Connect with us

Hi, what are you looking for?

News

ကင်းမရွာအတွက် ကိုရီးယားမှ လှူဒါန်းငွေ ကျပ်သိန်း ၁၈၀ကျော် NUGမှတစ်ဆင့် ချိတ်ဆက်လှူဒါန်း

စစ်ကောင်စီအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်ကို ဝန်ခံခြင်းမရှိသည့်အပြင် ရွာကို မီးရှိုသူများမှာ ဒေသခံများဖြစ်သည်ဟု လိမ်ညာပြီး သတင်းထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်များက ရွာလုံး ကျွတ်နီးပါးမီးရှို့ခဲ့သည့် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကင်းမရွာ အတွက် ကိုးရီးယားနိုင်ငံမှ လှူဒါန်းငွေ ကျပ် သိန်း ၁၈၀ ကျော်ကို မြေပြင် ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက် ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ ရွာမှ မီးဘေးသင့်ပြည်သူများအတွက် ကိုရီးယားနိုင်ငံ Civilian Fellowship for International Exchange မှ လှူဒါန်းငွေ ကျပ် ၁၈၂ သိန်း ၆သောင်းကို မြေပြင်ကယ်ဆယ်ရေးအဖွဲ့များထံ ဇွန်လ ၁၇ရက် ကချိတ်ဆက်စီမံဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဇွန်လ ၁၆ရက်တွင် ကင်းမရွာကို စစ်ကောင်စီလက်နက် ကိုင်များက ရွာလုံးကျွတ် မီးရှီု့ခဲ့ရာ အိမ်ခြေ ၂၀၀ ခန့် ဆုံးရှုံးပျက်စီးခဲ့သည့်အပြင် သက်ကြီးရွယ်အို ၂ဦးနှင့် အိမ်မွေးတိရိစ္ဆာန်များ အသက်ဆုံးရှုံးခဲ့ရသည်။ မီးဘေးသင့် ပြည်သူ ၁၀၀၀ ကျော် အခက်အခဲများ ကြုံတွေ့နေရသည်။

စစ်ကောင်စီအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်ကို ဝန်ခံခြင်းမရှိသည့်အပြင် ရွာကို မီးရှိုသူများမှာ ဒေသခံများဖြစ်သည်ဟု လိမ်ညာပြီး သတင်းထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရွေးကောက်ပွဲမှာ မဲမပေးဖို့ အပါအဝင် တားမြစ်ချက် ၈ချက်ကို ချင်းပြည်ကောင်စီ ထုတ်ပြန်

သတင်း

အရပ်သားတွေအပေါ် စစ်တပ်ရဲ့ ရက်စက်မှုအပေါ် နှုတ်ဆိတ်နေခြင်း အဆုံးသတ်ဖို့ ၊ နိုင်/ကျဉ်းအားလုံး လွှတ်မြောက်ရေးတောင်းဆိုဖို့ နိုင်ငံတကာကို တိုက်တွန်း

သတင်း

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံရောက် မြန်မာတွေက ချွန်းနန်မြို့မှာ ဒီနေ့(အောက်တိုဘာ ၁၉) နေ့လည်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ယာယီသမ္မတဒူဝါလရှီးလနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းတိ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယာယီသမ္မတနဲ့ KNUဗဟိုက ဒီကနေ့ စက်တင်ဘာ ၂၅ရက်ညပိုင်းမှာ သတင်းထုတ်ပြန် အသိပေးခဲ့ပါတယ်။