Connect with us

Hi, what are you looking for?

News

ဘာသာရေးကိုအသုံးချပြီး စစ်အုပ်ချုပ်ရေးအသက်သွင်းရန် စစ်ကောင်စီကြိုပမ်းနေဟု အရာတော်မြို့နယ်တော်လှန်ရေးအဖွဲ့များ သတိပေး

စစ်တပ်၏ အကြမ်းဖက်မှုများကြောင့် အရာတော်မြို့နယ် တောင်ပိုင်း ကျေးရွာများမှ ပြည်သူ လူထု၏ စိုက်ပျိုးရေးလုပ်ငန်းများ ရပ်တန့်နေရပြီး လူမှုစီးပွားနောက်ကျ နေရပြီး အခက်အခဲများစွာရှိလာသည်။

ဘာသာရေးကိုအသုံးချပြီး စစ်အုပ်ချုပ်ရေးကို အသက်သွင်းရန် အကြမ်းဖက်စစ်ကောင်စီက ကြိုပမ်းနေကြောင်း အရာတော်မြို့နယ်တော်လှန်ရေးအဖွဲ့များက ယနေ့(ဒီဇင်ဘာ ၂၂ ရက်) သတိပေးထုတ်ပြန်သည်။

အရာတော်မြို့၏ တောင်ဘက်ရှိ ကျေးရွာများ၌ လတ်တလော မငြိမ်မသက်ဖြစ်နေရခြင်း၏ မူလအစသည် သလဲဘာကျေးရွာရှိ ရွာခံကိုမင်းနိုင်အား စစ်တပ်နှင့် ပျူစောထီးအဖွဲ့က အကြောင်းမဲ့သတ်ဖြတ်ခြင်းမှ အစပြုခဲ့သည်ဟု အရာတော်တော်လှန်ရေးအဖွဲ့က ဆိုသည်။

ထို့အပြင် သလဲဘာကျေးရွာတွင် အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ၏ ခုခံတိုက်ပွဲတွင် အထိနာခဲ့သော အကြမ်းဖက်စစ်တပ်သည် ကဲဘာကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့သည်။

စစ်တပ်၏ အကြမ်းဖက်မှုများကြောင့် အရာတော်မြို့နယ် တောင်ပိုင်း ကျေးရွာများမှ ပြည်သူ လူထု၏ စိုက်ပျိုးရေးလုပ်ငန်းများ ရပ်တန့်နေရပြီး လူမှုစီးပွားနောက်ကျ နေရပြီး အခက်အခဲများစွာရှိလာသည်။

Public Service Announcement

Public Service Announcement

အဆိုပါ အခက်အခဲကို စစ်တပ်က အခွင့်ကောင်းယူကာ အရာတော်နေပြည်သူများ၏ ဘသာရေး ကိုင်းရှိုင်းမှုကိုခုတုံးလုပ်၍ သာသနာ့အာဇာနည်များကိုရှေ့တန်းတင်အသုံးချ၍ ပြည်သူလူထုကိုသံဃာထုက ထိန်းကျောင်းပေးရန်၊စစ်တပ်ကို စောင့်ရှောက်ပေးရန် မေတ္တာရပ်ခံထားသည် စာများထွက်ပေါ်ပျံ့ နှံ့ လာသည်ဟု ကြေညာချက်တွင် ပါရှိသည်။

ထိုစာ၏ ရည်ရွယ်ချက်သည် အကြမ်းဖက်စစ်တပ်သည် ဘာသာရေးကို အကြောင်းပြကာ ၎င်းတို့၏ ပျက်ယွင်းနေသည့် အုပ်ချုပ်ရေးယန္တရားကို လူထုအားလက်ခံရန် ကြိုးပမ်းအားထုတ်သည့် ဝါဒဖြန့်ချိမှုတစ်ခု ဖြစ်သည်ဟု အသိပေးသည်။

အကြမ်းဖက်စစ်တပ်သည် နိုင်ငံအာဏာကိုရယူထားပြီး အုပ်ချုပ်နေသမျှကာလပတ်လုံး ငြိမ်းချမ်းရေးအတု အယောင်ကိုသာရရှိမည်ဟု သတိပေးသည်။

ထို့ကြောင့် အရာတော်မြို့နယ်ရှိပြည်သူများအနေဖြင့် စစ်တပ်၏ ဘာသာရေးအကြောင်းပြုလှုပ်ရှားမှုများကို တော်လှန်ရေးအသိ၊သတိများ ဖြင့် ဆင်ခြင်ရန်လည်း အုပ်ချုပ်ရေးအဖွဲ့က ထပ်လောင်းသတိပေးသည်။

အလားတူ ဆရာတော်သံဃာတော် အရှင်သူမြတ်များအနေဖြင့်လည်း စစ်ကောင်စီ၏အဖိနှိပ်ခံ ပြည်သူဒကာ၊ ဒကာမများနှင့်အတူ ဓမ္မလမ်းစဥ်တွင် ရှေ့ဆောင်ကြွလှမ်းပေးကြပါရန် အရာတော် တော်လှန်ရေးအင်အားစုများက လျှောက်ထားစာ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်ကို အရာတော် တော်လှန်ရေးအင်အားစု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အရာတော်)၊ အရာတော် ကျောင်းသားများသမဂ္ဂ၊ အရာတော်မြို့နယ် သံဃသမဂ္ဂ၊အရာတော် လူထုသပိတ်ဦးဆောင်ကော်မတီ နှင့် အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးတွဲထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် တောင်ပေါ်ဒေသအပြင် ပြည်မ၌ပါ အထိနာနေ၍ နိုင်ငံရေးအရ အသက်ငင်လာ နေသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် အကြံကုန် ဂဠုန်ဆားချက်တဲ့ ပုံစံမျိုးလုပ်ဆောင်လာလိမ့်မည်ဖြစ်ကြောင်း နွေဦးတော်လှန်ရေး မြန်မာမွတ်ဆလင်ကွန်ရက် ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းကြည်က ပြောသည်။

“ လူမျိုးရေးတွေ၊ ဘာသာရေးတွေ ပဠိပက္ခအသွင်ဆောင်အောင်လုပ်မယ်။ အဲဒီကို အာရုံပြောင်း အောင်ဖန်တီး မယ်ဆိုတာကတော့ ကျွန်တော်တို့က သတင်းအဖြစ်လည်းကြားနေရသလို သတင်းနောက်ကွယ်မှာလည်း လက်တွေ့ကြကြပေါ့ မှန်တာတွေလည်း တွေ့ခဲ့ရတော့ အထူးစိုးရိမ်မကင်းဖြစ်မိတယ်။ ဒီလိုဖြစ်အောင် ဖန်တီးဖို့ဆိုတာလည်းသူတို့ကဝန်မလေးဘူး”ဟု ဦးထွန်းကြည်က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ယောဒေသ ဂန်ဂေါခရိုင်အတွင်းရှိ သင်္ကန်းအရောင်းဆိုင်များတွင် သင်္ကန်းအစုံရေ ၂၀၀ခန့်ကို ဝယ်ယူခြင်းများ ရှိသောကြောင့် အကြမ်းဖက် စစ်ကောင်စီ၏ ဘာသာရေး လှည့်ကွက်များအတွင်း ကျရောက်ခြင်း မရှိအောင် ဘာသာလူမျိုး ကွဲပြားသည့် ပြည်သူ များ အားလုံး အထူးသတိထား၍ နေထိုင်ပေးရန် ယောပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ယခုရက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

ထို့အပြင် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ထူးခြားဖြစ်စဉ်များကို ဆက်တိုက်တွေ့ရှိနေရပြီး လူမျိုးရေး ပဋိပက္ခကို ဦးတည်စေနိုင်သောဖြစ်စဉ်များ တွေ့ရှိနေရကြောင်းရခိုင်လက်နက်ကိုင်အဖွဲ့(ULA/AA)က ဒီဇင်ဘာ၁၇ရက်တွင် သတိပေး ချက်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။