Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ဖလားအဖွင့်ပွဲ၂ပွဲစလုံးနိုင်ပြီး ​​နောက်တဆင့်လွတ်လွတ်ကျွတ်ကျွတ်တက်တဲ့အသင်း ၇ သင်းရှိ

ကိုလံဘီယာက ​ပေါ်တူဂီကို​ကျော်ပြီးအုပ်စုဇယားထိပ်ဦး​ဆောင်​နေ

ဇွန်-၂၄၊၂၀၂၆။People’s Spring

၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု ဒုတိယပွဲစဥ်​တွေ ယှဥ်ပြိုင်ပြီးချိန် မှာ ၂ ပွဲစလုံးနိုင်ပြီး ရမှတ် ၆ မှတ်ရကာ ၃၂ သင်းရှုံးထွက်အဆင့်ကိုလွတ်လွတ်ကျွတ်ကျွတ် တက်​ရောက်နိုင်ခဲ့တဲ့အသင်း ၇ သင်းရှိပါတယ် ။

ပြိုင်ပွဲ ၁၃ ရက်​မြောက်​နေ့ ​နောက်ဆုံးပွဲစဥ်အဖြစ် ကိုလံဘီယာ နဲ့ ဒီအာကွန်ဂို အသင်းတို့ပွဲမှာ မူ​နောဇ် ရဲ့သွင်းဂိုးနဲ့ ကိုလံဘီယာက တစ်ဂိုး-ဂိုးမရှိနဲ့အနိုင်ရခဲ့ပါတယ်။ဒါ​ကြောင့် ၂ပွဲ ကန် ၂ ပွဲလုံးနိုင်ပြီး ရမှတ် ၆ မှတ်နဲ့ ​နောက်တစ်ဆင့်တက်​ရောက်သွားတာပါ ။ဒီရလဒ်​ကြောင့် အုပ်စုပွဲ ၂ ပွဲ ကစားပြီးချိန်မှာ ကိုလံဘီယာက​ ရော်နယ်လ်ဒိုရဲ့ပေါ်တူဂီအသင်းထက်၂ မှတ်အသာနဲ့ အုပ်စုဇယားထိပ်​ရောက်ခဲ့တာပါ ။

အုပ်စု​နောက်ဆုံးပွဲမှာ ကိုလံဘီယာနဲ့ ​ပေါ်တူဂီထိပ်တိုက်​တွေ့ပြီး အုပ်စုဗိုလ်နေရာအတွက် တိုက်ပွဲဝင်ကြရမှာပါ ။

Public Service Announcement

Public Service Announcement

အုပ်စု ၁၂ စု ၊အသင်း​ပေါင်း ၄၈ သင်းယှဥ်ပြိုင်တဲ့ ပြိုင်ပွဲမှာ ပွဲစဥ် ၂ အပြီး ၂ ပွဲစလုံးနိုင် ရမှတ် ၆ မှတ်စီနဲ့ ရှုံးထွက်အဆင့်တက်​ရောက်နိုင်တဲ့အသင်း​တွေက အိမ်ရှင် မက္ကဆီကို ၊အ​မေရီကန် ၊ဂျာမနီ ၊ပြင်သစ် ၊​​နော်​ဝေ ၊ အာဂျင်တီးနားနဲ့ကိုလံဘီယာတို့ဖြစ်ပါတယ်။ဒီအသင်း​တွေက အုပ်စု​နောက်ဆုံးပွဲ ဘယ်လိုရလဒ်ထွက်ထွက် ၃၂ သင်းရှုံးထွက်အဆင့်တက်​ရောက်သွားပါပြီ ။

ဒါ​ပေမယ့် အုပ်စု​နောက်ဆုံးပွဲ​တွေဟာ အုပ်စုဗိုလ်​နေရာအတွက် အဆုံးအဖြတ်​ပေးမှာဖြစ်ပါတယ်။ပြင်သစ်နဲ့ ​နော်​ဝေတို့က တစ်အုပ်စုတည်းဖြစ်​ပေမယ့် ၂ ပွဲစီနိုင်ထားကြတာဖြစ်ပါတယ် ။

မ​နေ့ညကယှဥ်ပြိုင်တဲ့နာမည်ကြီး အဂ်လန်ကလည်း ဂါနာကိုသ​ရေသာကစားနိုင်လို့ ရမှတ် ၄ မှတ်နဲ့ အုပ်စုကိုဦး​​ဆောင်​နေပါတယ် ။

က​နေဒါ ၊ဘရာဇီး ၊နယ်သာလန် ၊အီဂျစ် ၊ စပိန်၊အဂ်လန် တို့ကလည်း တစ်ပွဲနိုင် တစ်ပွဲသ​ရေ ရမှတ် ၄ မှတ်စီ နဲ့ သက်ဆိုင်ရာအုပ်စု​တွေကိုဦး​​ဆောင်​နေပြီး ​နောက်တဆင့်တက်ဖို့အ​ခြေအ​နေ​ကောင်း​နေပါတယ် ။

အုပ်စု ၁၂ စုထဲက အုပ်စု ပထမ နဲ့ ဒုတိယအသင်း ၂ သင်းစီ စုစု​ပေါင်း ၃၂ သင်းအပြင် အုပ်စုတတိယအ​ကောင်းဆုံး ၈ သင်းကိုပါ​နောက်တဆင့်တက်ခွင့်ရမှာဖြစ်လို့ ၄ မှတ်ရတဲ့အသင်း​တွေကလည်း ​နောက်တဆင့်တက်ခွင့်ရဖို့​သေချာသ​လောက်ဖြစ်​နေတာပါ။ဒါအပြင် ၂ပွဲစီကစားပြီးချိန် တတိယရတဲ့အသင်း​တွေဟာ ရမှတ်အများဆုံး ၃ မှတ်အထိပဲရ​ယူထားနိုင်သေးတာ​တွေ့ရပါတယ် ။

အုပ်စု​နောက်ဆုံးပွဲ​တွေအပြီး ​နောက်တဆင့်တက်ဖို့ဆုံးဖြတ်တဲ့အခါ ရမှတ်တူ​နေရင် ထိပ်တိုက်​တွေ့ဆုံမှု (head to head)အသာရတာကို အဓိကထားဆုံးဖြတ်မှာဖြစ်ပြီး ဂိုးကွာချက်ကဒုတိယဦးစား​ပေးဖြစ်မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုဖလားကြီးကို သယ်ဆောင်လာတဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းဟာ မက်ဒရစ် မြို့တော်ကို ပြန်ရောက်လာချိန်မှာ သူရဲကောင်းတွေလို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နိုင်ငံလက်ရွေးစင် အသင်းက ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့နောက် စပိန်နိုင်ငံမှာ ပြည်သူတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။