Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒေလီမှာ ကားတစ်စီး ပေါက်ကွဲပြီး လူ ၁၀ ဦးထက်မနည်း သေဆုံး

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်ရဲ့ အထင်ကရ ရှေးအဆောက်အအုံ တစ်ခုနားမှာ ကားတစ်စီး ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်ရဲ့ အထင်ကရ ရှေးအဆောက်အအုံ တစ်ခုနားမှာ ကားတစ်စီး ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့တုန်းက မြို့ရဲ့ အထင်ကရ သင်္ကေတ တစ်ခုဖြစ်တဲ့ ခံတပ်နီနဲ့ မလှမ်းမကမ်းက မြေအောက်ရထား ဘူတာတစ်ခုနားမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

ဒီဖြစ်စဉ်မှာ လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၃၀ ကျော် ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ မျှော်လင့်ချက် မရှိတော့သူတွေလည်း ပါဝင်နေတယ်လို့ အနီးမှာရှိတဲ့ လော့ခ်နာယက်ခ် ဆေးရုံရဲ့ ဆရာဝန် တစ်ဦးက မှတ်ချက်ပေးထားတာကြောင့် သေဆုံးစာရင်း တိုးလာဖွယ် ရှိနေပါတယ်။

ပေါက်ကွဲမှုရဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် ကားဗုံးဖြစ်နိုင်တယ်ဆိုတဲ့ ထင်ကြေးတွေ ပျံ့နှံ့နေပါတယ်။ ဒေလီ ရဲတပ်ဖွဲ့ အကြီးအကဲ ဆာတစ်ရှ် ဂိုလ်ချာကတော့ ဖြစ်နိုင်ခြေ အားလုံးကို ထည့်သွင်းစဉ်းစားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယ ပြည်ထဲရေးဝန်ကြီး အမစ်ရှားဟ်ဟာ ပေါက်ကွဲမှု ဖြစ်ပွားတဲ့ နေရာထိ သွားရောက် စစ်ဆေးခဲ့ပြီး ရဲတွေဟာ အနီးတဝိုက်က လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို ရရှိဖို့ လုပ်ဆောင်နေတယ်လို့ သတင်းထောက်တွေဆီ အသိပေးခဲ့ပါတယ်။

ဂိုလ်ချာက ပေါက်ကွဲမှု မဖြစ်ပွားခင် အချိန်ပိုင်းလေးမှာ အဲဒီကားဟာ ခပ်ဖြည်းဖြည်းမောင်းရင်း မီးပွိုင့် မီးနီနေချိန်မှာ ရပ်တန့်သွားတာကို ထောက်လှမ်းတွေ့ရှိထားတယ်လို့ ပြောပေမယ့် အသေးစိတ်ကို စုံစမ်းနေဆဲလို့ ဆိုပါတယ်။ ကားထဲက ထပြီး ပေါက်ကွဲခဲ့တာကြောင့် လိုက်ပါလာတဲ့ ခရီးသည်တွေ၊ ပတ်ဝန်းကျင်က ယာဉ်တွေကို ထိခိုက်သက်ရောက်စေခဲ့တယ်လို့ သူက ဆိုပါတယ်။ ဒီဖြစ်စဉ်မှာ ကား ၆ စီးနဲ့ သုံးဘီးဆိုင်ကယ် ၃ စီး မီးလောင်ကျွမ်းသွားခဲ့ပါတယ်။

လောလောဆယ်မှာတော့ အိန္ဒိယနိုင်ငံ အနှံ့က လေဆိပ်တွေ၊ ဘူတာတွေ၊ အစိုးရ အဆောက်အအုံတွေ၊ အမျိုးသား အမွေအနှစ် အဆောက်အအုံတွေ အားလုံးမှာ လုံခြုံရေးကို တပ်လှန့်ထားလိုက်ပါတယ်။ ဒေလီမှာရှိတဲ့ အိန္ဒိယ နိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကလည်း အိန္ဒိယရောက် အမေရိကန် နိုင်ငံသားတွေ အနေနဲ့ လူစည်ကားရာ နေရာတွေကို ရှောင်ရှားကြဖို့ နှိုးဆော်ထားပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက အခုဖြစ်စဉ်အတွင်း ထိခိုက်သေကြေခဲ့ရသူတွေနဲ့ မိသားစုဝင်တွေကို စာနာဝမ်းနည်းကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ သူက ဒဏ်ရာရသူတွေ အမြန်ဆုံး သက်သာလာစေဖို့လည်း ဆုတောင်းပေးထားပါတယ်။ ကာကွယ်ရေး ဝန်ကြီး ရက်ဂျ်နက်သ် ဆင်းကတော့ အဲဒီပေါက်ကွဲမှု သတင်းကို ကြားရတာ နာကျင်ပြီး ကြေကွဲစရာ ဖြစ်တယ်လို့ မှတ်ချက်ပေးထားခဲ့ပါတယ်။

ခံတပ်နီကို အိန္ဒိယမှာတော့ လာကွီလာလို့ ခေါ်ဝေါ်လေ့ရှိပြီး ၁၇ ရာစုလက်ရာ ခံတပ်ကြီး ဖြစ်ပါတယ်။ ဒေလီ မြို့ဟောင်း ဧရိယာမှာ တည်ရှိပြီး ခံတပ်ကို ဆောက်လုပ်ထားတဲ့ အနီရောင် သဲကျောက်တွေကို အစွဲပြုပြီး ခံတပ်နီလို့ ခေါ်ဝေါ်တာပါ။ ကုလသမဂ္ဂ စီးပွားရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ခံတပ်နီကို ကမ္ဘာ့အမွေအနှစ် စာရင်းထဲ ထည့်သွင်းသတ်မှတ်ထားပြီး နှစ်စဉ် လူသန်းနဲ့ချီ လာရောက် လည်ပတ်လေ့ရှိတယ်လို့လည်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

မဲရုံသင်တန်းပေးနေတဲ့ မုံရွာမြို့ပေါ်မှာ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

သတင်း

နိုဝင်ဘာ-၂၀၊၂၀၂၅။အိမ်သွင်/People’s Spring ဖားကန့်မှာ ယ​နေ့ (နိုဝင်ဘာလ၂၀) ညနက်ပိုင်းကစပြီး စစ်တပ်က လူနေရပ်ကွက်တွေဘက်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေပြီး မြစ်ကြီးနားမြို့မှာလည်း ပြင်းထန်တဲ့‌ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ည ၁၁နာရီ ၂၁မိနစ်ခန့်ကစပြီး ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီးနဲ့ပစ်နေတာဖြစ်ပါတယ်။ဆိုင်းတောင်ရွာဘက်ကလူနေအိမ်တချို့ကိုထိမှန်ပေါက်ကွဲနေပြီး ည ၁၂နာရီထိုးကာနီးအထိ ဆက်ပစ်နေပါတယ်။ လက်နက်ကြီးကျည်ဒလက်လွင့်စင်သွားတဲ့အသံပါကြားရပြီး အရပ်သားတွေအနီးပတ်ဝန်းကျင်ကို ဦးတည်ပစ်နေတာလို့...

နိုင်ငံတကာ

မျက်ကွယ်မှာ သေဒဏ်စီရင် ချမှတ်တာ ခံခဲ့ရပြီးတဲ့နောက် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာကို လွှဲပြောင်းပေးဖို့ အိန္ဒိယကို ဘင်္ဂလားဒေ့ရှ် အစိုးရက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ဒေလီမြို့တော်ရဲ့ လူစည်ကားရာ တစ်နေရာမှာ ဖြစ်ပွားခဲ့တဲ့ မော်တော်ကား ပေါက်ကွဲမှုဟာ အကြမ်းဖက် ဖြစ်စဉ် တစ်ခုလို့ အိန္ဒိယ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။