Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမှာ ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ ပကဖ ရဲဘော်တစ်ဦး ပိုးထိပြီး ရေထဲမျောပါ ကျဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးဟာ ပိုးထိတာကို မသိဘဲ ကယ်ဆယ်ရေးလုပ်နေစဉ်မှာ ရေစီးထဲမျောပါ ကျဆုံးခဲ့ရကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့−ပကဖရဲ့ တာဝန်ရှိသူက ပြောပါတယ်။

(ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့−ပကဖ ရဲဘော်တွေ ရေဘေးကယ်ဆယ်ရေး လုပ်နေစဉ်၊ ဓာတ်ပုံ − ပကဖ၊ ရွှေဘိုမြို့နယ်၊ NUG)

သြဂုတ် ၁၂၊ ၂၀၂၆။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးဟာ ပိုးထိတာကို မသိဘဲ ကယ်ဆယ်ရေးလုပ်နေစဉ်မှာ ရေစီးထဲမျောပါ ကျဆုံးခဲ့ရကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့−ပကဖရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သြဂုတ် ၁၀ရက်က ရွှေဘိုမြိုနယ်အနောက်ခြမ်းက ရေဘေးသင့်ဒေသတစ်ခုမှာ ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ ရဲဘော်တစ်ဦး ရေထဲမျောပါသွားခဲ့ကြောင်း၊ နောက်တရက်မှာ ရဲဘော်ကို သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့​ပြီး ၎င်းရဲ့ခန္ဓာကိုယ်မှာ ပိုးထိထားတဲ့ဒဏ်ရာ တွေ့ရှိခဲ့ရကြောင်း ရွှေဘိုပကဖအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ပိုးထိတာ မသိတာ။ ကယ်ဆယ်ရေးလုပ်ရင်း ရေစီးသန်တဲ့နေရာ ဖြတ်မှ မျောသွားတာ။ Db(Dead Body ရုပ်အလောင်း)ရတဲ့အချိန်မှ ပိုးထိထားမှန်း သိရတာပါ။ ၂၄နာရီအတွင်း ပြန်တွေ့ရပါတယ်။ တစ်ညတော့ ကြာသွားတယ်”လို့ ရွှေဘိုပကဖအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျဆုံးရဲဘော်ရဲ့ အသက်နဲ့ နာမည်ကိုတော့ လုံခြုံရေးအရ ဖြေကြားလို့မရဘူးလို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။

ရေဘေးသင့်ဒေသတွေမှာ မြွေပွေးပေါများတဲ့အတွက် မြွေဆိပ်ဖြေဆေးတွေလည်း အရေးပေါ်လိုအပ်နေကြောင်း ကယ်ဆယ်ရေးရဲဘော်တွေက ပြောပါတယ်။

ရွှေဘိုမြို့က အာဏာသိမ်းစစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့ဟာ ရေဘေးသွားလှူ​သူတွေကို နေအိမ်ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်ပြီး ရေဘေးအလှူ ပိတ်ပင်တားမြစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုမြို့နယ်က ကြောင်ရှာတောကျေးရွာ၊ ရေကြည်ဝကျေးရွာ၊ ထူးကြီးကျေးရွာ၊ တည်ပင်ကျေးရွာ၊ သန်းတောကျေးရွာ၊ သံပုရာခြံကျေးရွာ၊ မအူပင်ကျေးရွာ၊ ရုံးတောကျေးရွာ၊ ညောင်ကိုင်းကျေးရွာ၊ ညောင်ပင်လှကျေးရွာ၊ သောင်ထွဠ်ကိုင်းကျေးရွာ၊ ကူတိုးဆိပ်ကျေးရွာ၊ ရေတော်မူကျေးရွာ၊ ဝန်းစည်ကျေးရွာ၊ သပွတ္တောကျေးရွာ၊ မင်းပေးကျေးရွာ၊ တညင်းကုန်းကျေးရွာ စတဲ့ ကျေးရွာ (၁၇)ရွာ ရေဘေးဒုက္ခ ကြုံနေရပြီး အိမ်ထောင်စုပေါင်း(၄၇၇၈)စု လူဦးရေစုစုပေါင်း(၁၉၅၉၃)ဦး ရေဘေးအန္တရာယ်တွေ့ကြုံခံစားနေရတယ်လို့ ရွှေဘိုပကဖက ထုတ်ပြန်ပါတယ်။

တော်လှန်ရေး ရဲဘော်​တွေဟာ ပြည်သူတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးတာ၊ ရိက္ခာထမင်းထုပ်တွေဝေတာတွေ ပြုလုပ်ပေးခဲ့ပါတယ်။

နိုင်ငံအထက်ပိုင်းဒေသတွေမှာ နေ့စဥ် ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ ဆည်ရေတွေ

ဖောက်ထုတ်တာတွေကြောင့် ရေကြီးရေလျှံကာ စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းတို့က မြို့နယ်ပေါင်း ၁၇ ခုမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေပြီး လူဦးရေ ၄၄၁,၇၈၈ ဦးခန့် ရေဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးမှုတွေကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ စိုးရိမ်တကြီး စျေးဝယ် စုဆောင်းမှုတွေ ဖြစ်လာပြီး စျေးဝယ်စင်တာတွေ၊ ကုန်စုံဆိုင်တွေမှာ ကုန်ပစ္စည်းတချို့ ပြတ်လပ်ကုန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ရေကြီးမှုတွေ အခြေအနေ ဆိုးလာတာကြောင့် ခရိုင် ၅၀ စလုံးကို အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် အရှေ့ပိုင်း ဧရိယာတွေမှာ ရေကြီးမှုတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

Facebook