Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ မီးလောင်ဂိုဒေါင်အတွင်း ပိတ်မိနေတဲ့ ဘိုးဘွားလင်မယားကို ပြည်သူတစ်ဦး ဝင်ကယ်

မန္တလေးမြို့မှာ မီးလောင်နေတဲ့ ဂိုဒေါင်ထဲ ပိတ်မိနေတဲ့ ဂိုဒေါင်စောင့် အဘိုး၊အဘွားလင်မယားကို ပြည်သူတစ်ဦးက ဘာအကာအကွယ်မှမပါဘဲ ဝင်ရောက်ကယ်တင်နိုင်ခဲ့ပါတယ်။

မန္တလေးမြို့မှာ မီးလောင်နေတဲ့ ဂိုဒေါင်ထဲ ပိတ်မိနေတဲ့ ဂိုဒေါင်စောင့် အဘိုး၊အဘွားလင်မယားကို ပြည်သူတစ်ဦးက ဘာအကာအကွယ်မှမပါဘဲ ဝင်ရောက်ကယ်တင်နိုင်ခဲ့ပါတယ်။

ဇူလိုင် ၇၊ ၂၀၂၆။ဟာနာဆန်/People’s Spring

မန္တလေးမြို့မှာ မီးလောင်နေတဲ့ ဂိုဒေါင်ထဲ ပိတ်မိနေတဲ့ ဂိုဒေါင်စောင့် အဘိုး၊အဘွားလင်မယားကို ပြည်သူတစ်ဦးက ဘာအကာအကွယ်မှမပါဘဲ ဝင်ရောက်ကယ်တင်နိုင်ခဲ့ပါတယ်။

ဇူလိုင် ၆ ရက် မနက် ၈ နာရီခန့်က မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၁၀၁ A လမ်း ၆၇ A လမ်းထောင့်က ဂိုဒေါင်ဟောင်းတစ်ခု မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီဂို​ဒေါင်မှာ အစောင့် သက်ကြီးဘိုးဘွား ဇနီးမောင်နှံ နေထိုင်ကြပြီး မီးစလောင်တဲ့အချိန်ဖြစ်တာကြောင့် မီးသတ်ကားတွေ ရောက်မလာသေးတဲ့အချိန် ပြည်သူတစ်ဦးက ဝင်ကယ်ခဲ့တာကို ရုပ်သံမှတ်တမ်းမှာ တွေ့ရှိခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

မီးသတ်ကားတွေ မလာသေးတဲ့အချိန် စွပ်ကျယ်အဖြူ၊ ပုဆိုးအနက်ဝတ်ထားတဲ့ လူလတ်ပိုင်းအမျိုးသားတစ်ဦးဟာ မီးခိုးတွေအူထွက်နေတဲ့ ဂိုဒေါင်အတွင်း ပြေးဝင်သွားခဲ့ပြီး အဘွားဖြစ်သူကို ခေါ်ဆောင် ကယ်ထုတ်ခဲ့တာ တွေ့ရပါတယ်။ အဘွားဟာ ဂိုဒေါင်ထဲမှာ အဘိုးကျန်နေသေးကြောင်း ပြောဆိုခဲ့တာကြောင့် စွပ်ကျယ်ဝတ်အမျိုးသားဟာ မီးလောင်အဆောက်အအုံအတွင်း ဘာအကာအကွယ်မှမပါဘဲ နောက်တစ်ကြိမ် ထပ်ဝင်သွားခဲ့ပြန်ပါတယ်။

အဲဒီ အမျိုးသားဟာ မီးလောင်အ​​ဆောက်အအုံထဲကနေ သူတစ်ဦးတည်း ပြန်ထွက်လာခဲ့ပြီး အဘိုးအိုကို ရှာလို့မတွေ့ခဲ့ပါဘူး။ မြေကြီးပေါ် ထိုင်ချထားတဲ့ အဘွားအိုကို ဘယ်ထဲမှာတုန်းလို့ သူဟာ ထပ်မေးခဲ့ပြီး အဘွားက အဆောက်အအုံတနေရာကို လက်ညှိုးထိုးပြခဲ့ပါတယ်။ စွပ်ကျယ်ဝတ်အမျိုးသားဟာ မီးလောင်အဆောက်အအုံအတွင်း နောက်ထပ်တစ်ကြိမ် ဝင်သွားခဲ့ပါတယ်။ မကြာခင်ပဲ စွပ်ကျယ်ဝတ်အမျိုးသားဟာ မီးလောင်ဒဏ်ရာတွေရထားတဲ့ အဘိုးအိုကို ကယ်ထုတ်လာနိုင်ခဲ့ပါတော့တယ်။

မီးလောင်ဒဏ်ရာရခဲ့တဲ့ အသက်(၆၄)နှစ်အရွယ် ဦးတင်ထွန်းနဲ့ ၎င်းရဲ့ဇနီးတို့ဟာ မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ သက်ကြီးဘိုးဘွား ၂ဦးကို ဘာအကာအကွယ်မှမပါဘဲ ကယ်ထုတ်နိုင်ခဲ့တဲ့ စွပ်ကျယ်ဝတ်အမျိုးသားကို ပြည်သူတွေက ချီးကျူးနေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဟောမုဇ် ရေလက်ကြားနားက အိုမန်ကမ်းလွန် ရေပြင်မှာ ခုတ်မောင်းနေတဲ့ ရေနံတင် သင်္ဘောတစ်စီးကို အမျိုးအမည်မသိ အရာတစ်ခု ထိမှန်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ချိန်ပြိုကျပျက်စီးပြီးလူ ၂၀၀ ကျော်ပိတ်မိသေဆုံးခဲ့တဲ့မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုတည်ဆောက်သူ NTL ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင်ဦးနိုင်ထွန်းလင်းကို ထောင်ဒဏ်ငါးနှစ်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိကန်တော်ကြီး(ရေကန်)မှာရိုက်နှက်နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကိုမနေ့ ( ဇူလိုင်လ ၃ ရက်) ညနေပိုင်းမှာတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ စက်သုံးဆီ သိုလှောင်ထားတဲ့အိမ် မီးလောင်ပြီး လသားအရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့သလို ကလေးငယ်ရဲ့ဖခင်ဖြစ်သူလည်း ဒဏ်ရာအပြင်းအထန်ရရှိသွားပါတယ်။