Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားဆီက တပ်ကူအင်အား သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှား ဆွေးနွေးနေ

နောက်ထပ် မြောက်ကိုရီးယားစစ်သည် သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှားက ဆွေးနွေးနေကြောင်း သိရှိရပါတယ်။

ဓာတ်ပုံ - KCNA

နောက်ထပ် မြောက်ကိုရီးယားစစ်သည် သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှားက ဆွေးနွေးနေကြောင်း သိရှိရပါတယ်။

ရုရှား သံတမန်ရေး သတင်းရင်းမြစ် တစ်ဦးက ယူကရိန်း စစ်ပွဲမှာ ကူညီ တိုက်ခိုက်ပေးဖို့ မြောက်ကိုရီးယား စစ်သည် နောက်ထပ် ၂၀၀၀၀ လောက် အားဖြည့် ပို့ဆောင်ပေးဖို့ ရုရှားက တောင်းဆိုထားပြီး မဟာမိတ် နှစ်နိုင်ငံကြား အဲဒီကိစ္စကို ညှိနှိုင်းနေကြကြောင်း ဂျပန်ရဲ့ NHK သတင်းဌာနဆီ ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ရုရှားနိုင်ငံ အနောက်ဖက်ခြမ်းမှာရှိတဲ့ ကာ့စ်ခ်ဒေသကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ယူကရိန်း တန်ပြန်ထိုးစစ်ကို ခုခံရာမှာ ရုရှားကို ကူညီဖို့ စစ်သည် ၁၀၀၀၀ ကျော်လောက် စေလွှတ်ထားခဲ့ပြီး ဖြစ်ပါတယ်။

NHKရဲ့ သတင်းရင်းမြစ်က နောက်ထပ် မြောက်ကိုရီးယား တပ်ဖွဲ့ဝင် ၂၀၀၀၀ လောက် ရုရှားဆီ တပ်ကူ စေလွှတ်ပေးရေး ဖြစ်နိုင်ခြေ အလားအလာတွေကို ဇူလိုင် ၁၉ ရက်နေ့တုန်းက မော်စကိုမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ချိုဆွန်ဟွေတို့ ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တကယ်လို့ အစီအစဉ် အထမြောက်ရင် ရုရှားတပ်တွေ ထိန်းချုပ်ထားပြီး ရုရှားက ပိုင်နက်နယ်မြေအဖြစ် ကြေညာထားတဲ့ ယူကရိန်း အရှေ့ပိုင်း၊ ဒွန်းဘက်စ် ဒေသဆီ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေကို စေလွှတ်သွားနိုင်ခြေ ရှိနေကြောင်းလည်း သိရပါတယ်။

အစောပိုင်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း ရုရှားဟာ မြောက်ကိုရီးယား တပ်ဖွဲ့ဝင် နောက်ထပ် ၃၀၀၀၀ လောက်ကို ထပ်မံစစ်ကူ ခေါ်ယူနိုင်ဖို့ ကြိုးစားနေကြောင်း စွပ်စွဲ ပြောဆိုခဲ့ပါတယ်။ ရုရှားနဲ့ မြောက်ကိုရီးယားတို့ကတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး တရားဝင် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ ၂၀၂၄ ခုနှစ်မှာ ကာကွယ်ရေးစာချုပ် ချုပ်ဆိုခဲ့ပြီး ပိုင်နက်နယ်မြေတွေ ကျူးကျော်ခံရရင် အပြန်အလှန် ကူညီကာကွယ်ဖို့ ကတိထားရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ကာ့စ်ခ်ဒေသကို ယူကရိန်းတပ်တွေ ဝင်ရောက်ချိန်မှာ မြောက်ကိုရီးယားက တပ်တွေစေလွှတ်ပြီး ရုရှားဖက်က ကူညီ တိုက်ခိုက်ခဲ့တာပါ။

ဒါပေမဲ့ ယူကရိန်း ပိုင်နက်ထဲ ရုရှားတပ်တွေ ကျူးကျော်ဝင်ရောက်တဲ့ စစ်ဆင်ရေးမှာပါ မြောက်ကိုရီးယားက စစ်ကူပေးမယ် ဆိုရင်တော့ နှစ်နိုင်ငံ စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေဟာ နောက်တစ်ဆင့် တိုးလာတဲ့ အဓိပ္ပါယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

ကိုးကား: NHK

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

Facebook