Connect with us

Hi, what are you looking for?

သတင်း

ကုလသမဂ္ဂရဲ့ မြန်မာပြည်သူတွေအတွက် ပျက်ကွက်မှုတွေ ပြုပြင်တည့်မတ်ဖို့ ကရင်လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

(၂၀၂၆ မေလ ၁၂ ရက်က ဒူးသထူ (သထုံ)ခရိုင်၊ ဘီးလင်းမြို့နယ်၊ နိုဘယ်ဘောကျေးရွာအုပ်စုကို စစ်တပ်က ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - KHRG)

ဇူလိုင် ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

KHRG က ဇူလိုင် ၂၂ရက်မှာ ထုတ်ပြန်ခဲ့တဲ့ စစ်တပ်အာဏာသိမ်းမှု (၅)နှစ်ကျော်အတွင်း စစ်ရှောင်နေရမှု အခြေအနေများ၊ အမျိုးသမီးများ ရုန်ကန်နေရတဲ့ အတွေ့အကြုံများ ဖော်ပြတဲ့ အစီအရင်ခံစာမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာသို့ အကြံပြုချက်မှာ အခုလိုတိုက်တွန်းထားတာပါ။

ကုလရဲ့ ပျက်ကွက်မှုတွေ ပြုပြင်တည့်မတ်ရေး အရပ်ဘက်အဖွဲ့တွေ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်ရာမှာ ဒေသတွင်းအတွေ့အကြုံများအပေါ် အခြေခံထားတဲ့ ကျွမ်းကျင်မှုများကို အလေးအနက်ထား ထည့်သွင်းစဉ်းစားတာ၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ထိခိုက်ခံစားရသူများကို လူရာမဝင်တဲ့ ဒုက္ခခံစားရသူများအဖြစ်သဘောမထားဘဲ ပွင့်လင်းမြင်သာမှုရှိသောပူးပေါင်းဆောင်ရွက်မှုများလိုအပ်တယ်လို့လည်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

” လက်တွေ့ကျကျဆိုရသော် စစ်အုပ်စုသည် အဓိကပြဿနာအရင်းခံဖြစ်ကြောင်း တရားဝင် အသိအမှတ်ပြုခြင်းနှင့်အတူ စစ်တပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် မြန်မာပြည်သူများကိုယ်တိုင် လုပ်ဆောင်နေသည့် လက်ရှိကြိုးပမ်းအားထုတ်မှုများကို ထိရောက်စွာပံ့ပိုးကူညီခြင်းကို ဆိုလိုသည်” လို့ KHRGက ဖော်ပြပါတယ်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုနဲ့ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကိုတွန်းအားဖြစ်စေတဲ့ အားလုံးပါဝင်နိုင်သောဒီမိုကရေစီနည်းကျသော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းလာစေဖို့ လုပ်ဆောင်နေကြတဲ့ ဒေသခံအဖွဲ့အစည်းတွေဟာ ကာလကြာရှည် အတွေ့အကြုံများ၊ ဒေသတွင်းလက်လှမ်းမီနိုင်မှုနဲ့ ဒေသခံထူထုနဲ့ အပြန်အလှန်ယုံကြည်မှုရှိတဲ့ အလျောက် အဲဒီလို ဒေသတွင်း တရားဝင်ကိုယ်စားပြုမှုရှိသော ဒေသခံအဖွဲ့အစည်းများထံသို့ ဘဏ္ဍာရေး၊ နိုင်ငံရေးနဲ့ နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများပေးအပ်ရန် KHRGက တိုက်တွန်းထားပါတယ်။

နိုင်ငံရေး၊ သံတမန်ရေးနှင့် စီးပွားရေးဆိုင်ရာထိတွေ့ဆက်ဆံမှုများအပါအဝင် စစ်အုပ်စုရဲ့ “အစိုးရ” ကို တရားဝင်မှုဖြစ်စေမယ့် မည်သည့်လုပ်ရပ်ကိုမဆို တရားဝင်ဆက်လက်ရှုတ်ချဖို့၊ ရှောင်ကြဉ်ဖို့ တိုက်တွန်းထားပါတယ်။

၂၀၂၅ – ၂၀၂၆ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲတွေဟာလွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲများမဖြစ်သကဲ့သို့ မြန်မာပြည်သူလူထုရဲ့ ဆန္ဒကိုလည်း ကိုယ်စားမပြုဘူးလို့ ဖော်ပြထားပါတယ်။

အရပ်သားအုပ်ချုပ်ရေးသို့ ကူးပြောင်းခြင်းဖြစ်တယ်လို့ စစ်တပ်မှ အကြောင်းပြလုပ်ဆောင် တဲ့ လုပ်ရပ်များဟာ ဟန်ပြသက်သက်သာဖြစ်ပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းခြင်းကို မဆိုလိုကြောင်း သတိပေးထားပါတယ်။

ရုရှားနဲ့ တရုတ်နိုင်ငံကဲ့သို့ မြန်မာစစ်အုပ်စုထံ သံတမန်ရေးရာအရ ကျောထောက်နောက်ခံပေးနေတဲ့ နိုင်ငံတွေဟာ စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံမှုအားလုံးကို ရပ်တန့်ဖို့ တိုက်တွန်းထားပြီး အဲဒီ နိုင်ငံများဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အရေးယူဆောင်ရွက်မှုများကို ပိတ်ဆို့ခြင်း၊ စစ်အုပ်စုရဲ့တရားဝင်မှုကို ပြန်လည် အသက်ဝင် စေခြင်းနဲ့ လက်တွေ့တွင် ပြည်သူလူထုအပေါ် တိုက်ရိုက်ထိခိုက်နစ်နာစေသော ပဋိပက္ခရလဒ်များကိုလွှမ်းမိုးခြယ်လှယ်ခြင်းဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှုကို အားပေးကူညီနေကြောင်း KHRG က ဖော်ပြထားပါတယ်။

လက်ရှိတွင် စစ်အုပ်စုနှင့်ထိတွေ့ဆက်ဆံမှုမပြုသည့် နိုင်ငံများအနေဖြင့် ရုရှား၊ တရုတ်နဲ့ အခြားနိုင်ငံများကိုလည်း ထိုနည်းတူ လုပ်ဆောင်လာစေဖို့ ဖိအားပေးသင့်ကြောင်းလည်း အကြံပြုထားပါတယ်။

စစ်အုပ်စုနဲ့ ၎င်းတို့ရဲ့ မိတ်ဖက်များ အမြတ်ထုတ်အသုံးချနေတဲ့ ဥပဒေဟာကွက်များကိုပိတ်ဆို့ခြင်းဖြင့် လက်ရှိချမှတ်ထားသော စစ်ရေးပိတ်ဆို့အရေးယူမှုများကို တင်းကျပ်စွာအကောင်အထည်ဖော်ရန်နဲ့ မြန်မာစစ်တပ်အပါအဝင် စစ်လက်နက်ပစ္စည်းရောင်းဝယ်ပေးခြင်းမှတစ်ဆင့် စစ်တပ်ကိုအားပေးကူညီနေသူများရဲ့ လက်နက်၊ စက်သုံးဆီနဲ့ အခြားစစ်ဘက်ဆိုင်ရာပစ္စည်းများအ‌ပေါ် ပိတ်ဆို့အရေးယူမှုများထပ်တိုးချမှတ်ဖို့ KHRG က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

မြန်မာပြည်သူတွေရဲ့ အသက်ပေါင်းများစွာနဲ့ အနာဂတ်ကို ကယ်တင်ဖို့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိမှု(R2P) အကောင်အထည်ဖော်ဖို့ကိစ္စ ကြာမြင့်စွာနှောင့်နှေးနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇူလိုင် ၆ရက်မှာ ကျင်းပတဲ့ကုလသမဂ္ဂ အစည်းအဝေးတရပ်မှာ ထပ်မံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဉာဏ်ရည်တု နည်းပညာ (AI)က လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ထိန်းချုပ် ပုံသွင်းတဲ့ အခြေအနေထိ ရောက်မသွားခင် နိုင်ငံတကာ အစိုးရ အသီးသီးက စုပေါင်း အဖြေရှာကြဖို့ ကုလသမဂ္ဂ (UN) အကြီးအကဲက သတိပေး ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ ရွေးကောက်ပွဲပတ်ဝန်းကျင် ၆ လတာကာလအတွင်း အရပ်သား ပြည်သူ ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကထုတ်ပြန်ပါတယ်။