Connect with us

Hi, what are you looking for?

သတင်း

မုံရွာခရိုင်တပ်ရင်းတွေရဲ့ အာဇာနည်နေ့ အခမ်းအနား

မုံရွာခရိုင် အမှတ်(၈၉၊၁၀၊၁၁၊၁၂၊၁၅)တပ်ရင်းတွေ စုပေါင်းပြီး ဒီကနေ့မှာ ကျ​ရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားကို တော်လှန်ရေးဒေသတစ်ခုမှာ ပြုလုပ်ခဲ့ကြပါတယ်။

ဇူလိုင် ၁၉၊ ၂၀၂၆/People’s Spring

မုံရွာခရိုင် အမှတ်(၈၉၊၁၀၊၁၁၊၁၂၊၁၅)တပ်ရင်းတွေ စုပေါင်းပြီး ဒီကနေ့မှာ ကျ​ရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားကို တော်လှန်ရေးဒေသတစ်ခုမှာ ပြုလုပ်ခဲ့ကြပါတယ်။

အခမ်းအနားမှာ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့ ဖက်ဒရယ်နိုင်ငံတော်သစ် ဖြစ်‌ပေါ်လာရေးအတွက် စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း တိုက်ပွဲတွေမှာ မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတဲ့ နွေဦးတော်လှန်ရေး အာဇာနည် သူရဲကောင်းတွေကို သတိရအောက်မေ့ လွမ်းသူ့ပန်းခွေချခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ အာဇာနည်​နေ့က ၁မိနစ်ငြိမ်လို့ဆိုပြီး နိုင်ငံရေးအကျဥ်းသားတွေကို စစ်တပ်က ခေါ်ထုတ်သွားကြောင်း နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

သတင်း

(၇၉)နှစ်မြောက်အာဇာနည်နေ့မှာ အာဇာနည်ကုန်းအနီးဖြတ်သန်းသွားလာတဲ့ လူငယ်တွေကို စစ်တပ်က စစ်ဆေးခဲ့ပြီး လူငယ် ၅ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေဟာ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်၊ ဩစတေးလျနဲ့ မလေးရှားနိုင်ငံတို့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ စုပေါင်းပြီး (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook