀၀ ခန့် ဆုံးရှုံးပျက်စီးခဲ့သည့်အပြင် သက်ကြီးရွယ်အို ၂ဦးနှင့် အိမ်မွေးတိရိစ္ဆာန်များ အသက်ဆုံးရှုံးခဲ့ရသည်။ မီးဘေးသင့် ပြည်သူ ၁၀၀၀ ကျော် အခက်အခဲများ ကြုံတွေ့နေရသည်။

စစ်ကောင်စီအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်ကို ဝန်ခံခြင်းမရှိသည့်အပြင် ရွာကို မီးရှိုသူများမှာ ဒေသခံများဖြစ်သည်ဟု လိမ်ညာပြီး သတင်းထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။