Connect with us

Hi, what are you looking for?

သတင်း

၈လေးလုံး အရေးတော်ပုံ (၃၈)နှစ်မြောက် ထီးသပိတ်လှုပ်ရှားမှုမှာ ပြည်သူတွေပါဝင်ကြဖို့ ရန်ကုန်လူထုသပိတ် လှုံ့ဆော်

လာမယ့် သြဂုတ် ၈ ရက်မှာ ကျရောက်မယ့် (၃၈) နှစ်မြောက် ၈လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အနေနဲ့ ပြုလုပ်မယ့် “၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု” မှာ ပြည်သူတွေနဲ့ ကမ္ဘာတဝန်းက မြန်မာ့အရေးထောက်ခံတွေ ပါဝင်ကြဖို့ ရန်ကုန်လူထုသပိတ်က ဒီကနေ့ (သြဂုတ် ၂) မှာ တိုက်တွန်းလှုံ့ဆော်ထားပါတယ်။

ဓာတ်ပုံ - ရန်ကုန်လူထုသပိတ်

သြဂုတ် ၂၊၂၀၂၆။သုည/People’s Spring

လာမယ့် သြဂုတ် ၈ ရက်မှာ ကျရောက်မယ့် (၃၈) နှစ်မြောက် ၈လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အနေနဲ့ ပြုလုပ်မယ့် “၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု” မှာ ပြည်သူတွေနဲ့ ကမ္ဘာတဝန်းက မြန်မာ့အရေးထောက်ခံတွေ ပါဝင်ကြဖို့ ရန်ကုန်လူထုသပိတ်က ဒီကနေ့ (သြဂုတ် ၂) မှာ တိုက်တွန်းလှုံ့ဆော်ထားပါတယ်။

၁၉၈၈ ဩဂုတ် ၈ရက်က စတင်ခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေက ဒီနေ့ခေတ် နွေဦးတော်လှန်ရေးအထိ ဆက်လက်ရှင်သန်နေဆဲဖြစ်ကြောင်းနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြတဲ့ ပြည်သူတွေရဲ့ယုံကြည်ချက်နဲ့ တော်လှန်စိတ်ဓာတ်က ဖိနှိပ်လေလေ ခိုင်မာအားကောင်းနေဆဲ ဖြစ်ကြောင်း ပြသပေးဖို့ ရန်ကုန်လူထုသပိတ်က နှိုးဆော်ခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုမှာ ရှစ်လေးလုံးထီးသပိတ်နဲ့ (၈) သင်္ကေတပါဝင်သော သင်္ကေတပြ လှုပ်ရှားမှုတွေ ပြုလုပ်ကြဖို့ ရန်ကုန်လူထုသပိတ်က လှုံ့ဆော်ထားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“ရှစ်လေးလုံးအရေးတော်ပုံနေ့မှာ နိုင်ငံအသီးသီးက ပြည်သူတွေ ထီးသပိတ်ကို ပူးပေါင်းပါဝင်ကြဖို့ မေတ္တာရပ်ခံတာပါ။ ထီးသပိတ်မှ မဟုတ်ဘူး (၈) သင်္ကေတပြ လှုပ်ရှားမှုတွေနဲ့လည်း ပါဝင်နိုင်ပါတယ်။ ပြည်တွင်းက ပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့ လုံခြုံရေးကို ဂရုစိုက်ပြီး အွန်လိုင်းကနေတဆင့် ပါဝင်နိုင်ကြပါတယ်။ လွတ်မြောက်ဒေသက ပြည်သူတွေလည်း တော်လှန်ရေးက မရပ်တန့်သေးဘူး အားကောင်းနေဆဲ ဆိုတာ ပြသဖို့ ပူးပေါင်းလုပ်ဆောင်ပေးကြဖို့ကို တိုက်တွန်းလိုပါတယ်” လို့ မြို့ပြသပိတ်အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နယ်သာလန်နိုင်ငံ The Hague မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့ Den Haag Central နဲ့ Utrecht Central station တို့မှာ (၃၈) နှစ်မြောက် ၈လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၉)...

သတင်း

စစ်ကိုင်း၊ မကွေး၊ တနင်္သာရီနဲ့ ရှမ်းပြည်နယ်တို့မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ယနေ့ (သြဂုတ် ၈) ကျရောက်တဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံ (၃၇)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

ယနေ့ (သြဂုတ် ၈)ကျရောက်သည့် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး (၃၇)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် သြစတြေးလျ၊ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံးထီးသပိတ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု​တို့ကို ပြုလုပ်ခဲ့ကြသည်။

ဆောင်းပါး

မျက်နှာမှာ သွေးတွေ စိမ့်ထွက်နေပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အသက်၂၃နှစ်အရွယ် လူငယ်တ‌ ယောက်ရဲ့ ပုံ တွေ ၂၀၂၂ခုနှစ်မှာ စစ်တပ်က ထုတ်ပြန်ခဲ့ဖူးပါတယ်။