Connect with us

Hi, what are you looking for?

သတင်း

ဖောင်းပြင်မှာ ပကဖလှုပ်ရှားတပ်ဖွဲ့ဝင်ရဲ​ဘော်က​ဒေသခံတဦးကို ရိုက်နှက်ခဲ့လို့ ခေါင်း​ဆောင်ကိုယ်တိုင်မိသားစုထံသွား​တောင်းပန်

ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(ပ.က.ဖ)လှုပ်ရှားတပ်ဖွဲ့မှ ရဲဘော်တဦးက ဒေသခံတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့မှုအတွက်ကျူးလွန်ခံရသူ မိသားစုထံ လှုပ်ရှားတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် အုန်း

ဓါတ်ပုံ- ​ဖောင်းပြင် ပ.က.ဖ လှုပ်ရှားတပ်ဖွဲ့

သြဂုတ်-၄၊၂၀၂၆။ဇော်ရမ်း/People’s Spring

ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(ပ.က.ဖ)လှုပ်ရှားတပ်ဖွဲ့မှ ရဲဘော်တဦးက ဒေသခံတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့မှုအတွက်ကျူးလွန်ခံရသူ မိသားစုထံ လှုပ်ရှားတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် အုန်းသီး၊ငှက်​ပျောပွဲနဲ့သွားရောက်တောင်းပန်ခဲ့ပါတယ်။

မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် ပ.က.ဖ လှုပ်ရှားတပ်ဖွဲ့မှ ရဲဘော်သိမ်းနက်ကဒေသခံပြည်သူတစ်ဦးကို ရိုက်နှက်ခဲ့တာပါ။ ပ.က.ဖ လှုပ်ရှားတပ်ဖွဲ့ဦးဆောင်သူ ဗိုလ်မောက်က ကျူးလွန်ခံရသူ မိသားစုထံ ကိုယ်တိုင်သွားရောက်တွေ့ဆုံပြီးတာဝန်သိစိတ်၊တာဝန်ခံစိတ်ဖြင့် တောင်းပန်ခဲ့တယ်လို့ ဖောင်းပြင်မြို့နယ်ပ.က.ဖ လုပ်ရှားတပ်ဖွဲ့ကဩဂုတ်လ ၄ ရက်မှာထုတ်ပြန်ပါတယ်။

ရဲဘော်တစ်ဦးရဲ့အမှားဟာအဖွဲ့အစည်းရဲ့တာဝန်ဖြစ်သည် ဟူသောခံယူချက်နဲ့ အမှားကို တာဝန်ခံပြီး ဝန်ချတောင်းပန်ခဲ့ခြင်း ဖြစ်တယ်လို့ ​ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အခုလို တာဝန်ယူမှုရှိစွာလာရောက်တောင်းပန်ခြင်းကို လေးစားဂုဏ်ယူကြောင်းနဲ့နောင်အခါတွင်လည်း ရဲဘော်များအနေဖြင့် ပြည်သူများကို မိဘ၊ ညီအစ်ကိုမောင်နှမများကဲ့သို့ လေးစားတန်ဖိုးထား ဆက်ဆံစေလိုကြောင်း ကျူးလွန်ခံရသူ မိသားစုဘက်ကပြောတယ်လို့ ဆိုပါတယ်။

ယခုဖြစ်စဉ်အပေါ် အပြန်အလှန်နားလည်မှုနဲ့ ကြေအေးပေးခဲ့ပြီး၊ ရှေ့ဆက်၍လည်း တော်လှန်ရေးအောင်မြင်ရေးအတွက် အတူတကွ ပူးပေါင်းကာ အားသွန်ခွန်စိုက် ပါဝင်ကူညီသွားမယ်လို့ ပြောကြောင်းဖောင်းပြင်မြို့နယ်ပ.က.ဖ လုပ်ရှားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဖြစ်စဉ်ကိုသင်ခန်းစာယူပြီးရဲဘော်တွေစည်းကမ်းလိုက်နာရေး၊ ပြည်သူ့အပေါ် လေးစားမှုနဲ့တာဝန်ယူမှုရှိတဲ့အပြုအမူတွေကိုတင်းကျပ်စွာလိုက်နာ​စေဖို့ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။