Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာစားအုန်းဆီကိုခွဲတမ်းနဲ့ရောင်းချဖို့ ပြင်နေ

မန္တလေးမြို့မှာအိမ်ထောင်စုတစ်စုကိုခွဲတမ်းအနေနဲ့တစ်လစားအုန်းဆီနှစ်ပိဿာခွဲရောင်းချပေးဖို့ဆီဝယ်ယူခွင့်စာအုပ်တွေကိုအာဏာသိမ်းစစ်တပ်ရဲ့ အောက်ခြေအုပ်ချုပ်ရေးပိုင်းကရပ်ကွက်အလိုက်လုပ်ပေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

ရန်ကုန်မြို့ ၊ဒညင်းကုန်းစျေးမှာစားအုန်းဆီဝယ်ခွင့်ရဖို့တန်းစီနေရတဲ့ပြည်သူတွေကို ၂၀၂၃ ခုနှစ် ၊သြဂုတ်လကုန်ပိုင်းကတွေ့ရပုံ

သြဂုတ် – ၁၁ ၊၂၀၂၆

မန္တလေးမြို့မှာအိမ်ထောင်စုတစ်စုကိုခွဲတမ်းအနေနဲ့တစ်လစားအုန်းဆီနှစ်ပိဿာခွဲရောင်းချပေးဖို့ဆီဝယ်ယူခွင့်စာအုပ်တွေကိုအာဏာသိမ်းစစ်တပ်ရဲ့ အောက်ခြေအုပ်ချုပ်ရေးပိုင်းကရပ်ကွက်အလိုက်လုပ်ပေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

အိမ်ထောင်စုအလိုက်ဆီဝယ်ယူခွင့်စာအုပ်ပြုလုပ်ဖို့အတွက်မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူတွေက်ိုလိုက်လံကောက်ခံနေတယ်လို့ ပြည်ကြီးတံခွန်မြို့နယ်နေထိုင်သူတစ်ဦးကပြောပါတယ်။

“အိမ်ထောင်စုဇယားရှိတဲ့သူမှစာအုပ်လုပ်ပေးမယ်ပြောတယ် ၊ဧည့်စာရင်းနဲ့နေတဲ့သူတွေကျစာအုပ်မရနိုင်တဲ့သဘောပေါ့”လို့သူကဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ရက်ပိုင်းဩဂုတ် ၇ ရက်ကပြည်ကြီးတံခွန်မြို့နယ်၊ ၅၉ လမ်း၊၁၂၄ ၊ ၁၂၅ လမ်းကြားမှာနေထိုင်သူတွေကို အိမ်ထောင်စုအလိုက် စားအုန်းဆီဝယ်ယူခွင့်စာအုပ်တွေကို ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

အိမ်ထောင်စုတစ်စုကိုတစ်လစားအုန်းဆီနှစ်ပိဿာခွဲအထိဝယ်ယူခွင့်နိုင်မှာဖြစ်ပြီးတစ်ပိဿာကို ငွေကျပ် ၈,၅၂၅ ကျပ် သတ်မှတ်ထားတယ်လို့သိရပါတယ်။

စာအုန်းဆီဝယ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ ဒီလအစောပိုင်းကစတင်ပြီး အိမ်ထောင်စုနဲ့မှတ်ပုံတင်တွေကိုလိုက်လံစာရင်းကောက်ယူနေတယ်လို့ ပုသိမ်ကြီးမြို့နယ် နေထိုင်သူတစ်ဦးကလည်း ပြောပါတယ်။

“လောလောတော့ရုံးမှာ အိမ်ထောင်စုတွေ လာပေးဖို့ ပြောနေတာရှိတယ်”လို့ ပုသိမ်ကြီးမြို့ခံက ဆိုပါတယ်။

ဒါပေမယ့် ဘယ်အချိန်မှာစတင်ရောင်းချပေးမယ်ဆိုတာကိုတော့အသိပေးတာမရှိဘူးလို့သိရပါတယ်။

စာအုန်းဆီတစ်ပိဿာကိုပြင်ပပေါက်စျေးအဖြစ်ကျပ်နှစ်သောင်းခွဲအထိ ရှိနေပြီးလိုသလောက်ဝယ်မရဖြစ်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာစစ်တပ်ရဲ့တကျော့ပြန်အာဏာသိမ်းမှုအပြီးအခြေခံစား သောက်ကုန်ထဲပါဝင်တဲ့စာအုန်းဆီဟာစျေးမြင့်တက်သွားသလို လိုသလောက်ဝယ်မရဘဲတန်းစီပြီးဝယ်ယူရတဲ့အခြေအနေထိ ဖြစ်ခဲ့ပါတယ်။

ယခင်စစ်အစိုးရလက်ထက်မှာလည်းလူထုဟာစားအုန်းဆီနဲ့ဆန်ကို အိမ် ထောင်စုအလိုက်ရပ်ကွက်ရုံးမှာတန်းစီဝယ်ယူခဲ့ရတာပါ။

ဆက်စပ်သတင်းများ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

Facebook