Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆို နဲ့ ဖရူဆို အစပ်က စစ်တပ်ကာကင်းစခန်းကို ကရင်နီပူးပေါင်းတပ်ဝင်တိုက်

ကရင်နီပြည်နယ်၊ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ်အစပ်က စစ်တပ်ကာကင်းစခန်းကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့ကလူထုနွေဦးကို ပြောပါတယ်။

(KNDF က ရဲဘော်တွေကို စစ်မြေပြင်တနေရာမှာ တွေ့ရစဉ်၊ဓာတ်ပုံ - KNDF)

ဇူလိုင်-၇၊၂၀၂၆။မိုမို/People’s Spring

ကရင်နီပြည်နယ်၊ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ်အစပ်က စစ်တပ်ကာကင်းစခန်းကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့ကလူထုနွေဦးကို ပြောပါတယ်။

“ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ်အစပ် ငွေတောင်ရွာသစ် မှာ တိုက်ပွဲ ဖြစ်ခဲ့တာ”လို့ ကရင်နီပူးပေါင်းတပ်တာ၀န်ရှိသူကပြောပါတယ်။

ဇူလိုင် ၆ ရက်က ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်အစပ်မှာ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး စစ်တပ်ကာကင်စခန်းကို ကရင်နီပူးပေါင်းတပ်က ၀င်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

” မနေ့ကမနက် ထိတွေ့မှုဖြစ်တယ်။စကစ ကာကင်းတစ်ခုနားမှာ။စကစဘက်က ထိခိုက်သေဆုံးမှုများတယ်”လို့ ကရင်နီအခြေစိုက် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့လည်း သူက အသိပေးပါတယ်။

စစ်တပ်ကဒီးမော့ဆိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီနောက်ဖရူဆိုမြို့နယ်အစပ်မှာရှိတဲ့ ကွိုင်ငံရွာသစ်၊ကွိုင်ငံရွာဟောင်းနဲ့ ငံရိုးကျေးရွာတွေကို၂၀၂၅ စက်တင်ဘာလ​နောက်ပိုင်း ၀င်ရောက်စစ်​ရေးလှုပ်ရှားမှု​တွေရှိခဲ့တာလို့ ​ဒေသခံအချို့က​ပြောပါတယ်။

ကရင်နီဒေသတွင်း စစ်ရေးအရအရေးပါတဲ့ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းမကြီး စိုးမိုးရေးနဲ့ ပိတ်မိနေတဲ့ ဖရူဆိုမြို့စောင့်တပ်တွေ စစ်ရေးလှုပ်ရှားနိုင်ဖို့ စစ်တပ်က ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။

ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ် (၁၄) တန်းမြင့်စစ်ရေးလေ့ကျင့်ရေးကျောင်း၊ အမှတ်(၅၃၁) ခြေမြန်တပ်ရင်း (ခမရ−၅၃၁) နဲ့ (ခမရ−၄၂၈) တပ်ရင်းတွေရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့အခြေစိုက်စခန်းတွေကို FPV အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၉၉၂၅) တပ်ရင်း Rangoon Warriors PDF တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနီးအာဏာသိမ်းစစ်တပ်စစ်ကြောင်းတိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကလူထုနွေဦးကို ပြောပါတယ်။