Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ စက်လှေမှောက်ပြီး အလုပ်သမား ၅ ဦး ပျောက်ဆုံးနေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

(ပျောက်ဆုံးနေသူများအား ရှာဖွေနေစဥ်။ တိမ်းမှောက်ခဲ့သော စက်လှေအား တွေ့ရစဥ်။ ဓါတ်ပုံံ-ဒေသခံ)

ဇူလိုင် ၂၀၊ ၂၀၂၆။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဇူလိုင် ၂၀ ရက် နေ့လယ် ၁ နာရီခန့်က မုံရွာမြို့နယ်၊ ကမ်းနားလမ်း၊ ချင်းတွင်းမြစ်အတွင်းမှာ အမျိုးသား (၆)ဦး၊ အမျိုးသမီး (၁)ဦး စုစုပေါင်း (၇)ဦး လိုက်ပါလာတဲ့ စက်တပ်လှေတစ်စီးတိမ်းမှောက်ခဲ့ကြောင်း၊ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦးကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပေမဲ့ ကျန် အမျိုးသား (၅)ဦး ပျောက်ဆုံးနေလို့ ညနေပိုင်းအထိ ရှာဖွေနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

“မုံရွာသင်္ဘောကျင်းကနေ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ စက်လှေနဲ့ သူတို့ရွာကို ပြန်တာမှာ မှောက်သွားတာ။ လောလောဆယ် စက်လှေကတော့ ပြန်တွေ့တယ်။ ပျောက်နေတဲ့ ယောကျာ်း ၅ ယောက်ကိုတော့ ဆက်ရှာနေတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မုံရွာ ဇက်ဆိပ်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာခဏ ဝင်ရောက်စစ်ဆေးဖမ်းဆီးလေ့ရှိတဲ့နေရာတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ လူငယ်အချို့ ပေါ်တာဆွဲခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။ လူငယ်တွေဟာ စစ်ကောင်စီတပ်ပေါ်တာဆွဲတဲ့အန္တရာယ်ကြားကနေ မြို့ပေါ်ကို အရဲစွန့်လာရောက်အလုပ်လုပ်ကိုင်နေကြရတာဖြစ်ပြီး ယခုလို သဘာဝဘေးအန္တရာယ်ကိုပါ ကြုံတွေ့ရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ လူတစ်စုက စစ်ကောင်စီရဲ့ တိုင်းရုံးက ရဲတွေလို့ဆိုပြီး နေအိမ်နဲ့ ဆိုင်ခန်းတွေကို ခြိမ်းခြောက်ငွေလိုက်တောင်းနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အမှတ် (၃) အခြေခံ ပညာအထက်တန်းကျောင်း (အထက ၃)မှာ ဆရာမတွေခိုင်းလို့ ကျောင်းတံခါးသွားပိတ်တဲ့ (၉) တန်းကျောင်းသား သံတံခါး​ပိမိလို့ ပြင်းထန်ဒဏ်ရာရပြီး ဆေးရုံမှာ အရေးပေါ်​ဆေးကုသမှု ခံယူနေရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) စခန်းကို အမျိုးသားညီညွတ် ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မုံရွာခရိုင်တပ်ရင်းတွေက ဝင်ရောက်စီးနင်းပစ်ခတ်လို့ ပလဖအဖွဲ့ဝင်အချို့ သေဆုံးတယ်လို့သတင်းရရှိပါတယ်။