Connect with us

Hi, what are you looking for?

သတင်း

ရခိုင်​ရေ​ဘေးအတွက် ULA/AA ကို NUG ကယွမ်တစ်သိန်းခွဲ ကူညီ​ပေးအပ်

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်-၁၉၊၂၀၂၆။ထားမြတ်/People’s Spring

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

NUG ရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်မှုအပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)ကလည်း ကျေးဇူးတင်ကြောင်း ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပါတယ်။

NUG အနေနဲ့ အာရက္ခပြည်သူတစ်ရပ်လုံးနဲ့အတူဆက်လက်ရပ်တည်သွားမှာဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဆက်လက်ပံ့ပိုးပေးသွားမယ်လို့ အသိပေးထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ရခိုင်ပြည်နယ်မြာက်ပိုင်း မြို့နယ် ၇ ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့မှာ ဇူလိုင်လဆန်းကတည်းကရေကြီး နေခဲ့တာဖြစ်ပြီး ရေးဘေးသင့်ပြည်သူတသိန်းကျော်ရှိကာ ရေစီးကြောင့် မျောပါသေဆုံးရသူဟာလည်း ခြောက်ဦး ထက်မနည်းရှိခဲ့ပါတယ်။

လက်ရှိမှာ ရေဘေးသင့်ပြည်သူတွေကို ULA/AA လက်အောက်ခံအဖွဲ့တွေနဲ့ ဒေသတွင်းကူညီရေးအဖွဲ့တွေက အရေး ပေါ်ရွှေ့ပြောင်းပေးခဲ့ကြပြီး စားနပ်ရိက္ခာ၊ ဆေးဝါးတွေ အကူအညီလိုအပ်နေဆဲဖြစ်တယ်လို့ ပြောကြပါတယ်။

တဖက်မှာလည်း အာဏာသိမ်းစစ်တပ်ဟာ ရက္ခိုင်ဒေသ နေရာအများအပြားမှာ ရေဘေးကြုံနေရချိန် လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်ခဲ့လို့ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။

ဇူလိုင် ၁၉ရက်မနက်ပိုင်းကပဲ ရမ်းဗြဲကျွန်းနဲ့ တောင်ကုတ်မြို့နယ်ကြားက မအီမြို့ကို စစ်တပ်က လေယာဉ်ဗုံးကြဲခဲ့ရာ ဒေသခံ ပြည်သူ ၃ဦးသေဆုံးကာ ၈ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ စစ်ကောင်စီဟာ ရက္ခိုင်ဒေသ အခြားနေရာတွေကိုလည်း အခုလို ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒီလို ရက္ခိုင်ပြည်အတွင်း သဘာ၀ဘေးကြုံနေရချိန် စစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာကို ကောင်းစွာ မှတ်တမ်းတင်ထားပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း အာရက္ခတပ်တော်(AA)က ဇူလိုင် ဒုတိယပတ်မှာ ထုတ်ပြန်ထားပါတယ်။

စစ်တပ်ဟာ ဇူလိုင် ၁၀ရက်မနက်မှာ ဂွမြို့နယ်၊ ပေါက်တူးကျေးရွာနဲ့ ဓနိအုပ်စု၊ ကုလားချောင်းကျေးရွာတို့ရှိ စာသင်ကျောင်းနဲ့ အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူသေဆုံးထိခိုက်မှု အဆောက်အအုံပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။ ပေါက်တူးကျေးရွာ စာသင်ကျောင်းနဲ့ လူနေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့သလို ကုလားချောင်းကျေးရွာမှ ၃ နှစ် ကလေးငယ် အပါအဝင် ၄ဦး သေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့ရာ AAက စစ်တပ်ရဲ့ လုပ်ရပ်ကို ရှုတ်ချခဲ့တာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

Facebook