Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ်အရှေ့ခြမ်းက ကမ်းဖြူရွာစာသင်ကျောင်းကို စစ်တပ် ဗုံးကြဲ

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်-၇၊၂၀၂၆။ရှိန်း/People’s Spring

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၆ ရက် မနေ့ ည ၁၂နာရီမှာ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ကမ်းဖြူရွာစာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“စာသင် ကျောင်းအလည်တည့်တည့်ကို ကျတာ။ပင်မ ကျောင်းဆောင်ကြီးကတော့အကုန်ပျက်စီးသွားတယ်။၂လုံး ကြဲတာ။ မြေကြီးတွင်းကြီးလည်း အနက်ကြီးပဲဖြစ်သွားတယ်။ကျောင်းဘေး ပတ်လည်အိမ် တွေကတော့ ရစရာကိုမရှိဘူး။လူတွေက အကုန်အိပ်နေကြတာ လေ။ကံကောင်းတာ မထိကြဘူး။ ကျောင်းဘေး ပတ်လည်ချည်ထားတဲ့ နွားတွေ သေကုန်တာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးတဲ့ နွားအများစုဟာ စဉ့်ကူးမြို့နယ်ကနေ စစ်ဘေးရှောင်လာကြသူ တွေရဲ့ နွားအများစုဖြစ်တယ်လို့ သိရပါတယ်။

ကမ်းဖြူရွာရဲ့ အရှေ့ဘက်ကပ်လျက်က စဉ့်ကူးမြို့နယ်၊ဟင်္သာမ ကျေးရွာအုပ်စု၊သဲအင်း၊ကျွန်းကြီး၊ရွှေဘယက်၊ဝက် ပေါင်ရွာ‌ တွေရှိပြီး စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတာ၊လက်နက်ကြီး ပစ်တာတွေ ပြုလုပ် နေသလို ကျေးရွာ တွေအတွင်း ရေဝင်နေတာကြောင့် ပြေးစရာမရှိလို့ ဒေသခံတွေက ဝက်လက်မြို့နယ်ဘက်ကိုလာရောက် တိမ်းရှောင် နေရတာလို့ သိရပါတယ်။

ဩဂုတ်၂ ရက်နဲ့ ၄ရက်တွေမှာလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ စစ်ဘေး ရှောင်သက်ကြီး အမျိုးသားတဦး သေဆုံးခဲ့ပါ သေးတယ်။တပတ်အတွင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စစ်တပ်က ၃ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။