Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရပ်ကွက် အကွက်မှူးတစ်ဦး ဓားနဲ့ထိုးခံရ

မန္တလေးမြို့လယ်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရပ်ကွက် အကွက်မှူးတစ်ဦး ဓားနဲ့ထိုးခံရတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

မန္တလေးမြို့လယ်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရပ်ကွက် အကွက်မှူးတစ်ဦး ဓားနဲ့ထိုးခံရတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သြဂုတ် ၁၂၊ ၂၀၂၆။ ဇေအောင်/People’s Spring

မန္တလေးမြို့လယ်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရပ်ကွက် အကွက်မှူးတစ်ဦး ဓားနဲ့ထိုးခံရတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

မနေ့က သြဂုတ် ၁၁ ရက် ည ၇ နာရီခွဲခန့်က မန္တလေးမြို့၊ချမ်းအေးသာဇံမြို့နယ် ၈၂ လမ်း၊ ၂၇ လမ်းနဲ့ ၂၈ လမ်းကြားက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာထိုင်နေတဲ့ အဆိုပါရပ်ကွက်က အကွက်မှူး နိုင်ဝင်းဆိုသူကို လူတစ်ဦးက ဓါးနဲ့ဝင်ထိုးသွားတာဖြစ်ကြောင်း မြို့ခံအချို့က ပြောပါတယ်။

“လက်ဖက်ရည်ဆိုင်ထဲအထိ ဝင်ထိုးသွားတာ။ ဝင်ထိုးတဲ့သူကတော့ ထွက်ပြေးသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ဓါးနဲ့အထိုးခံရသူ အကွက်မှူးဟာ မန္တလေးဆေးရုံကြီးမှာ အရေးပေါ်ကုသမှူ ခံယူနေရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ရပ်ကွက် အကွက်မှူး ဘာကြောင့် ဓါးနဲ့အထိုးခံရတယ်ဆိုတာတော့ မသိရသေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဝင်တွေဟာ စစ်မှုထမ်းကြေး ကောက်ခံတာ၊ စစ်မှုထမ်းရှောင်သူတွေဆီကနေ လာဘ်ငွေရယူတာ၊ အိမ်ခြံမြေအရောင်းအဝယ်လုပ်သူတွေဆီကနေ ငွေရတာ၊ ဧည့်စာရင်းကြေးကောက်ခံတာ စတဲ့ လုပ်ငန်းတွေကနေ ငွေပြေးအများအပြား ရရှိနေပြီး စစ်အုပ်စုနဲ့ပေါင်းကာ ပေါ်တာဆွဲတဲ့အလုပ်တွေမှာပါ ပံ့ပိုးနေကြတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

Facebook