Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘောအုပ်စု ဖောင်းပြင်မြို့ ဆန်တက်နေ၊ ဒေသခံတွေ ဘေးလွတ်ရာရှောင်ဖို့ ပကဖ အရေးပေါ်ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ကိုရောက်ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ဖောင်းပြင်မြို့နယ်ကို ဆန်တက်လာလို့ မြစ်ကမ်းဘေးကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ.) ဖောင်းပြင်မြို့နယ်က အရေးပေါ် သတိပေးချက် ထုတ်ပြန်ပါတယ်။

(ချင်းတွင်းမြစ်အတွင်းဆန်တက်နေတဲ့ စစ်သင်္ဘာအုပ်စုကို တွေ့ရစဉ်။ ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ)

ဇူလိုင်−၁၅၊၂၀၂၆။ဇော်ရမ်း/ People’s Spring

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ကိုရောက်ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ဖောင်းပြင်မြို့နယ်ကို ဆန်တက်လာလို့ မြစ်ကမ်းဘေးကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ.) ဖောင်းပြင်မြို့နယ်က အရေးပေါ် သတိပေးချက် ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့သင်္ဘော၂၂စီးဟာ မော်လိုက်မြို့ဆိပ်ကမ်းကနေ ဒီနေ့ ဇူလိုင် ၁၅ရက် မနက် ၅နာရီကျော်မှာ ဖောင်းပြင်မြို့နယ်ဘက်ကို ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတာဖြစ်ပါတယ်။

ချင်းတွင်းမြစ်ကမ်းတလျှောက် နေထိုင်သူတွေနဲ့ မြစ်ကြောင်းကို အသုံးပြုသွားလာလုပ်ကိုင်နေကြတဲ့ ပြည်သူတွေ လုံခြုံစိတ်ချရတဲ့နေရာတွေမှာ အမြန်ဆုံး ကြိုတင်တိမ်းရှောင်ကြဖို့ ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားတာပါ။

Public Service Announcement

Public Service Announcement

” ပုန်းကျင်းတွေက ကောင်းတာလည်းရှိတဲ့မကောင်းတာတွေလည်းရှိတယ်။ နေရေးထိုင် ရေးကတော့တော်တော်လေး ကသီတယ်။ မရှောင်လို့လည်းမရတော့ရှောင်ရတာပဲ။ အပေါ်ကလေကြောင်းကလည်းဝဲနေတာပဲ”လို့ ဖောင်းပြင်ဒေသခံတစ်ဦးက ပြောပါတယ်။

သင်္ဘောတွေပေါ်ကနေလက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နိုင်သလို လေကြောင်းတိုက်ခိုက်မှုလည်းလုပ်လာနိုင်လို့ လူစုလူဝေးနဲ့မနေကြဖို့ ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတိပေးထားပါတယ်။

မလိုအပ်ဘဲ အပြင်ထွက်သွားလာခြင်းကို လျှော့ချပြီး ဘေးလွတ်ရာ လုံခြုံသောနေရာများတွင်သာ နေထိုင်ကြဖို့နဲ့ သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့သတင်းထုတ်ပြန်ချက်တွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်လိုက်နာကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

“ပြည်သူများ၏ အသက်အိုးအိမ်လုံခြုံရေးသည် အရေးအကြီးဆုံးဖြစ်ပါသည်။ အန္တရာယ်မဖြစ်မီ ကြိုတင်တိမ်းရှောင်ကြပါ”လို့ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားပါတယ်။

အဲဒီစစ်သင်္ဘောအုပ်စုဟာ ဇူလိုင်လဆန်းမှာ မုံရွာမြို့ဆိပ်ကမ်းကနေ ထွက်ခွာလာတာဖြစ်ပါတယ်။

ကနီ၊မင်းကင်း၊ ကလေးဝမြို့နယ်တွေကို လေကြောင်းလုံခြုံရေးနဲ့ ဖြတ်စဉ်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ကြပါတယ်။ တိုက်ပွဲတွေအတွင်း စစ်တပ်က ဗိုလ်ကြီး ၁ဦး၊ ဗိုလ် ၁ဦးအပါအဝင် ၂၀ကျော် သေဆုံးပြီး ၁၅ဦးဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ဇူလိုင် ၁၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ချင်းတွင်းမြစ်ရေ မြင့်တက်ချိန်မှာ အထက်ပိုင်းဒေသတွေကို လက်နက်ခဲယမ်း၊ လူအင်အားနဲ့ စားနပ်ရိက္ခာတွေပို့ဆောင်နေတာပါ။ နှစ်စဉ် ဟုမ္မလင်းမြို့အထိ ဆန်တက်ပြီး ပြန်စုန်ဆင်းရင်တော့ ဖားကန့်ဒေသထွက် ကျောက်စိမ်းတွေနဲ့ ဟုမ္မလင်း၊ခန္တီးဒေသထွက် သတ္တုတွေ ပြန်လည်သယ်ဆောင်လေ့ရှိပါတယ်။ သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း နှစ်စဉ်ရင်ဆိုင်နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုဟာ မော်လိုက်မြို့ကိုရောက်ရှိနေပြီး မြစ်ကမ်းဘေးကျေးရွာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ ဒေသခံတွေ သတိပြုနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ဝှမ်း ဒေသကို အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေ ထိုးဖောက်ဝင်ရောက်နေတာ ခုခံဖို့ ပြုလုပ်နေတဲ့ ရေတာရှည်ဒိုင်း ကမ်ပိန်းမှာ ပြည်သူတွေ တက်နိုင်သလောက် ပါဝင်ပေးဖို့ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တိုက်တွန်းထားပါတယ်။

သတင်း

မန္တလေးတိုင်း မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်​ကြောင်းကို ဒေသတွေင်း PDFနဲ့ ပကဖ ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခဲ့ရာ ၁၅ရက် ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင် တပ်ရင်း(၁)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်ပြီး လက်နက်ခဲယမ်းတွေတင်ဆောင်လာတဲ့ စစ်ရေယာဥ် ၄၀ ကျော်ဟာ ဒီကနေ့ညနေပိုင်းမှာ မုံရွာမြို့၊ အလုံမင်းထောင့်ဆိပ်ကမ်းကို ရောက်ရှိခဲ့ပါတယ်။