Connect with us

Hi, what are you looking for?

သတင်း

ဘန်ကောက်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့မှာ ရှစ်လေးလုံးထီးသပိတ် လှုပ်ရှားမှု ပြုလုပ်

(၃၈)နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ဒီကနေ့ (ဩဂုတ် ၈) မနက်အစောပိုင်းမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့မှာ ရှစ်လေးလုံးထီးသပိတ် လှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်က ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရန်ကုန်လူထုသပိတ်

သြဂုတ် ၈၊၂၀၂၆။သုည/People’s Spring

(၃၈)နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ဒီကနေ့ (ဩဂုတ် ၈) မနက်အစောပိုင်းမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့မှာ ရှစ်လေးလုံးထီးသပိတ် လှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်က ပြုလုပ်ခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုမှာ ရှစ်အရေးတော်ပုံရဲ့ သင်္ကေတဖြစ်တဲ့ ၈ သင်္ကေတတွေနဲ့ အနီရောင်ထီးတွေကို အသုံးပြုခဲ့ပါတယ်။

၁၉၈၈မှာ ပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်အတွက် တောင်းဆိုခဲ့တဲ့ စိတ်ဓာတ်ဟာ (၃၈)နှစ်ကြာပြီးနောက် ဒီကနေ့အချိန်အထိ ဆက်လက်ရှင်သန်နေကြောင်း ဖော်ပြတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာလို့ ရန်ကုန်လူထုသပိတ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ မြန်မာကလေးတွေ အပါအဝင် လူကုန်ကူး ခံရတယ်လို့ ယူဆရတဲ့ ကလေး ၉ ဦးနဲ့ မိန်းကလေးငယ် ၁ ဦးကို တာဝန်ရှိသူတွေက ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ထဲက မြို့နယ်တစ်ခုထဲမှာ လျှပ်စစ်ဓာတ်အားခွဲ စက်ရုံတစ်ခု မီးလောင်မှု ဖြစ်ပွားပြီး ပေါက်ကွဲသံတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က တရုတ် ဘုရားကျောင်း တစ်ခုထဲကို ကားတစ်စီးအရှိန်နဲ့ ဝင်တိုက်ခဲ့ရာကလူတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က ရေကြီးမှုတွေနဲ့ ဆက်စပ်ပြီး သုဝဏ္ဏဘူမိ နိုင်ငံတကာ လေဆိပ်က လုပ်ငန်းလည်ပတ်မှုတွေမှာလည်း နှောင့်နှေးမှုတွေ ပြဿနာတွေနဲ့ ကြုံတွေ့နေကြောင်း သိရပါတယ်။