Connect with us

Hi, what are you looking for?

သတင်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့‌ တွေ့ခွင့်မရခဲ့တဲ့ တိုက်ချီဒိုအတွက် နာကျင်နေတဲ့ ကင်မ်

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရလိုက်ပဲ သေဆုံးသွားခဲ့ရတဲ့ တိုက်ချီဒို ခွေးကလေးအတွက် နာကျင်ရတယ်လို့ သားဖြစ်သူကိုထိန်လင်း (ခ) ကင်မ်အဲရစ် က ရင်ဖွင့်ထားပါတယ်။

(တိုက်ချီဒိုနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အတူတွေ့ရစဉ်။ ဓာတ်ပုံ - Kim Aris - Htein Lin)

ဇွန်-၂၂၊၂၀၂၆။သတိုး/People’s Spring

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရလိုက်ပဲ သေဆုံးသွားခဲ့ရတဲ့ တိုက်ချီဒို ခွေးကလေးအတွက် နာကျင်ရတယ်လို့ သားဖြစ်သူကိုထိန်လင်း (ခ) ကင်မ်အဲရစ် က ရင်ဖွင့်ထားပါတယ်။

“Taichito က မေမေ့ရဲ့ အဖော်ဆိုတာထက် ပိုပါတယ်။ မေမေနဲ့ ခွဲခွာခဲ့ရခါနီး ခက်ခဲလွန်းတဲ့အချိန်မှာ ကျွန်တော် မေမေ့လက်ထဲ ထည့်ပေးနိုင်ခဲ့တဲ့ မေတ္တာတစ်စိတ်တစ်ပိုင်းပါ။ သူလည်း ကျွန်တော်လိုပဲ မေမေကို ဆုံးရှုံးခဲ့ရပါတယ်။ မေမေကို ဘယ်ကိုခေါ်သွားခဲ့တယ်ဆိုတာ သူမသိခဲ့ဘူး။ ကျွန်တော့် လိုပဲ သူ စောင့်နေခဲ့တယ်။” လို့ ကင်မ်က သူ့ခံစားချက်ကို ရေးသားထားပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးကလေး တိုက်ချီဒိုဟာ ဇွန်လ ၂၁ရက် ညဦးပိုင်း မှာ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ်(၅၄)သေဆုံးသွားတာပါ။

Public Service Announcement

Public Service Announcement

“ကျွန်တော်လိုပဲ သူလဲမေမေကို တစ်ခေါက်လောက် ပြန်တွေ့ချင်နေခဲ့တာပါ။အခုတော့ Taichito လည်း မရှိတော့ပါဘူး။ သူ မေမေကို နောက်ဆုံးတစ်ခေါက်တောင် ပြန်မတွေ့လိုက်ရဘူးဆိုတာ တွေးမိရင် ကျွန်တော် သိပ်နာကျင်ရပါတယ်။” လို့ ကင်မ်က ရင်ဖွင့်ထားတာပါ။

တိုက်ချီဒိုလေးကို ၂၀၁၀ နိုဝင်ဘာ ၂၇ရက်က ကိုထိန်လင်း မြန်မာပြည်ကို ခေတ္တရောက်ချိန် မိခင်အဖော်ပြုနိုင်ဖို့ မင်္ဂလာဈေးအနီး အိမ်မွေးတိရစ္ဆာန်ရောင်းဝယ်တဲ့ ဆိုင်တစ်ဆိုင်ကနေ ဝယ်ယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုက်ချီဒိုလေးကို မိသားစုဝင်တစ်ဦးလို ချစ်ခင်ပြီး ၂၀၂၁ နှစ်လယ်ပိုင်းလောက်အထိ ၁၁ နှစ်လောက် အတူ ရှိခဲ့တာပါ။

“ကျွန်တော်ကိုယ်တိုင်လည်း မေမေကို ဘယ်အချိန်မှာ ပြန်တွေ့ရမလဲ၊ ပြန်တွေ့ခွင့်တောင် ရပါ့မလားဆိုတာ မသိရသေးပါ။သူက မေမေကို စောင့်ခဲ့တယ်။ကျွန်တော်လည်း အခုထိ စောင့်နေတုန်းပါပဲ။မေမေ အသက်ရှင်နေတယ်ဆိုရင် မိသားစုကို တွေ့ခွင့်ပေးပါ။မေမေကို လွတ်မြောက်ခွင့်ပေးပါ။” လို့ ကင်မ်က‌ တောင်းဆိုထားပါတယ်။

မိခင်ဖြစ်သူ အသက်ရှင်ကြောင်း သက်သေပြဖို့ ဧပြီလကတည်းက ‌ကင်မ်ဦးဆောင်ပြီး Proof Of Life ကမ်ပိန်းကို ပြုလုပ်ကာ တောင်းဆိုနေပေမယ့် စစ်တပ်ဘက်ကတော့ အတည်ပြုတာမျိုး မရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”