Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အာဏာသိမ်းပြီး ရက်​ပေါင်း ၂၀၀၀ ကြာတဲ့အခါကုန်း​ဈေးနှုန်း ဘယ်​လောက်တက်သွားလဲ

ဇူလိုင်-၂၄၊၂၀၂၆။People’s Spring

ဒီ​နေ့ဟာ စစ်တပ်အာဏာသိမ်းတာ ရက်​ပေါင်း ၂၀၀၀ တိတိပြည့်တဲ့​နေ့ပါ။

​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက် ၂၀၂၀ မှာ ကမ္ဘာ့ကပ်​ရောဂါ ကိုဗစ်ရင်ဆိုင်ခဲ့ရ​ပေမယ့် ​အရပ်သားအစိုးရဦး​ဆောင်မှုနဲ့ ကပ်​​ရောဂါကိုအ​ကောင်းဆုံးရင်ဆိုင်ပြီး ကိုဗစ်အလွန်ကာလမှာ ပြန်လည်ထူ​ထောင်​ရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုး​ရေး​တွေကို အရှိန်အဟုန်းနဲ့ လုပ်ဖို့ ပြင်ဆင်ထားချိန်မှာပဲ မင်း​အောင်လှိုင် ဦး​ဆောင်တဲ့စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းတာက တိုင်းပြည်ဘယ်​လောက်ပျက်စီး​စေခဲ့လဲ ဆိုတာ ​သေဆုံးခဲ့ရတဲ့ပြည်သူ​တွေ ၊မီးရှို့ဖျက်ဆီးခံရတဲ့​နေအိမ်​တွေ ၊အိုးအိမ်စွန့်ထွက်​ပြေး​နေရတဲ့ပြည်သူ​တွေ ၊ ​နေ့စဥ်နဲ့အမျှ ဗုံးကြဲသတ်ဖြတ်ခံ​နေရတဲ့ဖြစ်ရပ်​တွေ ၊ ပြည်သူ​တွေဟာဘာအပြစ်မှမကျူးလွန်ပါပဲ ​ငွေ​ဖောင်းပွပြီးကုန်​​​ဈေးနှုန်း​တွေတက်ကာ ပြည်သူ​တွေ​နေရင်းထိုင်ရင်းပိုဆင်းရဲကုန်တာ ၊အငတ်​ဘေးကြုံရသူ ပိုများလာတာ၊ပညာသင်ယူခွင့်မရသူတိုးလာတာ ၊ကျန်းမာ​ရေး​​စောင့်​ရှောက်မှုမရသူ​တွေပိုများလာတာ၊စစ်ဖိနပ်​အောက်မှာ ဘယ်သူမဆို အချိန်မ​ရွေး​သေနိုင်တာ၊​ထောင်ကျခံရနိုင်တာ၊စစ်သားသစ်စု​​ဆောင်းခံရနိုင်တာ ၊​ကျောလုံလုံမအိပ်ရ မ​နေရတဲ့ အ​ခြေအ​နေ​ စတဲ့ညွန်းကိန်း​တွေက အထင်အရှားပြသ​နေပါတယ်။

Public Service Announcement

Public Service Announcement

စစ်ဖိနပ်​အောက် ငါးနှစ်​ကျော်အတွင်းကုန်​ဈေးနှုန်း​တွေ ဘယ်လိုဖြစ်ကုန်လဲဆိုတာသိနိုင်ဖို့ စစ်တပ်အာဏာမသိမ်းခင်း ၂၀၂၁ ဇန်နဝါရီ ၃၁ ရက်နဲ့ ၂၀၂၆ ဇူလိူင် ၂၄ ရက်​ဈေးနှုန်း​တွေကို နှိုင်းယှဥ်​ဖော်ပြ​ပေးလိုက်ပါတယ်။​

ငါးနှစ်​ကျော်အတွင်းနေ့တဓူဝ သုံးစွဲရတဲ့အ​ခြေခံကုန်​စည်​တွေရဲ့ဈေးနှုန်း​တွေဟာ အနည်းဆုံး ၃ဆ က​နေ ၇ ဆ​လောက်အထိ​ဈေးထိုးတက်ကုန်တာ​တွေ့ရပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ပြည်တွင်း၊ပြည်ပ ထုတ်ကုန်ကန့်သတ်မှုတွေကြောင့် ကြက်စာတွေဈေးကြီးပြီး ဝယ်လိုအားကို မဖြည့်နိုင်တာကြောင့် ကြက်ဥ ဈေး ကျပ် ၇၀၀အထိ မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

သတင်း

ရခိုင်ပြည်နယ်အတွင်း ကုန်စည်တွေအဓိက ဝင်တဲ့ ချင်း - မကွေးအစပ် ဆောလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ကုန်သွယ်ရေးလမ်းကြောင်းပိတ်နေတာ၊ မိုးဦးကာလ လမ်းတွေပျက်နေတာတွေကြောင့် ရခိုင်ပြည်နယ်မှာ အခြေခံစားသောက်ကုန်တွေ စျေးတက်နေပါတယ်။

နိုင်ငံတကာ

ကုန်စျေးနှုန်းနဲ့ လူနေစရိတ်တွေ မြင့်တက်လာမှုကို တန်ပြန်တဲ့ အနေနဲ့ ကုန်စည်တွေကို အထူးလျှော့စျေးနဲ့ အပတ်စဉ် ရောင်းချပေးမယ့် အစီအစဉ်ကို ထိုင်းအစိုးရက မိတ်ဆက်ခဲ့ပါတယ်။

သတင်း

“ကြောက်မက်ဖွယ်နဲ့ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားဖိနှိပ်မှုတွေက ဆက်လက်ဖြစ်ပေါ်နေပါတယ်” – ဥရောပသမဂ္ဂသံအမတ်ကြီး ဧပြီ-၂၊ ၂၀၂၆။ သော်မွန်/People’s Spring မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအကျပ်အတည်းဟာ အဆိုးရွားဆုံးနဲ့ အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက လျစ်လျူရှုထားလို့ မရကြောင်း ဗြိတိန်လူ့အခွင့်အရေးသံအမတ်ကြီးအယ်လီနာဆန်ဒါးစ်က ပြောပါတယ်။ မတ်လ ၃၁ ရက်က...