Connect with us

Hi, what are you looking for?

သတင်း

ကရင်နီတော်လှန်ရေးအင်အားစုတွေအကြား ညှိနှိုင်းဆောင်ရွက်မှုနဲ့ စုပေါင်းခေါင်းဆောင်မှု ပိုခိုင်မာစေဖို့ ဆက်ကြိုးပမ်းသွားမယ်လို့ KNPP ထုတ်ပြန်

ကရင်နီတော်လှန်ရေးအင်အားစုတွေအကြား အပြန်အလှန် ယုံကြည်မှု၊ လေးစားမှု၊ ညှိနှိုင်းဆောင်ရွက်မှုနဲ့ စုပေါင်းခေါင်းဆောင်မှုကို ပိုမိုခိုင်မာစေဖို့ ဆက်လက် ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

(ကရင်နီအမျိုးသားတိုးတက်ရေးပါတီက တာဝန်ရှိသူတွေကို တွေ့ရစဉ်။ဓာတ်ပုံ - KNPP)

ဩဂုတ် -၈၊၂၀၂၆။ဇော်၀င်း/People’s Spring

ကရင်နီတော်လှန်ရေးအင်အားစုတွေအကြား အပြန်အလှန် ယုံကြည်မှု၊ လေးစားမှု၊ ညှိနှိုင်းဆောင်ရွက်မှုနဲ့ စုပေါင်းခေါင်းဆောင်မှုကို ပိုမိုခိုင်မာစေဖို့ ဆက်လက် ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မနက်ဖြန်(ဩဂုတ် ၉ ရက်)မှာ ကျရောက်မယ့် (၇၈)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားကို KNPP က ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာထဲမှာ အထက်ပါအတိုင်း ဖော်ပြထားတာဖြစ်ပါတယ်။

ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ဟာ လက်နက်ကိုင် ခုခံတော်လှန်ရေးတပ်ရပ်ရဲ့ နှစ်ပတ်လည်နေ့သာ မဟုတ်ဘဲ ကရင်နီအမျိုးသားတွေရဲ့ လွတ်လပ်မှု၊ အမျိုးသားဂုဏ်သိက္ခာ၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ အတွက် ဘယ်သောအခါမှ လက်မလျှော့ခဲ့တဲ့ သမိုင်းဝင်စိတ်ဓာတ်ကို ပြန်လည်အောက်မေ့ အလေးပြုရတဲ့နေ့လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သမိုင်းအစဉ်အလာအရ ကရင်နီပြည်ဟာ သီးခြားလွတ်လပ်ခဲ့ပြီး ကိုယ့်မင်းကိုယ့်ချင်းနဲ့ မိမိကြမ္မာကို ဖန်တီးခဲ့ကြပေမယ့် ၁၉၄၈ ဩဂုတ် ၉ရက်မှာ ဖဆပလ အစိုးရရဲ့ကျူးကျော်တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့တာလို့ အသိပေးပါတယ်။

အဲဒီ မတရားကျူးကျော်မှုကို ကရင်နီတစ်မျိုးသားလုံးက ပြန်လည်ခုခံတွန်းလှန်ခဲ့ပြီး တော်လှန်ရေးလမ်းခရီးမှာ အောင်မြင်မှုတွေနဲ့အတူ အနစ်နာခံမှု၊ ပေးဆပ်မှုနဲ့ စိန်ခေါ်မှုတွေကို ဖြတ်သန်းခဲ့ရတယ်လို့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ကရင်နီပြည်သူတွေရဲ့ လွတ်လပ်ခြင်းအပေါ် ယုံကြည်မှု၊ အမျိုးသားတန်ဖိုးတွေကို ကာကွယ်လိုတဲ့ စိတ်ဓာတ်နဲ့ မျိုးဆက် အဆက်ဆက်က အာဇာနည်သူရဲကောင်းတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုကြောင့် နိုင်ငံရေးပန်းတိုင် မရောက်မချင်း ဆက်လက်ပြီး တိုက်ပွဲဝင်နိုင်တာလို့ အသိပေးပါတယ်။

ဒီကနေ့ ကရင်နီပြည်ဟာ တိုင်းပြည်ကို မတရားအုပ်ချုပ်နေတဲ့ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊လက်နက်ကြီးပစ်ခတ်မှုတွေ၊လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြောင့်ဖြစ်ပေါ်လာတဲ့ လူသားချင်းစာနာထောက်ထားရေး အကျပ်အတည်းတွေကိုလည်း ရင်ဆိုင်နေရဆဲလို့ ဆိုပါတယ်။

ဒါပေမယ့် ကရင်နီပြည်သူတွေရဲ့ မယိမ်းယိုင်တဲ့စိတ်ဓာတ်နဲ့ အချင်းချင်း ရိုင်းပင်း ကူညီကြပြီး ဒေသန္တရ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ တရားမျှတရေးနဲ့ အရပ်သားကာကွယ်ရေး လုပ်ငန်းတွေကို ဆက်လက်တည်ဆောက်နိုင်ခဲ့ပြီး လက် နက်ကိုင်တော်လှန်ရေးနဲ့အတူ ပြည်နယ်ရဲ့ အနာဂတ်ကိုပါ တစ်ပြိုင်နက် ဖော်ဆောင်နေတယ်လို့ KNPP က ပြောပါတယ်။

တော်လှန်ရေးအောင်မြင်ဖို့အတွက် စည်းလုံးညီညွတ်မှုကအခြေခံအုတ်မြစ် ဖြစ်တာကြောင့် မြန်မာနိုင်ငံအတွင်းက ဒီမိုကရေစီအင်အားစုတွေ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့လည်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး အာဏာရှင်စနစ် အဆုံးသတ်ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့အတွက် ဆက်လက် လက်တွဲသွားမယ်လို့ အသိပေးပါတယ်။

ကရင်နီပြည်သူတွေနဲ့အတူ ခိုင်မာစွာ ရပ်တည်ပေးတဲ့နိုင်ငံတကာအစိုးရတွေ၊အဖွဲ့အစည်းတွေ၊ လူသားချင်းစာနာထောက်ထားရေးအဖွဲ့အစည်းတွေ၊မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီကို ယုံကြည်ထောက်ခံတဲ့မိတ်ဆွေအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုတယ်လို့ KNPP က ဆိုပါတယ်။

ကရင်နီပြည်မှာ ဆက်လက်ဖြစ်ပေါ်‌နေတဲ့ လူသားချင်းစာနာထောက်ထားရေး အကျပ်အတည်းတွေကို

ဖြေရှင်းနိုင်ဖို့နဲ့အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ် လုံခြုံရေးကို ကာကွယ်နိုင်ဖို့အတွက်လည်း ဆက်လက်ပူးပေါင်းကူညီပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

လက်ရှိ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် နဲ့ မိုးဗြဲမြို့မှာ စစ်တပ်က ထိုးစစ်အရှိန်မြှင့်လာတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ တိုးလာနေပြီး အရေးပေါ်အကူအညီတွေလည်း လိုအပ်နေပါတယ်။ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တပ်ရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြည်သူ ခြောက်ဦးသေဆုံးပြီး ခြောက်လသားအရွယ်ကလေးငယ်တစ်ဦး ပါ၀င်ခဲ့ပါတယ်။

ကရင်နီဒေသမှာ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်တွေအတွက် ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ စုပေါင်းဖို့နဲ့ စစ်ရေးအရ အားသာမှုတွေပြန်ရဖို့ ကရင်နီပြည်နယ်မှာ တစ်ခုတည်းသောတပ်မတော် UKSA ကို ဖွဲ့စည်းဖို့ အရပ်ဖက်နဲ့ လူထုကတိုက်တွန်းမှုတွေရှိထားပါတယ်။

ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ KNPP/KA ၊ KNPLF (ကလလတ)၊ KNLP ၊KNPDP နဲ့ KNSO တို့ရဲ့ အင်အားဟာ ၅,၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ပြည်တွင်းစစ်ရေးလေ့လာသူတွေက ခန့်မှန်းထားပါတယ်။

၂၀၂၁ နောက်ပိုင်း ကရင်နီအမျိုသားများကာကွယ်ရေးတပ် (KNDF)၊ကယန်းအမျိုးသားတပ်မတော် (KNA) အပါအ၀င် ကရင်နီဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မြို့နယ်အလိုက်တပ်ရင်းတွေ ဖွဲ့စည်းထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီအမျိုးသားရေးနဲ့တော်လှန်ရေးအတွက် ဘဝသက်တမ်းတစ်လျှောက်လုံးပါဝင်ခဲ့တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူးဟာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုက​ရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ- SCEF ကို မတ်လ ၃၀ ရက်မှာကချင်လွတ်လပ်​ရေးအဖွဲ့( KIO)၊ကရင်အမျိုးသားအစည်းအရုံး( KNU)၊ကရင်နီ အမျိုးသားတိုးတက်​ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF) ၊အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့နဲ့ကနဦးဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကရင်၊ ကချင်၊ကရင်နီ၊ချင်းတိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ တို့ တွေ့ဆုံပြီး တော်လှန်ရေး အောင်မြင်အောင် ဆင်နွှဲနိုင်ရေးကိစ္စ​တွေကို ဆွေးနွေးခဲ့ကြောင်းကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တဦးဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က ပြောပါတယ်။

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ရဲ့ (၁၅)ကြိမ်မြောက် ပါတီကွန်ဂရက် အောင်မြင်စွာကျင်းပပြီးစီးခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ယူဝမ်းမြောက် ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပြီး ကွန်ဂရက်မှတစ်ဆင့် ခေါင်းဆောင်မှုအဖွဲ့သစ်ကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်နိုင်ခဲ့ခြင်းဟာ ကရင်နီပြည်သူလူထုနဲ့ တော်လှန်ရေးခရီးစဉ် အတွက် ဂုဏ်ယူအားတက်ဖွယ်ရာ မှတ်တိုင်တစ်ခုဖြစ်ဟု ဖော်ပြပါတယ်။