Connect with us

Hi, what are you looking for?

News

အိန္ဒိယက မြန်မာပြည်သူများအတွက် COVID-19 ကာကွယ်ဆေး ၁ သန်း လှူဒါန်း

အဆိုပါ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်သည် ဒီဇင်ဘာ ၂၂၊ ၂၃ ခရီးစဉ်အတွင်း စစ်ကောင်စီခေါင်း ဆောင်မင်းအောင်လှိုင်အပါအဝင် နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်တွေ့ဆုံမည်ဟု ဆိုသည်။

ဓာတ်ပုံ - အိန္ဒိယသံရုံး

အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်ရှိ ပြည်သူများအပါအဝင် မြန်မာပြည်သူများအတွက် COVID-19 ရောဂါ ကာကွယ်ဆေး ၁ သန်းကို အိန္ဒိယအစိုးရက ယနေ့(ဒီဇင်ဘာ ၂၂ရက်) လွှဲပြောင်းပေးအပ်သည်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Shri Harsh Vardhan Shringla ၏နှစ်ရက်ကြာမြန်မာနိုင်ငံခရီးစဉ်တွင် အိန္ဒိယနိုင်ငံထုတ် COVID-19 ကာကွယ်ဆေးအလုံးရေ ၁ သန်းကို စစ်ကောင်စီဩဇာခံ မြန်မာနိုင်ငံကြက်ခြေနီအသင်းထံ လွှဲပြောင်းပေးခဲ့ကြောင်း အိန္ဒိယသံရုံးက ထုတ်ပြန်သည်။

အဆိုပါ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်သည် ဒီဇင်ဘာ ၂၂၊ ၂၃ ခရီးစဉ်အတွင်း စစ်ကောင်စီခေါင်း ဆောင်မင်းအောင်လှိုင်အပါအဝင် နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်တွေ့ဆုံမည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

မြန်မာ့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယဟာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရားဝင်ခရီးစဥ်ဖိတ်ကြားပြီး အစိုးရ အဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်နာရန်ဒရာမိုဒီကရော၊ သမ္မတ ဒရုပဒီမုရ်မုတို့ကလည်း သီးခြားစီလက်ခံတွေ့ဆုံခဲ့ပါတယ်။