Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အိမ်စီးကား မီးလောင်

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ Toyota Alphard ကားတစ်စီး အင်ဂျင်ခန်းကမီးစလောင်ခဲ့ပြီး ကားတစ်စီးလုံး မီးလောင်ဆုံးရှူံးခဲ့တယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်း ပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - Yangon-Mandalay Expressway Webportal

ဩဂုတ်-၄၊၂၀၂၆။တေဇ/People’s Spring

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ Toyota Alphard ကားတစ်စီး အင်ဂျင်ခန်းကမီးစလောင်ခဲ့ပြီး ကားတစ်စီးလုံး မီးလောင်ဆုံးရှူံးခဲ့တယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်း ပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ (ဩဂုတ်၄) နေ့လည် ၁ နာရီကျော်မှ ရန်ကုန်မြို့ကနေ နေပြည်တော်ဘက်ကိုသွားတဲ့ လမ်းဘက် မိုင်တိုင်အမှတ် ၁၄၃/၆ အနီးမှာ ကားအချက်ပြ မီးလင်းလာတာကြောင့် ရှေ့စက်ဖုံးကို ဖွင့်ကြည့်ချိန်မှာ အင်ဂျင်ခန်း မီးလောင်နေတာကို သိရှိခဲ့တာလို့ ဆိုပါတယ်။

ကားပေါ်မှာ အမျိုးသား ၅ဦး လိုက်ပါလာတာဖြစ်ပြီး မီးလောင်မှုမှာ ယာဉ်တစ်စီးလုံးဆုံးရှုံးလိုက်ရပေမယ့် ထိခိုက်ဒဏ်ရာ မရခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

မီးလောင်တဲ့ကားက မီးခိုးထွက်နေတာကြောင့် မီးတောက်ပြခဲ့ပေမယ့် မသိတာကြောင့် ကျော်တတ်ပြီး အသိပေးခဲ့ရတယ်လို့ မီးလောင်မှုကို မြင်တွေ့ခဲ့ရသူတစ်ဦးက ပြောပါတယ်။

မီးစလောင်ချိန်မှာ အဝေးပြေးယာဉ်တွေက မီးသတ်ဆေးဘူးတွေနဲ့ မီးငြှိမ်းခဲ့ပေမယ့် အချိန်ခဏလေးအတွင်း မီးကြီးလာတာလို့ဆိုပါတယ်။

မီးလောင်တဲ့ ယာဉ်ပေါ်က ဘတ္ထရီအိုးတွေကိုတော့ အနီးအနားကလူတွေက ကားမှန်တွေခွဲပြီး ထုတ်ပေးခဲ့တာကြောင့် ဘတ္ထရီအိုးတွေနဲ့ ပိုက်ဆံတွေ ကို အချိန်မီထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများ အနေဖြင့်မိမိယာဉ်၏ ကြံ့ခိုင်မှုအား လမ်းပေါ်မရောက်မီ သေချာစွာ စစ်ဆေးကြရန် လိုအပ်ပြီး အိမ်စီးကားများမှာ 100 km/hr ၊ ကုန်တင်ယာဥ်+ပစ်ကပ်ယာဥ်များ မှာ 60km/hr နှုန်းသာအများဆုံးမောင်းနှင်ကြပါရန်အထူး သတိပေးအပ်ပါ သည်။” လို့ အမြန်လမ်းမကြီးထိန်းသိမ်း ပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ တောဆင်ရိုင်းကို ဝင်တိုက်ရာက ကားမီးလောင်ပြီး လူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရသွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်ရဲ့ အထင်ကရ ရှေးအဆောက်အအုံ တစ်ခုနားမှာ ကားတစ်စီး ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်း၊မိုင်တိုင်၂၈၈/၇ဖာလုံက တလင်းကုန်းရဲကင်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲနှစ်ဦး သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်(အမှတ်၈တပ်ရင်း)က ပြောပါတယ်။

သတင်း

‌ဧပြီ၁၅၊၂၀၂၅။ဇော်ရမ်း/People’s Spring ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး၊ကျိုင်းတုံမြို့နယ် ကျောက်တောင်ကျေးရွာအနီးတွင် လူခုနစ်ဦးလိုက်ပါလာသည့် အိမ်စီးကားတစ်စီး ယနေ့(ဧပြီ ၁၅ရက်) မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ခဲ့သည်။ ကားပေါ်တွင် ကလေးငယ် လေးဦး၊ လူကြီး သုံးဦးလိုက်ပါလာခဲ့ပြီး ကားတစ်စီးလုံးမီးလောင်ပျက်စီးသွားသော်လည်း လူထိခိုက်မှုမရှိခဲ့ပေ။ အင်ဂျင်အပူလွန်ကဲပြီး မီးလောင်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဓာတ်ပုံ...