Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ ဖိတ်ကြားသူ အနူတင်ကို ထိုင်းအရပ်ဖက် အဖွဲ့အစည်းတွေ ဆန္ဒပြ

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နဲ့ သူ့ကို ဖိတ်ကြားခဲ့သူ ထိုင်းဝန်ကြီးချုပ်အနူတင် ချန်ဝီယာကူကို ထိုင်းအရပ်ဖက်အဖွဲ့အစည်းတွေက ယ​နေ့ည​နေပိုင်းမှာဘန်ကောက်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဓါတ်ပုံ-The Reporters

သြဂုတ်-၆၊၂၀၂၆။People’s Spring

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နဲ့ သူ့ကို ဖိတ်ကြားခဲ့သူ ထိုင်းဝန်ကြီးချုပ်အနူတင် ချန်ဝီယာကူကို ထိုင်းအရပ်ဖက်အဖွဲ့အစည်းတွေက ယ​နေ့ည​နေပိုင်းမှာဘန်ကောက်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

အနူတင်ရဲ့ ဖိတ်ကြားမှုကြောင့် မင်းအောင်လှိုင်ဟာ ဩဂုတ် ၆ ရက်မှာ ထိုင်းနိုင်ငံကို အလည်အပတ်ခရီးစဉ်ရောက်ရှိလာခဲ့ပါတယ်။မင်း​အောင်လှိုင်ရဲ့ခရီးစဥ် မစတင်ခင် ကတည်းက လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး အင်အားစုတွေဆီက ဆန့်ကျင်မှုတွေ ရှိနေခဲ့ပါတယ်။

ဩဂုတ် ၆ ရက် ညနေပိုင်းကတော့ ထိုင်းနိုင်ငံ အစိုးရ အုပ်ချုပ်ရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မရှင် (OPDC)ရဲ့ ရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီရေး ထောက်ခံလှုပ်ရှားနေတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကို ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ရဲတွေက OPDCရုံး အဝင်ဝနားထိ မချဉ်းကပ်ဖို့ ဆန္ဒပြသူတွေကို တားမြစ်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ရဲတွေက ရုံးမျက်နှာစာနဲ့ ဆန္ဒပြသူတွေကြားမှာ တန်းစီရပ်ရင်း အစိုးရရုံး ပရဝုဏ်မှာ ဆန္ဒပြခွင့် မရှိကြောင်း တားမြစ်စာတန်းကို ကိုင်ဆောင်ပြထားခဲ့ပါတယ်။ နောက်တော့ ဆန္ဒပြသူ နှစ်ဦးဟာ မင်းအောင်လှိုင်နဲ့ အနူတင်တို့ရဲ့ မျက်နှာပုံ မျက်နှာဖုံးတွေကို တပ်ဆင်ပြီး ​သွေးစွန်း​နေတဲ့ကိတ်မုန့်တစ်လုံးပေါ် ဖယောင်းတိုင်ထွန်း၊ မီးမှုတ်ပြီး အတူစားသောက်ပုံစံသရုပ်ပြခဲ့ပါတယ်။

ဒါဟာ အာဏာရှိသူအချင်းချင်းနိုင်ငံရဲ့ သယံဇာတ အကျိုးအမြတ်တွေကို ခွဲဝေယူနေခြင်းကို ရည်ညွှန်းတဲ့ ဆန္ဒပြမှုဖြစ်ပါတယ်။မြန်မာဖက်မှာ အကြီးစား သတ္တုတူးဖော်မှုတွေကြောင့် ထိုင်းနိုင်ငံ ပိုင်နက်ထဲ စီးဝင်တဲ့ နမ့်ခုတ် မြစ်ရေ ညစ်ညမ်းမှုတွေအတွက် ထိုင်းအစိုးရက ထိထိရောက်ရောက် ဖိအားပေး ကန့်ကွက်မှု မရှိဘူးလို့လည်း ဆန္ဒပြသူတွေက စွပ်စွဲကြပါတယ်။

OPDC ရုံးရှေ့က ဆန္ဒပြပွဲမှာတော့ စစ်တပ် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်ဒဏ်ခံ မြန်မာပြည်သူတွေရဲ့ ဓာတ်ပုံတွေကိုလည်း ပြသထားခဲ့ပါတယ်။ ဆန္ဒပြသူတွေ ကိုင်ဆောင်လာတဲ့ စာတန်းတွေထဲမှာ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို မကြိုဆိုဘူး ဆိုတဲ့စာတမ်းကြီး ပါဝင်သလို ပြည်သူတွေပေးတဲ့ ကျိန်စာတွေ မင်းအောင်လှိုင်လို့ ရေးသားထားတာကိုလည်း တွေ့ခဲ့ရပါတယ်။

မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့လုပ်ရပ်ဟာလူသားချင်းစာနာမှုနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေအပေါ် အရေးတယူ တုံ့ပြန်ပေးဖို့ ပြည်သူလူထုရဲ့ တောင်းဆိုမှုတွေကိုအတိအလင်းလျစ်လျူရှုလိုက်ခြင်း ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးကမိန့်ခွန်းပြောခဲ့ရာမှာတော့ မင်းအောင်လှိုင်နဲ့အနူတင် တွေ့ဆုံမှုဟာ မြန်မာ့ ငြိမ်းချမ်းရေးကို အထောက်အကူ ဖြစ်စေမှာ မဟုတ်သလို မြန်မာဖက်က ပြဿနာတွေကြောင့်ထိုင်းမှာ ကြုံတွေ့နေတဲ့ အကျပ်အတည်းတွေကိုလည်း ဖြေရှင်းနိုင်မှာမဟုတ်ကြောင်း၊အာဏာရှိသူတွေကြား အကျိုးအမြတ်တွေကိုဝေမျှစားသုံးနေပြီး ပြည်သူကို ငဲ့ကွက်ခြင်းမရှိကြောင်း စွပ်စွဲသွားခဲ့ပါတယ်။

ဆန္ဒပြသူတွေက OPDC ရုံးရှေ့မှာ စုဝေးရင်း မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကို လုံးဝ ထောက်ခံကြိုဆိုမှာ မဟုတ်ကြောင်း သဘောထားကို အတိအလင်း ပြသခဲ့ကြပါတယ်။

ကိုးကား: The Reporters

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။