Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့က ဗိုလ်ချုပ်ရုပ်တုဖျက်ဆီးရင် တိုက်ခိုက်မယ်လို့ နယ်ခံတော်လှန်ရေးတပ်တွေ သတိပေး

စစ်တပ်က နိုင်ငံအနှံ့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို လိုက်လံဖျက်ဆီးနေပြီး ခင်ဦးမြို့က ရုပ်တုကို စစ်တပ်က ဖျက်ဆီးခဲ့ရင် ချက်ချင်းတိုက်ပွဲဖြစ်သွားနိုင်တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

ဇူလိုင်−၁၆၊၂၀၂၆။ကတ်သရင်းနှင်း/People’s Spring

စစ်တပ်က နိုင်ငံအနှံ့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို လိုက်လံဖျက်ဆီးနေပြီး ခင်ဦးမြို့က ရုပ်တုကို စစ်တပ်က ဖျက်ဆီးခဲ့ရင် ချက်ချင်းတိုက်ပွဲဖြစ်သွားနိုင်တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

တော်လှန်ရေးစတင်ချိန်က ယခုအထိ စစ်တပ်က ခင်ဦးမြို့လယ်ခေါင် ဗိုလ်ချုပ်ရုပ်တု ‌‌‌‌အနီးက မင်းသိုက်တိုက် (အိမ်နာမည်)မှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ရုပ်တုကို စစ်တပ်ရန်က ကာကွယ်ဖို့အတွက် မြို့ခံပြည်သူတွေအနေနဲ့ ည၇နာရီက နေ မနက် ၄နာရီအတွင်း မြို့တွင်းလမ်းတွေမှာသွားလာခြင်းမပြုကြဖို့ တော်လှန်ရေးတပ်တွေက ကြေညာထားတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” ဗိုလ်ချုပ်ကြေးရုပ်ကို သူတို့(စကစ)ဖျက်ဆီးချိန် တွေက အဲ့လို ညအချိန်မ တော်တွေ ဖျက်တာ‌ လေ။သူတို့ဘက်က ဖျက်ဆီးရင် တော့တိုက်ပွဲဖြစ်ဖို့ ၇၅% ‌‌ လောက်များတယ် “လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်တပ်က နိုင်ငံအနှံ့က ဗိုလ်ချုပ်ရုပ်တုတွေ ဆက်တိုက်ဖျက်ဆီးနေတာမို့ နွားထိုးကြီးမြို့က ဗိုလ်ချုပ်ရုပ်တုကို ဖျက်ဆီးရင်လည်း ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ နယ်ခံ PDFတပ်ရင်းမှူး ကိုစိုးအောင်ကလည်း ဇူလိုင် ၁၃ ရက်မှာ သတိပေးထားပါတယ်။

စစ်တပ်က လက်ရှိအချိန်အထိ ဗိုလ်ချုပ်ရုပ်ထု ၁၅ ခုထပ်မနည်း ဖျက်ဆီးထားပြီး စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက မြို့နယ်ပါင်း ၁၀၀ ကျော်က ဗိုလ်ချုပ်ရုပ်တုတွေကိုစိစစ်ထားပြီး အချိုးအစားမမှန်တာတွေ့ရှိလို့ ဖျက်ချနေတာလို့ အကြောင်းပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးဖို့ ပြုလုပ်နေပြီး ဖျက်ဆီးသူတွေကို ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းမှူးက သတိပေးထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊ငါးတင်းကြီးရွာက စာသင်ကျောင်းနဲ့ ဆေးခန်းကို စစ်တပ်က ဗုံးကြဲခဲ့တာ​ကြောင့် ပြည်သူ ၆ဦးဒဏ်ရာရပြီးနေအိမ်၆လုံးမီး‌​လောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က သာဝတ္ထိကျေးရွာကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook