Connect with us

Hi, what are you looking for?

သတင်း

NUG တပ်တွေဖမ်းထားတဲ့ စစ်ကိုင်း PDF ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်နဲ့ ရဲဘော် ၃ဦး ပြန်လွတ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ တပ်တွေ ဖမ်းဆီးခဲ့တဲ့ စစ်ကိုင်း PDF ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်နဲ့ ရဲဘော် ၃ ဦးပြန်လွတ်မြောက်လာပြီလို့ နီးစပ်သူတွေက ပြောပါတယ်။

(ဖမ်းဆီးခဲ့တဲ့ စစ်ကိုင်း PDF ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဇွန်-၃၀၊၂၀၂၆၊ကတ်သရင်းနှင်း၊People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ တပ်တွေ ဖမ်းဆီးခဲ့တဲ့ စစ်ကိုင်း PDF ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်နဲ့ ရဲဘော် ၃ ဦးပြန်လွတ်မြောက်လာပြီလို့ နီးစပ်သူတွေက ပြောပါတယ်။

ကိုစစ်ငြိမ်းနိုင်နဲ့ နဲ့အတူ ရဲဘော်အားကျူး၊ပေါက်စ၊ကျော်လေးတို့ကို အစည်းအဝေးတစ်ခုကအပြန်ဇွန်လ ၁၅ ရက်မှာ ကသာခရိုင်ကွပ်ကဲရေးမှူးက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဒီကနေ့ ညပိုင်းမှာတော့ ကိုစစ်ငြိမ်းနိုင်က “တချို့ နားလည်မှု လွဲမှားတာ လေးတွေ ပြောကြဆိုကြတဲ့ သဘောပါ။ ဒီတော်လှန်ရေးမှာ ရှေ့ဆက်ပြီး အပြန်အလှန် အမှီသဟဲပြုသွားဖို့ရှိပါတယ်။ကျွန်တော် ကတိပေးနိုင်တာ တခုကတော့ ပြည်သူ တွေ စိတ်မပျက် စေရပါဘူး”လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ကိုစစ်ငြိမ်းနိုင်ကို ၁၅ ရက်အကြာ ဖမ်းဆီးခဲ့ပြီး ဒီကနေ့မှာ ပြန်လည်လွတ်မြောက်ခဲ့တာလို့ သိရပါတယ်။

စစ်ကိုင်း PDF ဟာ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA)အဖွဲ့ဝင်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေး ဝန်ကြီးဌာန (MOD)အောက်က ပကဖ၊တပ်ရင်း၊တပ်ဖွဲ့ တွေနဲ့ ပူးပေါင်းတိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) စခန်းကို အမျိုးသားညီညွတ် ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မုံရွာခရိုင်တပ်ရင်းတွေက ဝင်ရောက်စီးနင်းပစ်ခတ်လို့ ပလဖအဖွဲ့ဝင်အချို့ သေဆုံးတယ်လို့သတင်းရရှိပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ တွေ့ဆုံပြီး တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား မြေပြင်ပဋိပက္ခများကိစ္စ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ NUCCက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။