Connect with us

Hi, what are you looking for?

သတင်း

နှင်းဆီလှုပ်ရှားမှုမှာ တစ်ခဲနက်ပါဝင်ပေးခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း PMP ထုတ်ပြန်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း နဲ့ ဒီလှုပ်ရှားမှုကို အကြောင်းပြုကာ ပြည်သူတွေကို မတရားဖမ်းဆီးခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း People Movement Platform -Myanmar က အသိပေးထားပါတယ်။

(နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှု အခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ပြုလုပ်နေစဉ်။ ဓာတ်ပုံ - CJ)

ဇွန်-၂၂၊၂၀၂၆။သတိုး/People’s Spring

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း နဲ့ ဒီလှုပ်ရှားမှုကို အကြောင်းပြုကာ ပြည်သူတွေကို မတရားဖမ်းဆီးခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း People Movement Platform -Myanmar က အသိပေးထားပါတယ်။

“People Movement Platform-Myanmar အနေဖြင့် အရဲရင့်ဆုံးနှင့် စည်းလုံးညီညွတ်စွာ ပါဝင်ခဲ့ ကြသည့် ပြည်သူ တစ်ရပ်လုံးကို ငြိမ်းချမ်းသော၊ ဒီမိုကရေစီစနစ်အခြေပြုသော၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး တော်လှန်ရေးခရီးလမ်း၏ ဂုဏ်ယူဖွယ် မှတ်တိုင်တစ်ရပ်အဖြစ် လေးနက်စွာ အသိအမှတ်ပြု ဂုဏ်ပြုအပ်ပါသည်။” လို့ ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၉ ရက်မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုကို ပြည်တွင်း၊ပြည်ပက ပြည်သူတွေ ပါဝင်ဆင်နွဲခဲ့ကြတာဖြစ်ပြီး PMP ရဲ့ စာမျက်နှာကနေ လူထုလှုပ်ရှားမှုတွေကို ဖော်ပြပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“မြန်မာပြည်သူများသည် ဖိနှိပ်အုပ်ချုပ်မှု များ၏ ရှေ့မှောက်တွင် မိမိတို့၏ ကြံ့ခိုင်မှု၊ တော်လှန်ရေးစိတ်ဓာတ်နှင့် မယိမ်းမယိုင်သော ဆုံးဖြတ်ချက်တို့ကို မည်သည့် အခါမျှ လက်မလျှော့ခဲ့ကြပါ။ လူထုအပေါ် ရည်ရွယ်သည့် လေကြောင်းတိုက်ခိုက်မှုများ၊ မတရားဖမ်းဆီးမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ ခြိမ်းခြောက်ဖိအားပေးမှုများ နှင့် အခက်အခဲမျိုးစုံကို ရင်ဆိုင်ခဲ့ရသော်လည်း ဒီမိုကရေစီနှင့် တရားမျှတမှု အတွက် ၎င်းတို့၏ ရပ်တည်ချက်ကို တည်ကြည်ခိုင်မာစွာ ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သည်” လို့ PMP ကထုတ်ပြန်ထားပါတယ်။

ဒီလိုငြိမ်းချမ်းတဲ့ လူထုလှုပ်ရှားမှု နဲ့ပတ်သက်ပြီး စစ်တပ်က ရန်ကုန် ၊ မန္တလေး ၊ မုံရွာအပါအဝင် သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ပန်းရောင်းတာ ၊ ပန်းဝယ်တာ ၊ ပန်းပန်တာ ပြုလုပ်တဲ့ ပြည်သူတွေကို မတရားဖမ်းဆီးမှုပြုလုပ်တဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ PMP က ထုတ်ပြန်ထားပါတယ်။

“စစ်အုပ်စုသည် ၎င်းတို့၏ စစ်အာဏာသိမ်းမှုကို တရားဝင်မှုရရှိရန် “ငြိမ်းချမ်း‌ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်” ဟူသော စကားလုံးများကို တဖွဖွ ပြောဆိုနေသော်လည်း၊ လက်တွေ့တွင်မူ ပြည်သူတို့၏ အခြေခံလွတ်လပ်ခွင့်နှင့် နိုင်ငံရေးလှုပ်ရှားမှုများကို နည်းမျိုးစုံဖြင့် ရက်စက်စွာ ဖိနှိပ်ရန်သာ ကြိုးပမ်းနေကြောင်း ဤဖြစ်စဉ်များက ထပ်မံသက်သေပြနေသည်။” လို့ ထောက်ပြထားပါတယ်။

နှင်းဆီလှုပ်ရှားမှုဟာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ဖို့ ၊ စစ်တပ်က အဓမ္မပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေကို ချက်ချင်းဖျက်သိမ်းဖို့ နဲ့ လူထုအားလုံးအတွက် ဦးဝင်းမြင့်က သမ္မတ ၊ ဒေါ်အောင်ဆန်းစုကြည်က အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ အသိအမှတ်ပြုထားကြောင်းပြသချင်တာလို့ တော်လှန်‌ရေးအင်အားစုတွေက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook