Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပျောက်ဆုံး ရေတပ်သားကို ကူရှာပေးဖို့ မြောက်ကိုရီးယားကို တောင်ကိုရီးယား အကူအညီတောင်း

ပျောက်ဆုံးနေတဲ့ ရေတပ်သား တစ်ဦးကို ကူညီ ရှာဖွေပေးဖို့ တောင်ကိုရီးယားက မြောက်ကိုရီးယားဆီ ဆက်သွယ် အကူအညီ တောင်းခံထားကြောင်း သိရပါတယ်။

ဓာတ်ပုံ - AFP/File

ပျောက်ဆုံးနေတဲ့ ရေတပ်သား တစ်ဦးကို ကူညီ ရှာဖွေပေးဖို့ တောင်ကိုရီးယားက မြောက်ကိုရီးယားဆီ ဆက်သွယ် အကူအညီ တောင်းခံထားကြောင်း သိရပါတယ်။

ဂျပန် ပင်လယ်ပြင်မှာ လုံခြုံရေး တာဝန်တစ်ခု ထမ်းဆောင်နေတဲ့ တောင်ကိုရီးယား ရေတပ် သင်္ဘောတစ်စီးပေါ်က အမှုထမ်း တစ်ဦးဟာ ဇူလိုင် ၁၂ ရက် မနက်ပိုင်းက ပျောက်ဆုံးသွားခဲ့ပါတယ်။ သူဟာ ပင်လယ်ပြင်မှာ မျောပါပြီး ကိုရီးယား နှစ်နိုင်ငံကြား ရေပိုင်နက် ပိုင်းခြား သတ်မှတ်ထားရာ မြောက်ပိုင်းကန့်သတ်လိုင်း (NLL)ကို ကျော်ပြီး မြောက်ကိုရီးယားဖက် ရောက်သွားတယ်လို့ ယူဆရပါတယ်။

ဒါကြောင့်လည်း တောင်ကိုရီးယား အစိုးရရဲ့ ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက မြောက်ကိုရီးယားဆီ ဆက်သွယ်ပြီး အဲဒီ ရေတပ်သားကို ကူညီရှာဖွေပေးဖို့နဲ့ တွေ့ရှိရင်လည်း ပြန်လည် လွှဲပြောင်းပေးဖို့ အကူအညီ တောင်းခံခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား ရေတပ်ကလည်း ပျောက်ဆုံး သင်္ဘောသားကို လိုက်ရှာနေသလို လူသားချင်း စာနာမှု ရှုထောင့်ကနေ ကူညီပေးဖို့ မြောက်ကိုရီးယားကိုလည်း အကူအညီ တောင်းခံထားတယ်လို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အောက်ခြေအဆင့် စစ်မှုထမ်း တစ်ဦးဖြစ်တဲ့ အဲဒီ ရေတပ်သားကို အစွမ်းကုန် လိုက်ရှာဖို့လည်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး အန်ဂျူဘဲ့က အမိန့်ပေးထားပါတယ်။

တောင်ကိုရီးယား သမ္မတ လီဂျေမြောင်ဟာ မြောက်ပိုင်းမှာရှိတဲ့ ပြိုင်ဘက် ကွန်မြူနစ် နိုင်ငံနဲ့ ဆက်ဆံရေးကို ပြန်လည် ကောင်းမွန်လာစေဖို့ ကြိုးစားနေပါတယ်။ တစ်ဖက်မှာတော့ မြောက်ကိုရီးယားဟာ အဲဒီ အားထုတ်မှုတွေကို အကြိမ်ကြိမ် ပယ်ချထားသလို တောင်ကိုရီးယားကို ရန်သူနိုင်ငံအဖြစ် အတိအလင်း သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယားနိုင်ငံ ကမ်းလွန်ရေပြင်မှာ ရေနံတင် သင်္ဘောတစ်စီး မီးလောင်ပြီး သင်္ဘောသား ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အတွေးအမြင်

လက်တလော တောင်ကိုရီးယား ရုပ်ရှင်အနုပညာကိုကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေကြားမှာ လူပြောများနေတဲ့ သတင်းတစ်ခုရှိပါတယ်။ တောင်ကိုရီးယားရှပ်ရှင်လောကမှာ လူသိများတဲ့ ရုပ်ရှင်မင်းသမီးငယ်လေး အန်ဟာယောင်း (Ahn Ha-young)ဆိုသူဟာ ရုပ်သံအစီအစဉ်တစ်ခုမှာ သူ့ရဲ့ မိသားစုနောက်ခံနဲ့ ပတ်သက်ပြီး မျိုးဆက် ၄ ဆက်တိုင်တိုင် ဆရာဝန်တွေချည်းဖြစ်ကြောင်း ဂုဏ်ယူပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာ

လူပျောက်တိုင်ကြားမှုတွေကို ရဲတစ်ဦးက အမှုပိတ်သိမ်းပစ်ခဲ့တဲ့ ဖြစ်စဉ် နောက်ဆက်တွဲ အရှုပ်တော်ပုံတွေ ကြုံလာတဲ့နောက် ရဲတပ်ဖွဲ့ဆီက ပိုမိုကောင်းမွန်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမျိုးကို တောင်ကိုရီးယား သမ္မတက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား အရေးနဲ့ ပတ်သက်ရင် နှစ်နိုင်ငံ နီးနီးကပ်ကပ် ဆက်လက် ပူးပေါင်းပြီး ကိုင်တွယ်ဖို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။