Connect with us

Hi, what are you looking for?

သတင်း

အမရပူရမှာစာသင်ကျောင်းအနီးဓားထိုးမှုဖြစ်ပြီးကျောင်းသားသေဆုံး

မန္တလေး၊အမရပူရမြို့နယ်၊ ယဉ်တော်စံရွာရှိအခြေခံပညာမူလွန်ကျောင်း ရှေ့မှာမနေ့( ဇွန်လ ၂၃ ရက်)ကကျောင်းသားအချင်းချင်းစကားများရန်ဖြစ်ရာကဓားထိုးမှုဖြစ်ပြီး ကျောင်းသားတစ်ဦးသေဆုံးသွားတယ်လို့ လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

ဇွန် – ၂၄ ၊၂၀၂၆ /People’s Spring

မန္တလေး၊အမရပူရမြို့နယ်၊ ယဉ်တော်စံရွာရှိအခြေခံပညာမူလွန်ကျောင်း ရှေ့မှာမနေ့( ဇွန်လ ၂၃ ရက်)ကကျောင်းသားအချင်းချင်းစကားများရန်ဖြစ်ရာကဓားထိုးမှုဖြစ်ပြီး ကျောင်းသားတစ်ဦးသေဆုံးသွားတယ်လို့ လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

မနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာဖြစ်ပွားတဲ့အဲဒီမှုခင်းဖြစ်စဉ်မှာအသက် ၁၅ နှစ်အရွယ် Grade – 6 ကျောင်းသားဓားနဲ့ထိုးခံရပြီး သေဆုံးခဲ့ရတာပါ။

လည်ပင်းကိုဓားထိုးခံရတာဖြစ်ပြီးဓားနဲ့ထိုးသူကလည်းအသက် ၁၄ နှစ်အရွ​ယ်မောင်မောင်တိုးဆိုသူ ကျောင်းသားဖြစ်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဆေးရုံပို့နေတဲ့အချိန်လမ်းမှာတင်ဆုံးသွားပါတယ်” လို့လူမူကူညီရေး လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

ဓားနဲ့ ထိုးတဲ့ဆယ်ကျော်သက်အရွယ်ကျောင်းသားဟာအမရပူရမြို့နယ်၊ ယဉ်တော်စံကျေးရွာမှာနေထိုင်သူဖြစ်ပြီး အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထဲ ရေးဝန်ကြီးဌာနလက်အောက်ခံ ရဲတပ်ဖွဲ့ ကဖမ်းဆီးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ဓားထိုးမှုတစ်ခု ဖြစ်ပွားပြီး လူ ၅ ဦး ဒဏ်ရာရသွားခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ အထ.က (၁)မှာ ကျောင်းသားတွေကို ကတုံးဆံထောက်ပုံစံညှပ်ထားမှသာ ကျောင်းအပ်လက်ခံမယ်ဆိုလို့ကျောင်းသားနဲ့မိဘတွေ အခက်တွေ့နေကြပါတယ်။