Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမှာ ရေဘေးသင့်ကိုယ်ဝန်ဆောင်ကို တော်လှန်ရေးရဲဘော်တွေ လှေနဲ့ကယ်ထုတ်ပြီး မွေးဖွားပေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရေဘေးသင့်ဒေသက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို တော်လှန်ရေးရဲဘော်တွေက လှေနဲ့ကယ်ထုတ်ပြီး ကလေးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပါတယ်။

(ကိုယ်ဝန်ဆောင်အမျိုးသမီးအား ရဲဘော်​တွေက ခေါ်ထုတ်လာစဥ်။ ဓာတ်ပုံံ-ပကဖအသံ)

သြဂုတ် ၁၂၊ ၂၀၂၆။ People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရေဘေးသင့်ဒေသက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို တော်လှန်ရေးရဲဘော်တွေက လှေနဲ့ကယ်ထုတ်ပြီး ကလေးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပါတယ်။

သြဂုတ် ၉ ရက်က ရွှေဘိုမြို့နယ်၊ ရေဘေးသင့်ဒေသတစ်ခုက ကိုယ်ဝန်ဆောင်အမျိုးသမီးကို စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရရဲ့ ရွှေဘိုမြို့နယ် ပအဖ အဖွဲ့ဝင်တွေနဲ့၊ လူသားစာနာတာဝန်ခံတို့က လှေနဲ့ကယ်ထုတ်ကာ ကလေးမွေးဖွားပေးပြီး လှည်းနဲ့ ဘေးလွတ်ရာ နေရာကို ပို့ပေးနိုင်ခဲ့တယ်လို့ ပကဖအသံက ဖော်ပြပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ ရွှေဘို ပအဖ အဖွဲ့ဝင်တွေ၊ လူသားစာနာတာဝန်ခံတို့အနေနဲ့ နောက်ထပ် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ကယ်တင်ဖို့ကြိုးစားနေကြသလို အခြားမြို့နယ်တွေမှာလည်း လူသားစာနာ‌‌ကူညီမှုတွေ ကြိုးစားဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့က အာဏာသိမ်းစစ်တပ်ရဲ့ ရဲတပ်ဖွဲ့ဟာ ရေဘေးသွားလှူ​မယ့်သူတွေကို နေအိမ်ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်ပြီး ရေဘေးအလှူကို တားမြစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုမြို့နယ်က ကြောင်ရှာတောကျေးရွာ၊ ရေကြည်ဝကျေးရွာ၊ ထူးကြီးကျေးရွာ၊ တည်ပင်ကျေးရွာ၊ သန်းတောကျေးရွာ၊ သံပုရာခြံကျေးရွာ၊ မအူပင်ကျေးရွာ၊ ရုံးတောကျေးရွာ၊ ညောင်ကိုင်းကျေးရွာ၊ ညောင်ပင်လှကျေးရွာ၊ သောင်ထွဠ်ကိုင်းကျေးရွာ၊ ကူတိုးဆိပ်ကျေးရွာ၊ ရေတော်မူကျေးရွာ၊ ဝန်းစည်ကျေးရွာ၊ သပွတ္တောကျေးရွာ၊ မင်းပေးကျေးရွာ၊ တညင်းကုန်းကျေးရွာ စတဲ့ ကျေးရွာ (၁၇)ရွာ ရေဘေးဒုက္ခ ကြုံနေရပြီး အိမ်ထောင်စုပေါင်း(၄၇၇၈)စုလူဦးရေစုစုပေါင်း(၁၉၅၉၃)ဦး ရေဘေးအန္တရာယ်တွေ့ကြုံခံစားနေရတယ်လို့ ရွှေဘိုပကဖက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးမှုတွေကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ စိုးရိမ်တကြီး စျေးဝယ် စုဆောင်းမှုတွေ ဖြစ်လာပြီး စျေးဝယ်စင်တာတွေ၊ ကုန်စုံဆိုင်တွေမှာ ကုန်ပစ္စည်းတချို့ ပြတ်လပ်ကုန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ရေကြီးမှုတွေ အခြေအနေ ဆိုးလာတာကြောင့် ခရိုင် ၅၀ စလုံးကို အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် အရှေ့ပိုင်း ဧရိယာတွေမှာ ရေကြီးမှုတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

Facebook