Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအင်အားစုကြား ပဋိပက္ခ စစ်ရေးနဲ့မဖြေရှင်းဖို့ ကျောင်းသားသမဂ္ဂတွေ သတိပေး

တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့သာဖြေရှင်းဖို့ စစ်ရေးနည်းနဲ့ မဖြေရှင်းဖို့ ကျောင်းသားသမဂ္ဂ အင်အားစုတွေက ဒီကနေ့ ဇွန် ၂၇ရက်မှာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ဇွန် ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့သာဖြေရှင်းဖို့ စစ်ရေးနည်းနဲ့ မဖြေရှင်းဖို့ ကျောင်းသားသမဂ္ဂ အင်အားစုတွေက ဒီကနေ့ ဇွန် ၂၇ရက်မှာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ကရင်နီပြည်ကျောင်းသားများသမဂ္ဂ၊ သျှမ်း(ရှမ်း) ကျောင်းသားသမဂ္ဂ၊ သင်ကြာရေးအတတ်ပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ -မြန်မာ့နွေဦးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ဖယ်ခုံမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂတို့စုပေါင်းပြီး နိုင်ငံရေးပဋိပက္ခများအပေါ်သဘောထားထုတ်ပြန်ခဲ့တာပါ။

တော်လှန်ရေးကာလ (၅)နှစ်ကျော်ကိုဖြတ်သန်းခဲ့ပြီးအချိန်မှာ တော်လှန်ရေးအဖွဲ့စည်းများကြား ပဋိပက္ခတွေ ပိုပြင်းထန်လာတာ တွေ့ရကြောင်း ဖော်ပြထားပြီး တော်လှန်ရေးအင်အားစုများအချင်းချင်းကြား အင်အားသုံး ဖြေရှင်းတဲ့ လက်နက်ကိုင် ပဋိပက္ခအဆင့်ထိ မြင့်တက်လာ နေခြင်းဟာ မဖြစ်သင့် ဟု ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

“တော်လှန်ရေးအစုအဖွဲ့များ၏ ဘုံရန်သူကား စစ်(၃)စစ်ကို ထောက်တိုင်ပြုထားသည့် စစ်အာဏာရှင် အစိုးရသာဖြစ်သည်။စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေသည့် တော်လှန်ရေး အင်အားစုများအနေဖြင့် သွေးစည်းညီညွတ်ရန် အရေးတကြီး လိုအပ်နေသောအချိန်တွင် အင်အားကြီးသူက အင်အားနည်းသူအပေါ် (သို့မဟုတ်) လက်နက်ရှိသူက လက်နက်မဲ့သူ အပေါ် အနိုင်ကျင့်ဗိုလ်ကျလွှမ်းမိုးသည့် လုပ်ရပ်များကို ကျွန်ုပ်တို့အနေဖြင့် ကန့်ကွက် ရှုံ့ချကြောင်း အတိအလင်း ပြောကြားလိုပါသည်။ တော်လှန်ရေးအင်အားစုများကြား ဖြစ်ပေါ်လာသော ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေကြောင်းကို သတိချပ်သင့်သည်” လို့ ကျောင်းသားသမဂ္ဂ အင်အားစုတွေက ထုတ်ပြန်ပါတယ်။

လက်ရှိမှာ လူထုဟာ အာဏာသိမ်းစစ်တပ်ရဲ့ ယုတ်မာရက်စက်မှုတွေ ရင်ဆိုင်နေရပြီး သူတို့ ယုံကြည်ကိုးစားတဲ့ တော်လှန်ရေး အဖွဲ့အစည်းချင်းကြား ပြဿနာများကိုပါ လက်နက်ကိုင် အင်အားသုံး ဖြေရှင်းမည်ဆိုပါက လူထုဘဝအခြေအနေမှာ လက်ရှိထက် ပျက်စီးစရာ မရှိတော့ပြီဟုလည်း ဖော်ပြထားပါတယ်။

ဒါကြောင့် နိုင်ငံရေးအရ ညီညွတ်သော တပ်ပေါင်းစု တရပ်ပေါ်ပေါက်လာရေးနဲ့အတူ တော်လှန်ရေး အောင်မြင်စေရေးအတွက် တော်လှန်ရေးအင်အားစုများကြား နိုင်ငံရေး၊အုပ်ချုပ်ရေး၊တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကို စစ်အင်အားသုံး မဖြေရှင်းဘဲ ၊ နိုင်ငံရေး စားပွဲဝိုင်းပေါ်တွင်သာအဖြေရှာကြရန် အပါအဝင် အချက် ၃ချက်ကို ကျောင်းသားသမဂ္ဂ အင်အားစုတွေက တော်လှန်ရေးအင်အားစုတွေကို တိုက်တွန်းတောင်းဆိုထားပါတယ်။

ကျောင်းသားသမဂ္ဂ အင်အားစုတွေရဲ့ တောင်းဆိုချက်ထဲမှာ တော်လှန်ရေးအင်အားစုများကြား တပေါင်းတစည်းထဲဖြစ်ရေးကို နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာပြီး စစ်အင်အားပြ လွှမ်းမိုးခြယ်လှယ်ခြင်းကိုမပြုလုပ်ရန်ဖို့၊ မိတ်ဖက်အဖွဲ့ အစည်းများကြား ပြဿနာအရပ်ကို အင်အားသုံးလက်နက်ကိုင် ဖြေရှင်းနည်းကို မကျင့်သုံးဖို့ အာမခံနိုင်တဲ့ မူဝါဒများ ချမှတ်အကောင်အထည်ဖော်ဖို့ အချက်လည်း ပါဝင်ပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ပွဲဝင်နိုင်ရေးတွင် အဖိနှိပ်ခံ ပြည်သူလူထုတရပ်လုံး ပါဝင်တဲ့ နိုင်ငံရေးအရ တန်းတူညီမျှမှုရှိသော၊ အပြန်အလှန်လေးစားမှုရှိသော၊ အပြန်အလှန်ရိုင်းပင်း ကူညီမှုရှိသော တပ်ပေါင်းစုတရပ်ကို လူထုအကျိုးစီးပွားအပေါ်အခြေခံ၍ စုစည်းတည်ဆောက်ကြဖို့ လည်း တိုက်တွန်းတောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

အတွေးအမြင်

ကမ္ဘာကြီးက စစ်ပွဲတွေကို အမြဲတမ်း တူညီတဲ့မျက်လုံးနဲ့ မကြည့်တတ်ပါဘူး။ တချို့သော ပဋိပက္ခတွေဟာ ကမ္ဘာ့မီဒီယာတွေရဲ့ အာရုံစိုက်မှု၊ နိုင်ငံတကာရဲ့ သံတမန်ရေးဖိအားနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အလျင်အမြန် ရရှိကြပေမယ့် တချို့ကတော့ နှစ်ပေါင်းများစွာ လူသားဆုံးရှုံးမှုတွေနဲ့အတူ ဆက်လက်ဖြစ်ပွားနေသော်လည်း တိတ်တဆိတ် မေ့လျော့ခံနေရတတ်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဝန်းသိုမြို့နယ်အခြေစိုက်တပ်ရင်းတွေကို အင်အားဖြည့်ပြီးကျေးရွာတွေကို စစ်ကြောင်းထိုဖို့ပြင်ဆင်​နေတဲ့အတွက် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။

Facebook