Connect with us

Hi, what are you looking for?

သတင်း

အင်းတော်နယ်မှာပိတ်မိနေတဲ့ကုန်ကားတွေဆုံးရှုံးမှုကြုံနေ

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေ့စဉ်နီးပါးတိုက်ပွဲဖြစ်နေတာကြောင့် ကုန်ကားတွေပိတ်မိနေပြီးကုန်တွေပျက်စီးဆုံးရှုံးမှုရှိနေတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

အင်းတော်မြို့တည်နေရာပြမြေပုံ ( ဓာတ်ပုံ - Google Earth )

ဇူလိုင် – ၁၀ ၊၂၀၂၆ /People’s Spring

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေ့စဉ်နီးပါးတိုက်ပွဲဖြစ်နေတာကြောင့် ကုန်ကားတွေပိတ်မိနေပြီးကုန်တွေပျက်စီးဆုံးရှုံးမှုရှိနေတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

တိုက်ပွဲတွေကြောင့်မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းမှာခရီးသွားကားတွေပိတ်မိရာကုန်စိမ်းနဲ့ အေးခဲအသား ၊ငါးသယ်ယူတဲ့ကုန်ကားတွေပါ ပိတ်မိခဲ့တာပါ။

ပိတ်မိနေတဲ့ကုန်ကားတွေuပုပ်သိုးကုန်တွေကိုဒေသခံတွေအကူအညီနဲ့ စွန့်ပစ်ရသလိုရှိနေသလိုအခြားသောစားကုန်တွေကိုလည်းနီးစပ်ရာရွာတွေမှာ စျေးလျော့ပြီး ရောင်းချနေရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“အနံတွေဆိုးလာတော့ဆိုင်ကယ်ဘေးတွဲနဲ့ တခြားနေရာတွေသွားစွန့်ပစ်နေရတာ” ဒေသခံတစ်ဦးကပြောပါတယ်။

ပိတ်မိနေတဲ့ကုန်တွေထဲမှာမီးဖိုချောင်သုံးစားကုန်ဖြစ်တဲ့ ကြက်သွန်နီ ၊ ခရမ်းချဉ်သီး၊ ငရုတ် ၊ ကြက်သွန်ဖြူ တဲ့ အသီးအနှံတွေ ပါဝင်တယ်လို့ သိရပါတယ်။

အဲဒီကုန်ပစ္စည်းတွေကစစ်ကိုင်းတိုင်းအထက်ပိုင်းကသာနဲ့ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနားဆီ ပို့ဆောင်ဖို့ ရည်ရွယ်ထားတာပါ။

မန္တလေး -မြစ်ကြီးနားလမ်းပိုင်းမှာပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းကလည်း မန္တလေးတိုင်း၊သပိတ်ကျင်းခရိုင်ထဲက တကောင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပြီးလမ်းပိတ်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာစစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်နေရာတွေဖြစ်တဲ့အင်းတော် ၊ကသာ ၊ထီးချိုင့်မြို့နယ်တွေကိုအလုံးစုံထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေပေမယ့် တော်လှန်ရေးတပ်တွေရဲ့ တွန်းလှန်တိုက်ခိုက်မှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ မေလအစောပိုင်းမှာတော့ စစ်ကိုင်းနဲ့ ကချင်အစပ် အင်းတော်မြို့နဲ့ မော်လူးမြို့တွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။

ဒါအပြင် မန္တလေး – မြစ်ကြီးနား လမ်းကြောင်းပေါ် ကမြို့အချို့ကိုပြန်ထိန်းချုပ်လာပြီးနောက် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့ဆီ ကုန်လမ်းကနေ စားနပ်ရိက္ခာနဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုစစ်တပ်က စစ်ယာဉ်တန်းနဲ့ ပေးပို့တာတွေရှိလာပါတယ်။

မြစ်ကြီးနားမှာတော့ အာဏာသိမ်းစစ်တပ်ရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိတာပါ။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲသုံးရက်အတွင်း စစ်တပ်က သေဆုံးသူနဲ့ ဒဏ်ရာရသူ ၁၀၀ ခန့်ရှိတယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်က တောင်သာကျေးရွာအနီးတိုက်ပွဲမှာ စစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ PDF တပ်ဖွဲ့ဝင် ၂၀ ဦးဝန်းကျင်ကျဆုံးခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

​ရွှေကူမြို့အနီးတိုက်ပွဲစစ်တပ် ​သေဆုံးထိခိုက်သူများ​နေ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်အာရှလမ်းပိုင်းရဲ့ ကော့ကရိတ်မြို့အနီးမှာဒီနေ့ (ဇူလိုင် ၁၀)မနက်အစောပိုင်းကအာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ ၆ တို့ကြားနာရီပိုင်းကြာတိုက် ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။