Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ထိုးစစ် ခုခံဖို့ ရေတာရှည်ဒိုင်းကမ်ပိန်းမှာ ပြည်သူတွေပါဝင်ပေးဖို့ မြို့နယ်ပကဖ တောင်းဆို

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ဝှမ်း ဒေသကို အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေ ထိုးဖောက်ဝင်ရောက်နေတာ ခုခံဖို့ ပြုလုပ်နေတဲ့ ရေတာရှည်ဒိုင်း ကမ်ပိန်းမှာ ပြည်သူတွေ တက်နိုင်သလောက် ပါဝင်ပေးဖို့ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တိုက်တွန်းထားပါတယ်။

(ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ‌ရေတာရှည် ပကဖ)

ဇူလိုင် ၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ဝှမ်း ဒေသကို အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေ ထိုးဖောက်ဝင်ရောက်နေတာ ခုခံဖို့ ပြုလုပ်နေတဲ့ ရေတာရှည်ဒိုင်း ကမ်ပိန်းမှာ ပြည်သူတွေ တက်နိုင်သလောက် ပါဝင်ပေးဖို့ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တိုက်တွန်းထားပါတယ်။

စစ်တပ်ထိုးစစ်ကို မဟာမိတ်တွေနဲ့ ပေါင်းပြီးခုခံနေပေမဲ့ လိုအပ်ချက်တွေရှိနေတဲ့ အခြေအနေမှာ အခုလို ကမ်ပိန်း ပြုလုပ်ရတာလို့ ဆိုပါတယ်။

ရေတာရှည်ပကဖ ရဲဘော် ၁ဦးက စစ်တပ်ထိုးစစ်ကို ခုခံဖို့ မြို့နယ် ပကဖ ရဲဘော်တွေမှာ လူအင်အားရှိပေမဲ့ လက်နက်အင်အားမလုံလောက်လို့ အခြားတပ်ရင်းတွေဆီက ငှားရမ်းသုံးနေရတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

“စစ်မြေပြင်သွားမယ်ဆို လိုက်မယ့်ရဲဘော်တွေက များပါတယ်။ ဒါပေမဲ့ လက်နက်ရှိသလောက်ပဲ သွားခဲ့ရတာ။” လို့ ပကဖ ရဲဘော်က ပြောပါတယ်။

ရန်သူဘက်က နည်းပညာအရမ်းသာသလို ဒရုန်း၊ လက်နက်ကြီး၊ တင့်ကား၊ တိုက်လေယာဉ်တွေ အသုံးပြု တိုက်ခိုက်နေတာလို့ ပြောပါတယ်။ ဆယ်စုနှစ်များစွာ တည်ဆောက်ထားတဲ့ စစ်တပ်ကို ရင်ဆိုင်ရတာ မလွယ်ကူကြောင်း၊ တိုက်ပွဲ ဖြစ်တာ တလအတွင်း ကျဆုံးထိခိုက်ရဲဘော်တွေရှိကြောင်း အသိပေးပါတယ်။

မြေပြင်မှာ ဆရာဝန်မရှိလို့ ဒရုန်း ထိခိုက်မှုကြောင့် ဖြစ်စေ၊ တိုက်ပွဲမှာ ကျည်ထိလို့ ဖြစ်စေ ဒဏ်ရာရသူတွေကို အခြား ဆရာဝန်ရှိတဲ့ဒေသကို သွားရောက်ကုသနေရပြီး မဆုံးရှုံးသင့်ဘဲ ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေလည်းရှိတယ်လို့ ရေတာရှည် ပကဖ ရဲဘော်က ပြောပါတယ်။

ကမ်ပိန်းလုပ်ဆောင်ရတာဟာ လက်နက်ခဲယမ်းဖြည့်တင်းဖို့ ကာကင်း၊ ကင်းပွိုင့်များအတွက် မိုင်းကွင်း၊ မိုင်းကင်းများ ဖော်ဆောင်နိုင်ရန် ဖြစ်တယ်လို့လည်း အသိပေးပါတယ်။

ရေတာရှည်ပကဖက လုပ်နေတဲ့ ရေတာရှည်ဒိုင်း ကမ်ပိန်း ပြုလုပ်နေတာ ၁လကျော်ကြာပြီဖြစ်ပြီး နောက်တပတ် အကြာ ဇူလိုင် ၁၉ရက်မှာ ကမ်ပိန်း ပြီးဆုံးမှာ ဖြစ်ပါတယ်။

ကမ်ပိန်းရည်မှန်းချက် ကျပ်သိန်း ၅၀၀ သတ်မှတ်ထားတာဖြစ်ပေမဲ့ လက်ရှိမှာ ပြည့်မီခြင်းမရှိသေးလို့ ပြည်သူတွေ လာရောက်ပါဝင်ပေးဖို့ မြို့နယ် ပကဖက ဖိတ်ခေါ်တောင်းဆိုထားပါတယ်။

ကမ်ပိန်းမှာ ပါဝင်အားဖြည့်လိုသူတွေအနေနဲ့ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကို ဆက်သွယ်နိုင်ကြောင်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ထိန်းချုပ်ရေး ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA) ရဲဘော်တွေအတွက် ရိက္ခာကမ်ပိန်း ပြုလုပ်ခဲ့ရာ သတ်မှတ်ကာလအတွင်း ရည်မှန်းချက်ပြည့်မှီ ကျော်လွန်အောင် ရရှိခဲ့ကြောင်း CPU/CPA ထောက်ပို့ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

သဖန်းဆိပ်ဆည် ရေပြည့်မှတ်ကျော်လွန်နေလို့ ရေလွှတ်နေတာကြောင့် မူးမြစ်ဘေးနေ ပြည်သူတွေ ရေဘေး ထပ်မံသတိပြုကြဖို့ ရွှေဘိုခရိုင် ပကဖက သတိပေးထုတ်ပြန်ပါတယ်။

Facebook