သြဂုတ် – ၁၁ ၊၂၀၂၆
ကိုယ့်အိမ်မှာပဲကိုယ် အလုပ်လုပ်နေပေမယ့် ကျားဖြန့် အထင်ခံရပြီး ရဲက လာစစ်ဆေးတာ ကြုံတွေ့ခဲ့ကြောင်း ထိုင်းနိုင်ငံသား တစ်ဦးက လူမှုကွန်ရက်ပေါ်မှာ မျှဝေထားခဲ့ပါတယ်။
ချင်းရိုင်မှာ နေထိုင်တဲ့ ဒေသခံဟာ အိမ်ကနေပဲ အလုပ်လုပ်ရတဲ့ (work from home) ဝန်ထမ်းတစ်ဦးလို့ ဆိုပါတယ်။ ဒါကြောင့် သူက အိမ်အပြင်လည်း သိပ်ထွက်လေ့ မရှိပါဘူး။
မဲချန်ခရိုင်၊ မဲခမ်း ခရိုင်ခွဲမှာ နေထိုင်တဲ့ အမျိုးသားက တစ်နေ့မှာတော့ သူ့အိမ်တံခါးကို ရဲတွေက လာခေါက်ခဲ့တဲ့အကြောင်း ပြောပြပါတယ်။

Public Service Announcement
အကြောင်းကတော့ စပ်စုတတ်တဲ့ အိမ်နီးချင်း တစ်ယောက်က သူအိမ်အပြင် သိပ်မထွက်တာ၊ ပုံမှန် သွားလာလှုပ်ရှားမှု နည်းတာတွေကြောင့် အွန်လိုင်း ငွေလိမ်မှု ကျားဖြန့် အလုပ် လုပ်နေတယ်လို့ ယူဆပြီး တိုင်စာပို့လိုက်လို့ ဖြစ်ပါတယ်။
ရဲကားတချို့နဲ့အတူ ရဲတွေ ရောက်လာလို့ သူက တအံ့တဩ ဖြစ်နေခဲ့ရပါတယ်။ ရဲတွေက သူ့အိမ်နဲ့ အနီးတဝိုက်ကိုလည်း လှည့်ပတ် စစ်ဆေးခဲ့ပါတယ်။ အကျိုးအကြောင်း မေးကြည့်ပြီး အဖြစ်မှန် သိရတော့မှ သူက အိမ်ကပဲ အလုပ်လုပ်လို့ အပြင် သိပ်မထွက်ဖြစ်တဲ့အကြောင်းကို ရှင်းပြခဲ့ပါတယ်။
အခုသတင်းဟာ ထိုင်းက လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အတော်လေး လူပြောများသွားပါတယ်။တချို့ကလည်းသူတို့ရဲ့စပ်စုတတ်တဲ့အိမ်နီး ချင်းတွေကြောင့်အဆီအငေါ် မတည့်တာတွေ၊ စိတ်အနှောင့်အယှက် ဖြစ်တာတွေကို ဟာသနှောပြီး မျှဝေခဲ့ကြပါတယ်။
ကိုးကား – Thaiger


















































