Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ အုပ်ချုပ်ရေး အရာရှိ တစ်ဦးကို လွှတ်တော် အမတ်ဟောင်းက ပစ်သတ်

နွန်ထာဘူရီမှာ ​လေးရက်အတွင်း ဒုတိယအကြိမ်ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်

(လွှတ်​တော် အမတ်​ဟောင်းချာလောင် ရိုင်ယောင်ဝမ်ရဲစခန်းမှာအဖမ်းခံပြီး သတင်း​ထောက်​​တွေ ​မေးမြန်းတာကို ​ဖြေကြားစဥ်/ ​သေနတ်နဲ့ပစ်ခတ်စဥ် ။ဓါတ်ပုံ-Repoters)

သြဂုတ်-၁၀၊၂၀၂၆။People’s Spring

ထိုင်းနိုင်ငံမှာ ဒေသဆိုင်ရာ ထိပ်တန်း အုပ်ချုပ်ရေး အရာရှိ တစ်ဦးကို လွှတ်တော် အမတ်ဟောင်းတစ်ဦးက သေနတ်နဲ့ ပစ်သတ်ပြီး ရဲတွေဆီမှာ အဖမ်းခံခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့က နွန်ထာဘူရီ အမတ်ဟောင်း ချာလောင် ရိုင်ယောင်ဝမ်က နွန်ဌာဘူရီ ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ အငြိမ်းစား ရဲမှူးကြီး သောင်ချိုင် ယန်ပရာဆတ်နဲ့ ယာဉ်မောင်းတို့ကို ဩဂုတ် ၁၀ ရက် မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

ဘန်​ကောက်မြို့လယ်က​နေ အ​နောက်​မြောက်ဘက် ၁၀ မိုင်ဝန်းကျင်အကွာမှာရှိတဲ့ နွန်ထာဘူရီမှာ သြဂုတ် ၇ ရက်က ​ကျောင်းတွင်းပစ်ခတ်မှုဖြစ်ပြီး ၄ ရက်အကြာမှာ ဒုတိယအကြိမ် ပစ်ခတ်မှုထပ်မံဖြစ်ပွားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သံသယရှိသူဟာ ဖြစ်စဉ်အပြီးမှာ လက်နက်နဲ့အတူ အဖမ်းခံခဲ့ကြောင်း နွန်ထာဘူရီ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သောင်ချိုင်ဟာ သူ့ရဲ့ရုံးအဆောက်အအုံကနေ ထွက်ခွာဖို့ ပြင်ဆင်နေချိန်မှာ အသင့်စောင့်နေတဲ့ ချာလောင်နဲ့ စကားများခဲ့ကြောင်း၊ နောက်တော့ ချာလောင်က သေနတ်ထုတ်ပြီး ပစ်ခတ်ခဲ့ကြောင်း ကနဦး စစ်ဆေးချက်တွေအရ သိရပါတယ်။

ဒေသခံ ရဲစခန်းရှေ့မှာ ချာလောင်ရဲ့ တောင်းဆိုချက်ကြောင့်ရဲတွေကသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခွင့် ပေးခဲ့ရာမှာ ချာလောင်က သူဟာ သေနတ်ကို ဆွဲထုတ်ခဲ့ပေမယ့် ပစ်ဖို့ မရည်ရွယ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သောင်ချိုင်ရဲ့ ယာဉ်မောင်းကလည်း သေနတ်ကို ဆွဲထုတ်ပြီး ပစ်ခတ်ဖို့ ပြင်လို့ လက်ဦးမှု ယူခဲ့တာလို့ ဆိုပါတယ်။ သူက ဖြစ်ခဲ့တဲ့ ကိစ္စအတွက် သူ့မိသားစုနဲ့ သောင်ချိုင်ရဲ့မိသားစုကို တောင်းပန်ကြောင်းလည်း ဖွင့်ဟသွားပါတယ်။

သောင်ချိုင်ဟာသူ့ကိုအကြွေးတွေပေးဖို့ ကျန်နေပြီး အဲဒီကိစ္စနဲ့ စကားများခဲ့ကြကြောင်း၊ သောင်ချိုင်က အကြွေးဆပ်စရာ ပိုက်ဆံမရှိဘူးလို့ ပြောခဲ့ကြောင်း၊ ပြီးတော့ ဘာမှလည်း တာဝန်မယူကြောင်း ချာလောင်က စွပ်စွဲခဲ့ပါတယ်။

သောင်ချိုင်ဟာချက်ကောင်းနေရာတွေ အပါအဝင် သေနတ်ကျည်၄ချက်ထိမှန်ခဲ့ပြီး ယာဉ်မောင်းလည်း ကျည် ၁ ချက် မှန်ခဲ့ပါတယ်။ အခင်းဖြစ်ရာ နေရာမှာ ကယ်ဆယ်ရေး အဖွဲ့တွေက ဒဏ်ရာရထားသူတွေကို အရေးပေါ် အသက်ကယ် ပြုစုကုသမှုတွေ လုပ်ခဲ့ပြီး ဖရာနန်ခလောင် ဆေးရုံဆီ ပို့ဆောင်ခဲ့ပါတယ်။ ဆေးရုံအရောက်မှာတော့ သောင်ချိုင်က သေဆုံးနေပြီလို့ ကြေညာခဲ့ပြီးယာဉ်မောင်းကတော့ ခွဲစိတ်ကုသမှု ခံယူနေရပါတယ်။

ရုံးဝင်းထဲမှာရှိတဲ့ နွန်ထာဘူရီ ပြည်နယ် ပြည်သူ့ကျန်းမာရေးရုံး ဝန်ထမ်းတွေ ရိုက်ထားတဲ့ ဗီဒီယိုမှာတော့ ချာလောင်ဟာ သေနတ်ကို ခါးကြားထိုးပြီး အခင်းဖြစ်တဲ့ နေရာကနေ ထွက်ခွာသွားခဲ့တာကို တွေ့ခဲ့ရပါတယ်။ နောက်တော့ သူဟာ ရဲစခန်းမှာ ကိုယ်တိုင်သွားပြီး အဖမ်းခံခဲ့ပါတယ်။

ပစ်ခတ်မှု ဖြစ်ပြီးပြီးချင်းမှာ ချာလောင်ဟာ နိုင်ငံရေး ဝေဖန်သူ YouTuberအန်ချာလီ ပယ်ရီရက်ဆီ ဖုန်းခေါ်ပြီး သောင်ချိုင်ကို ခေါင်းတည့်တည့် ချိန်ပစ်ခဲ့တဲ့အကြောင်း အသိပေး ဝန်ခံခဲ့ပါတယ်။ တုန်လှုပ်သွားတဲ့ အန်ချာလီက ချာလောင်ကို လက်နက်ချပြီး အာဏာပိုင်တွေ ရောက်လာတဲ့ထိ စောင့်နေဖို့ တိုက်တွန်းခဲ့ပါသေးတယ်။

ပစ်ခတ်မှုရဲ့ နောက်ကွယ်မှာ ဘတ် ၁၁ သန်းလောက်ထိများပြားတဲ့ငွေကြေးအရှုပ်အထွေးအပါအဝင် အမတ်လောင်း ရွေးချယ်မှု သဘောထား ကွဲလွဲတဲ့ ကိစ္စတွေလည်း ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် ရဲတွေကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အခင်းဖြစ်တဲ့ နေရာမှာတော့ ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ရဲ့ အမြင့်ဆုံးအဆင့် အရာရှိတွေကိုယ်တိုင် လာရောက်စစ်ဆေးနေကြောင်း သိရပါတယ်။

အသက် ၇၁ နှစ်အရွယ်သောင်ချိုင်ဟာမတူညီတဲ့ ပါတီတွေကို ကိုယ်စားပြုပြီး ထိုင်းမှာ သုံးကြိမ်တိုင် ရွေးကောက်ခံရဖူးတဲ့ အမတ်ဟောင်း တစ်ဦးဖြစ်ပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။