Connect with us

Hi, what are you looking for?

သတင်း

ညောင်ဦးမြို့ NLDပါတီရုံး စစ်တ​ပ်စီးနင်းဖျက်ဆီး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရုံးကို အာဏာသိမ်းစစ်တ​ပ်က ဝင်ရောက်စီးနင်းဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

(ညောင်ဦးမြို့ NLD ပါတီရုံး အာဏာမသိမ်းမီက တွေ့ရစဥ်။ ဓာတ်ပုံံ - ညောင်ဦး NLD လူငယ်)

ဇူလိုင် ၁၁၊ ၂၀၂၆။ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရုံးကို အာဏာသိမ်းစစ်တ​ပ်က ဝင်ရောက်စီးနင်းဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၉ ရက်ညက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ညောင်ဦးမြို့နယ်ရုံးအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံတွေ၊ ရုံးမှတ်တမ်းတွေ၊ ဓါတ်ပုံနဲ့ပိုစတာတွေကို စစ်တပ်နဲ့ ရဲတွေက ဝင်ရောက်ဖျက်ဆီးသွားပြီး ရုံးအတွင်းရှိ ပစ္စည်းတွေကိုလည်း ခိုးယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

“အဓိက ‌ဗိုလ်ချုပ်ဓာတ်ပုံနဲ့ ရုံးမှတ်တမ်း ဖျက်ဆီးသွားပါတယ်။ အတွင်းရှိပစ္စည်း တချို့လည်း ခိုးယူသွားပါတယ်”လို့ ရုံးပိုင်းတာဝန်ယူခဲ့တဲ့ ညောင်ဦးလူငယ် မောင်မျိုးကျော်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရုံးအဆောက်အအုံကတော့ မသုံးတာကြာလို့ လေဒဏ်မိုးဒဏ်ကြောင့် ယခင်ကတည်းက ပျက်စီးခဲ့ကြောင်း သိရ​ပါတယ်။

စစ်တပ်ဟာ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီတို့ရဲ့ ပုံရိပ်တွေကို မှေးမှိန်မေ့ပျောက်သွားစေဖို့ ရည်ရွယ်ပြုလုပ်နေတာဖြစ်ကြောင်း၊ ဒါပေမယ့် အဆောက်အအုံနဲ့အမှတ်အသားတွေကို ဖျက်ဆီးနိုင်သော်လည်း ပြည်သူလူထုရဲ့ ရင်ထဲကထောက်ခံမှုနဲ့ လေးစားချစ်ခင်မှုကို မူဖျက်ဆီးနိုင်မှာမဟုတ်ကြောင်းကို မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ လှုပ်ရှားမှုတွေက သက်သေပြနေကြောင်း ညောင်ဦးလူငယ် မောင်မျိုးကျော်က ပြောပါတယ်။

စစ်တပ်ဟာ အာဏာသိမ်းပြီးကတည်းက NLD ပါတီရုံးတွေကို ချိတ်ပိတ်တာ၊ ပစ္စည်းတွေကို သိမ်းယူတာ၊ ဆိုင်းဘုတ်တွေကအစ ဖြိုချဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် အာဇာနည်နေ့ နီးလာချိန်မှာပဲ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို ဖြိုချဖျက်ဆီးတာတွေပါ ပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ကထပ်မံစစ်ကြောင်းထိုးဖို့ အင်အားဖြည့်လာတယ်လို့ ပကဖ ပြော

သတင်း

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ အဲဒီတိုက်ပွဲမှာပါဝင်တဲ့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှေးဟောင်းမြို့တော် ပုဂံ၊ညောင်ဦးမြို့က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် နောင်နောင်အပါအဝင် ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ဖေဖော်ဝါရီ-၂၈၊ ၂၀၂၆ ​​ဇေအောင်/People’s Spring ပုဂံ၊ညောင်ဦး-ကျောက်ပန်းတောင်းလမ်းပိုင်းမှာ စစ်ကောင်စီလှည့်ကင်းကား ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၄ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၂၈ရက် မနက် ၇နာရီခွဲဝန်းကျင်မှာ ပုဂံ၊ညောင်ဦးမြို့အခြေစိုက် ခလရ (၄၁၅)တပ်ရင်းက ထွက်လာတဲ့...