Connect with us

Hi, what are you looking for?

News

ရုန်းပင်ရဲကင်းစခန်း မီးရှို့ခံရပြီးနောက် ဒေသခံ ၂၀ ကျော်ကို စစ်ကောင်စီဖမ်းခေါ်သွားဟုဆို

ဖမ်းဆီးသွားသူများကို ပြန်လွှတ်ပေးမည်ဟု ကြားရသော်လည်း စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က ရှာဖွေမှုများ ဆက်လုပ်နေကြောင်း ဒေသခံက ပြောသည်။

People's Spring
People's Spring

မန္တလေးတိုင်း မတ္တရာမြို့နယ် ရုန်းပင်ကျေးရွာရှိ အာဏာသိမ်းစစ်ကောင်စီ၏ ရဲကင်းစခန်း တစ်ခုမီးရှို့ခံရပြီးနောက် ဒေသတွင်းသို့ စစ်ကောင်စီတပ်များဝင်ရောက်စီးနင်းပြီး အနီးဝန်းကျင်ရှိ ကျေးရွာ ၃ရွာမှ ဒေသခံ ၂၀ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မတ္တရာဒေသခံက ပြောသည်။

ဒီဇင်ဘာ ၁၉ရက်နံနက် အစောပိုင်းက ရုန်းပင်ရဲစခန်း မီးလောင်ပြီးနောက် စစ်ကောင်စီတပ်က ဒေသတွင်းသို့ အင်အားအများအပြားဖြင့် ဝင်ရောက်ကာ ဒေသခံများကို ဖမ်းဆီးခြင်းဖြစ်သည်ဟုဆိုသည်။ စစ်ကောင်စီတပ်သည် သဖန်းကိုင်းနှင့် မဟာမြိုင်ရွာ၌ တပ်စွဲပြီး အနီးဝန်းကျင်သို့ရှာဖွေမှုများလုပ်ဆောင်ခဲ့သည်ဟု ဒေသခံက ပြောသည်။

“သဖန်းကိုင်းကွင်းခေါ်တာပေါ့ စပါးကျီတောင်၊ ပန်းသလဲတောင် အဲဒီ တောင်ခြေတစ်၀ိုက်က သရက်ခြံတွေ၊ နှမ်းခင်းတွေ ပြောင်းခင်းတွေ နွားစားကျက်တွေအဲဒီက တဲတွေကို မွှေနှောက်ပြီး လူဖမ်းတယ်။သူတို့ ဖမ်းတာ ပထမတုန်းက အယောက် ၃၀ကျော်လောက်ရှိတယ် ။ ဒီနေ့ နေ့လည် တစ်နာရီ ဝန်းကျင်မှာ အယောက် ၂၀ ဝန်းကျင်ကို မတ္တရာကို ခေါ်သွားတယ်”ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးသွားသူများကို ပြန်လွှတ်ပေးမည်ဟု ကြားရသော်လည်း စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က ရှာဖွေမှုများ ဆက်လုပ်နေကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။