Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူး၊ နွယ်ရုံရွာမှ ထမင်းဆိုင် ပစ်ခတ်ခံရပြီး စစ်တပ်က ဒေသခံ ၅ ဦးထက်မနည်းကိုဖမ်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊နွယ်ရုံကျေးရွာက ထမင်းဆိုင်ရှင်အပါအဝင်ဒေသခံ ၅ ဦး သေနတ်နဲ့ပစ်ခတ်ခံရလို့သေဆုံးသွားပြီး နောက် စစ်တပ်က ဒေသခံပြည်သူ တွေကိုဝင် ရောက်ဖမ်းဆီး​နေတာ​ကြောင့် ၅ဦးထပ်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံ တွေက​ပြောပါတယ်။

(ရှမ်း-မန်းစစ်ဆင်​ရေးနဲ့ အတူ မန္တ​လေးPDF နဲ့မဟာမိတ်​တွေက ၂၀၂၄ ဇွန်လမှစပြီး စဥ့်ကူးမြို့နယ်ကစစ်စခန်း​တွေကိုထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ နွယ်ရုံရွာရှိ ရဲကင်းစခန်းကို PDF ​တွေသိမ်းပိုက်ပြီး​တွေ့ရစဥ်။ ဓါတ်ပုံ-MDY-PDF )

ဇူလိုင်-၂၈၊၂၀၂၆။ကတ်သရင်း/People’s Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊နွယ်ရုံကျေးရွာက ထမင်းဆိုင်ရှင်အပါအဝင်ဒေသခံ ၅ ဦး သေနတ်နဲ့ပစ်ခတ်ခံရလို့သေဆုံးသွားပြီး နောက် စစ်တပ်က ဒေသခံပြည်သူ တွေကိုဝင် ရောက်ဖမ်းဆီး​နေတာ​ကြောင့် ၅ဦးထပ်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံ တွေက​ပြောပါတယ်။

ဇူလိုင်လ၂၆ ရက်နေ့၊ညပိုင်းက နွယ်ရုံ ကျေးရွာ၊ကောင်းဆက်သာ ထမင်းဆိုင်ပိုင်ရှင် ဦးမြင့် အောင်(၇၆)နှစ်ဟာတရွာထဲနေ ဦးနိုင်ဝင်း ကျော်(၃၂)နှစ်၊ဦးဇော် ဇော်(၃၃)နှစ်၊ဦးသက်မိုးဇော်(၃၅)နှစ်၊ဦးနိုင်ဦး(၅၆)နှစ်တို့ ဆိုင်အတွင်း ထိုင် နေစဉ် လက်နက်ကိုင် ဆောင်ထားသူ ၄ ဦးဟာ ဆိုင်ကယ် ၂စီး နဲ့ရောက်လာပြီး ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

“အုပ်ချုပ်ရေးမှူးရုံးရဲ့ကျောဘက်ကဆိုင်ကိုဝင်ပစ်သွားတာပါ။အပစ်ခံရတဲ့လူက အုပ်ကြီးရဲ့လူတွေလို့ကြားတယ်။ကျန်တဲ့သူတွေတော့ မသိဘူး။အခု ည၈နာရီ နောက်ပိုင်းမထွက်ရ လို့ပိတ်ထားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီဖြစ်စဉ်အပြီးဇူလိုင်လ၂၇ ရက်မှာ မန္တလေးမြို့ကနေ စစ်ကား၅ စီးထွက်လာပြီး ညပိုင်းမှာကျေးရွာအတွင်း ကပြည်သူတွေကိုလိုက် လံဖမ်းဆီးတာ တွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။အနည်းဆုံးပြည်သူ ၅ ဦးထပ်မနည်းဖမ်းဆီးခံရပြီး ဖမ်းဆီးခံရသူ​တွေဟာဒေသခံ အမျိုးသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုကို မည်သည့်တပ်ဖွဲ့ကပြုလုပ်သည်ကို မသိရသလို TRIဗျူဟာကလည်း ၎င်းတို့တပ်ဖွဲ့ကပြုလုပ်ခြင်းမဟုတ်ဘဲ အမှုမှန်​ပေါ်​ပေါက်​ရေးဝိုင်းဝန်း​ဆောင်ရွက်​နေ​​ကြောင်း ဗျူဟာတာဝန်ရှိသူက လူမှုကွန်ယက်မှာ​ရေးသားထားပါတယ်။

စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်​တွေက အထက်ပါ ၅ ဦးကိုပစ်တာက PDF ​တွေဖြစ်ပြီး အပစ်ခံသူ​တွေက ​ထောက်ပို့​တွေဖြစ်ကာ၊​ထောက်ပို့​ငွေလိမ်သွားတဲ့အတွက် ပစ်ခတ်သတ်ဖြတ်တာဆိုပြီး သတင်းအမှားဖြန့်ချီ​နေကြတာကို​တွေ့ရပါတယ် ။

စဥ်ကူးမြို့နယ်ကို ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး) နဲ့မဟာမိတ်​တွေက ၂၀၂၄ ဇူလိုင်လမှာ ရှမ်းမန်းစစ်ဆင်​ရေးနဲ့အတူ စစ်တပ်စခန်း​တွေကိုထိုးစစ်ဆင်သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ် ။ဒါ​ပေမယ့် ၂၀၂၅ မှာစစ်တပ်က တန်ပြန်ထိုးစစ်ဆင်ပြီး ၂၀၂၅ ဒီဇင်ဘာ ၁၉ မှာပြန်လည်ထိမ်းချုပ်သွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လင်မယား ၂ဦး ထိမှန်ပြီး ဇနီးဖြစ်သူ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ကြက်တူရွေးရွာကို စစ်တပ်က လက်နက်ကြီးဗုံးသီးတွေကို ဒရုန်းမှာ တပ်ကာ ဗုံးကြဲခဲ့တာမို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အမျိုးသမီးမှာ ပြင်းထန်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ မန္တလေးတိုင်း၊ စဥ်ကူးမြို့တို့မှာ ဒီကနေ့ မနက်က ငလျင် ၂ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Facebook