Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရက် ၁၀၀၀ နီးပါး ကြာပြီးမှ ဘရာဇီးအတွက် ပြန်ကစားပေးနိုင်ခဲ့တဲ့ နေမာကို ပရိသတ်တွေ ကြိုဆို

ဘရာဇီး ဘောလုံး ပရိသတ်တွေရဲ့ အချစ်တော် ဝါရင့် တိုက်စစ်မှူးကြီး နေမာ ဂျူနီယာဟာ ကမ္ဘာ့ဖလား ပွဲစဉ်တစ်ခုမှာ ပါဝင်ကစားပြီး နိုင်ငံလက်ရွေးစင် အသင်းနဲ့ ရက်ပေါင်း ၁၀၀၀ နီးပါး ကင်းကွာနေမှုကို အဆုံးသတ်ခဲ့ပါတယ်။

ဓာတ်ပုံ - AP

ဘရာဇီး ဘောလုံး ပရိသတ်တွေရဲ့ အချစ်တော် ဝါရင့် တိုက်စစ်မှူးကြီး နေမာ ဂျူနီယာဟာ ကမ္ဘာ့ဖလား ပွဲစဉ်တစ်ခုမှာ ပါဝင်ကစားပြီး နိုင်ငံလက်ရွေးစင် အသင်းနဲ့ ရက်ပေါင်း ၁၀၀၀ နီးပါး ကင်းကွာနေမှုကို အဆုံးသတ်ခဲ့ပါတယ်။

ဘရာဇီးက စကော့တလန်ကို သုံးဂိုး-ဂိုးမရှိနဲ့ သက်တောင့်သက်သာ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ်မှာ အသက် ၃၄ နှစ်အရွယ် နေမာဟာ မိနစ် ၂၀ လောက် လူစားဝင် ကစားသွားခဲ့ပါတယ်။ ဒါဟာ ၂၀၂၃ ခုနှစ် နောက်ပိုင်း သူ့ရဲ့ ပထမဆုံးအကြိမ် နိုင်ငံလက်ရွေးစင် အသင်းအတွက် ကိုယ်စားပြုမှုလည်း ဖြစ်လာပါတယ်။

အတိအကျ ပြောရရင် နေမာဟာ စကော့တလန်နဲ့ ပွဲမှာ ဝင်မကစားခင်အထိ ဘရာဇီး လက်ရွေးစင် အသင်းနဲ့ ၉၈၁ ရက် ကင်းကွာနေခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ဘရာဇီး အသင်းမန်နေဂျာ ကာလို အန်ဆလော့တီက ကမ္ဘာ့ဖလား လူစာရင်းထဲ ခေါ်ဆောင်လာခဲ့ပေမယ့်လည်း ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် မော်ရိုကို၊ ဟေတီတို့နဲ့ အုပ်စုအဖွင့် ပွဲစဉ်တွေကို လွဲချော်ခဲ့ပါတယ်။

နေမာဟာ မျိုးဆက်တစ်ခုအတွင်း အတောက်ပဆုံး ကြယ်တစ်ပွင့်အဖြစ် ကမ္ဘာ့ဘောလုံး ပရိသတ်တွေရဲ့ အကြီးအကျယ် မျှော်လင့်မှုကို ခံခဲ့ရပေမယ့်လည်း ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတာ၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့က ဘောလုံးလောကကို ကြီးစိုးထားတဲ့ ကာလတစ်ခုနဲ့ ကြုံကြိုက်ခဲ့ရတာတွေကြောင့်တော့ သူ့ရဲ့ ဘောလုံးသမားဘဝ တစ်ဦးချင်း စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အောင်မြင်မှုတွေဟာ မျှော်မှန်းထားသလောက် မခမ်းနားခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ သူဟာ ဘရာဇီးမှာ ပရိသတ်တွေ အချစ်ဆုံး ဘောလုံးသမား တစ်ဦးအဖြစ် ဆက်လက် ရပ်တည်နေသလို စကော့တလန်နဲ့ပွဲမှာ ကွင်းထဲမဝင်ခင် သွေးပူလေ့ကျင့်ခန်း လုပ်နေကတည်းက မီယာမီမြို့ထဲက အားကစားကွင်းကြီးရဲ့ ပွဲကြည့်စင်ပေါ်ကနေ ပရိသတ်တွေက သူ့နာမည်ကို အော်ဟစ် အားပေးနေခဲ့ပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာတော့ နေမာဟာ အခုပွဲမှာ အနိုင်ဂိုးတစ်ဂိုး သွင်းယူထားသူ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မက်သီးရက်စ် ကွန်ညာအစား လူစားလဲ ဝင်ရောက် ကစားခဲ့ပြီး ဘရာဇီး ပရိသတ်တွေက မတ်တပ်ရပ် လက်ခုပ်တီး ဩဘာပေးခဲ့ကြပါတယ်။

ဘောလုံးကို လှပညက်ညောပြီး ကျွမ်းကျင်မှု အပြည့်နဲ့ ကစားတတ်တဲ့ ပါရမီရှင် တစ်ဦးဖြစ်တဲ့ နေမာဟာ လက်ရွေးစင် အသင်းမှာ ဂိုးအများဆုံး သွင်းယူထားသူလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၁၀ ပြည့်နှစ်မှာ ဘရာဇီးအတွက် စတင်ပွဲထွက်ခဲ့ပြီး ၁၂၉ ပွဲကစား၊ ၇၉ ဂိုး သွင်းယူထားပါတယ်။ ဘရာဇီး ဘောလုံးသမိုင်းရဲ့ အကြီးမြတ်ဆုံး ဘောလုံးကြယ်ပွင့်ကြီးအဖြစ် သတ်မှတ်ခံရသူ ပီလီကတော့ ၇၇ ဂိုး သွင်းယူခဲ့ပါတယ်။

ဘရာဇီးဟာ ကမ္ဘာ့ဖလားကို ၅ ကြိမ် ဗိုလ်စွဲခဲ့ဖူးပြီး ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။ အခုနှစ်မှာလည်း ဆုဖလားကြီးကို ဆဋ္ဌမအကြိမ် ကိုင်မြှောက်ဖို့ ဘရာဇီး အသင်းရဲ့ မျှော်လင့်ချက်မှာ နေမာက ပါဝင်ကူညီပေးဖို့ ပရိသတ်တွေက မျှော်လင့်နေပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဘရာဇီးဟာ အုပ်စုပွဲစဉ် ၃ ပွဲလုံး ကစားပြီးချိန်မှာ မော်ရိုကိုနဲ့ ရမှတ်တူ ၇ မှတ် ဖြစ်ခဲ့ပေမယ့် ဂိုးကွာခြားချက်အရ အုပ်စုဗိုလ် နေရာကို ရရှိပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ဘရာဇီး အသင်းရဲ့ ၁၂ ကြိမ်ဆက်တိုက် အုပ်စုကနေ ကျွတ်လွတ်ခြင်းလည်း ဖြစ်လာခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒီနေ့ မနက်မစောပိုင်းက ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု-A၊ B နဲ့ C တို့ အုပ်စုနောက်ဆုံးပွဲစဉ်တွေ ယှဉ်ပြိုင်ကစားခဲ့ကြရာ အိမ်ရှင်နိုင်ငံတွေဖြစ်တဲ့ မက္ကဆီကို၊ ကနေဒါတို့ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အုပ်စု A ရဲ့ အုပ်စုဗိုလ်အဖြစ် မက္ကဆီကို၊ ဒုတိယနေရာက တောင်အာဖရိက၊ အုပ်စု B...

သတင်း

ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ထုတ်လွှင့်ခွင့်ရရှိထားတဲ့ စစ်တပ်ပိုင် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Mytel က အွန်လိုင်းကနေ ကမ္ဘာ့ဖလားပွဲစဉ်တွေ ထုတ်လွှင့်ပြသတာမျိုးတွေရှိရင် တည်ဆဲဥပဒေတွေအပါအဝင် နိုင်ငံတကာဥပ‌ဒေတွေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

နိုင်ငံတကာ

၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု ဒုတိယပွဲစဥ်​တွေ ယှဥ်ပြိုင်ပြီးချိန် အုပ်စု ၁၂ စုရဲ့ အုပ်စုတွင်းရပ်တည်မှု အ​ခြေအ​နေဖြစ်ပါတယ်။

နိုင်ငံတကာ

ကိုလံဘီယာက ​ပေါ်တူဂီကို​ကျော်ပြီးအုပ်စုဇယားထိပ်ဦး​ဆောင်​နေ