သြဂုတ်-၅၊၂၀၂၆။ဇော်ရမ်း/People’s Spring
လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။
လေးမျက်နှာမြို့နယ်၊ အိုင်သပြုရွာမှာဩဂုတ်လ ၅ရက် မနက် ၉နာရီခန့်က ဖြစ်ပွားခဲ့တာပါ။
“ရေထဲလမ်းလျှောက်ပြီးအိမ်တွေကိုဝေတာ။ ရေက အရမ်းစီးလာပြီး ပါသွားတာပါ။ လိုက်ရှာတော့ အလောင်းပြန်ရတယ်”လို့ ဒေသခံတဦးကပြောပါတယ်။

Public Service Announcement
သေဆုံးသူဟာ အသက် ၂၂ နှစ်အရွယ် အမျိုးသားဖြစ်ပါတယ်။သူ့ရဲ့ ရုပ်အလောင်းကို မနက် (၁၁) နာရီဝန်းကျင်မှာ လူမှုရေးအဖွဲ ပြန်လည်ဆယ်ယူခဲ့တာပါ။
လေးမျက်နှာမြို့ကိုကာရံထားတဲ့ ငဝန်မြစ်ရေကာတာဟာ ဇူလိုင်လ ၃၀ရက်နေ့မှာကျိုးကျခဲ့ပြီး မြို့ပေါ်ရပ်ကွက်တွေရောရွာတွေပါ ဆိုးရွားတဲ့ရေဘေးကို ဒေသခံတွေရင်ဆိုင်နေရတာဖြစ်ပါတယ်။ဩဂုတ်လ ၃ရက်ကလည်း အသက် ၆၀ကျော် ဒေသခံတဦး ရေနစ်သေဆုံးခဲ့ပါတယ်။
လက်ရှိမှာရေကြီးနစ်မြုပ်တဲ့ဧရိယာပိုမိုကျယ်ပြန့်လာပြီး လေးမျက်နှာမြို့နယ်အပြင် ဘေးပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ အိုင်သပြု၊ ဟင်္သာတ၊ ရေကြည်၊ ကျုံကျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေမှာပါ ရေဝင်နေပါတယ်။
ရေစီးကြမ်းနေတဲ့အတွက် ရပ်ဝေးဒေသကလာတဲ့အရပ်ဖက်ကူညီရေးအဖွဲ့ဝင်တွေအနေနဲ့ သတိပြုသွားလာကြဖို့ ဒေသခံပရဟိတအဖွဲ့တွေက သတိပေးထားကြပါတယ်။


















































